Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, May 6, 2018

ေၾကာက္စရာ ဘုန္းႀကီး ဆီကေတာင္ရေအာင္လိမ္ခ်င္တ့ဲအမွဳႀကီး

ဘုန္းဘုန္းကို၉၃ သိန္းအိမ္မက္ ၁သိန္းေပးျပီးမက္ခဲ႕ေတာ့မလိုပါလား ဒကာေတာ္ရယ္ ဒါေပမယ့္ ဘုန္းဘုန္းမညံ႔ေသးပါဘူးကြယ္

ဒီေန႕ 9/3/2018 မနက္ မိုးညွင္းျမိဳ႕နယ္သံနာယကဥကၠဌဆရာေတာ္ထံသို့ုျမိဳ႕မ အုပ္ခ်ဳပ္ေရးမွဴး ဦးဝင္းနိင္စိုးထံမွတစ္ဆင့္ဖုန္းတစ္လံုးဝင္လာပါတယ္ph no(09444074468 )

လူလိမ္= ”ဘုန္းဘုန္း တပည့္ေတာ္က ေနျပည္ေတာ္တိုင္းေဒသႀကီးက ေဒါက္တာ(—–‘လိုင္းမျကည္၍နာမည္မသိလိုက္’-)ပါဘုရား

တပည့္ေတာ္တို့ကခ်င္ျပည္နယ္ ဘုရားဖူးလာတာ မနက္ဖန္ အရွင္ဘုရားေက်ာင္းမွာ ေန႕ဆြမ္းကပ္ခ်င္လို့ပါဘုရား တပည့္ေတာ္ရဲ႕အေမသီရိသုဓမၼာ ေဒၚျမင့္ျမင့္ရီရဲ႕ ၉၃ နွစ္ျပည့္ေမြးေန႕အမွတ္တရ အရွင္ဘုရားေက်ာင္းမွာ လိုအပ္တဲ႕ေနရာသံုးနိုင္ရန္အတြက္ ၉၃ သိန္းလွဴပါမယ္ဘုရား”ဆိုျပီး ph ဆက္ေလ်ာက္တယ္

ဘုန္းဘုန္း= ”အခုဒကာေတာ္တို့အဖြဲ႕ ဘယ္ေရာက္ပီလည္း?

ph ဆက္သူ = တပည့္ေတာ္တို့အခု စစ္ကိုင္း တိုင္းထဲမွာပါဘုရား
ဆိုျပီး ph ခ်သြားပါတယ္

ရိုးသားလွတဲ႕ ဆရာေတာ္ဘုရားလည္း မိမိရဲ႕ရပ္ကြက္ဆြမ္းခ်က္အဖြဲ႕ကို ဆြမ္းခ်က္ဖို့ရန္အလို့ငွာ ဆြမ္းစရိတ္ ငါးသိန္းထုတ္ေပးကာ မနက္ဖန္အတြက္ဆြမ္းခ်က္ရန္ ေပးအပ္ခဲ႕သည္။

ထို့ေနာက္ ေနာက္တႀကိမ္ ဖုန္းျပန္ဝင္လာျပန္ပါတယ္

ph ဆက္သူ = “ဆရာေတာ္ဘုရားတပည့္ေတာ္ မိုးေကာင္းေက်ာ္ခဲ႕ပါျပီဘုရားတဲ႔ ခဏက ထိုသူသည္ စစ္ကိုင္းေရာက္ေနပီဟုေျပာ) အခုလမ္းမွာကားတစ္စီး ဘီးေပါက္ေနလို့ ပိုက္ဆံက တပည့္ေတာ္ထံပါခဲ႕တာ ခုwave money နဲ႕ ေငြ တစ္သိန္းလြဲေပးပါအုန္းဘုရားတဲ႕

ခဏစဥ္းစားျပီး ဆရာေတာ္က ခဏက ဒကာေတာ္ေျပာေတာ့ ခုစစ္ကိုင္းမွာဆို ဘယ္လိုလုပ္မိုးညွင္းေက်ာ္သြားတာတုန္းဆိုေတာ့” ထိုသူက ျပာယာခတ္ေသာေလသံျဖင့္ “မဟုတ္ပါဘူးတပည့္ေတာ္ မွားလို့ ခု မိုးညွင္းျမိဳ႕နယ္ထဲဝင္ခဲ႕ပါျပီဘုရား”

ဆရာေတာ္ “ခဏကဒကာေတာ္ဆက္တဲ႕ အုပ္ခ်ဳပ္ေရးမွဴးထံဖုန္းဆက္ေျပာလိုက္ပါ ဘုန္းဘုန္းဘာမွမၾကားလို့ပါ”ဆိုျပီး ph ခ် လိုက္ပါတယ္ (ထိုသူ ျမိဳ႕မအုပ္ခ်ဳပ္ေရးမွဴးထံဆက္ေျပာတာက “ဆရာေတာ္ ထံေငြလြဲမလို့ပါတဲ႕ ဆရာေတာ္နားၾကားမွားတာပါတဲ႕”)ဟု ေျပာျပီး ဖုန္းခ်လိုက္ပါေတာ့တယ္

ဆက္လက္ေခၚဆိုေတာ့လည္း “ဖုန္းပိတ္ထားပါေတာ့တယ္ေက်ာ္ထူးေရ ငါ့မွာ ၉၃ သိန္းလာလွဴရင္ေတာ့ လိုအပ္ေနတဲ႕ဆြမ္းခ်က္ေဆာင္ေလး ေဆာက္မလို့ပါတဲ႕ ေနာက္မွ ငါမွာအလိမ္ခံရေတာ့မလို့ ေမာင္ေက်ာ္ထူးေရ ”ဆိုျပီး ျပံဳးျပံဳးႀကီးနဲ႕ ရီရီေမာေမာ ထီးလင္းေက်ာင္းအထိၾကြေရာက္လာကာ ထီးလင္းဆရာေတာ္ရဲ႕က်န္းမာေရး ေဝယ်ာဝိစၥျပဳေနတဲ႕ ေမာင္ေက်ာ္ထူးနဲ႕ ထီးလင္းဆရာေတာ္ထံ အားရပါးရရင္ဖြင့္ပါေတာ့တယ္ခင္ဗ်ာ

10/3/2018 ေန့ဆြမ္းသာ ဆရာေတာ္မ်ား ဘုန္းေပးေနျကတယ္ထိုသူသည္ေရာက္မလာခဲ႕ပါလား

-သတၱိရွင္ထိုလိမ္ေသာသူသည္။
ေနာက္ဆက္တြဲ ျကားသိရသေလာက္ ဆရာေတာ္ရဲ႕ph no ကို ျမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ရံုးထံ ph ဆက္ျပီး စစမ္းခဲ႕ေၾကာင့္သိရွိရပါသည္။ ျမိဳ႕မ အုပ္ခ်ဳပ္ေရးမွဴးလည္း ထိုသူက ဖုန္းေဘးဝယ္ရန္ဆိုင္မရွိသျဖင့္ မိုးညွင္းကေန ၎ နံပတ္ကို ဖုန္းေဘ ၁၀၀၀၀ ျဖည့္ေပးလိုက္ရေသးသည္ဟုလည္း ဆရာေတာ္ ေျပာၾကားခ်က္အရ သိရွိရပါသည္။

မိုးညွင္းၿမိဳ႕နယ္ သံဃနာယက ဥကၠ႒ ဆရာေတာ္ရဲ႕မိန္းၾကားေျပာၾကားခ်က္မ်ားကို ေရးသားထားျခင္းျဖစ္ပါသည္။

ဒီလိုလူေတြသတိထားပါေတာ့ မိုးညွင္းျမိဳ႕ႀကီးေရ

#Unicode Version#
ဘုန်းဘုန်းကို၉၃ သိန်းအိမ်မက် ၁သိန်းပေးပြီးမက်ခဲ့တော့မလိုပါလား ဒကာတော်ရယ် ဒါပေမယ့် ဘုန်းဘုန်းမညံ့သေးပါဘူးကွယ်

ဒီနေ့ 9/3/2018 မနက် မိုးညှင်းမြို့နယ်သံနာယကဥက္ကဌဆရာတော်ထံသို့မြို့မ အုပ်ချုပ်ရေးမှူး ဦးဝင်းနိင်စိုးထံမှတစ်ဆင့်ဖုန်းတစ်လုံးဝင်လာပါတယ်ph no(09444074468 )

လူလိမ်= ”ဘုန်းဘုန်း တပည့်တော်က နေပြည်တော်တိုင်းဒေသကြီးက ဒေါက်တာ(—–‘လိုင်းမကြည်၍နာမည်မသိလိုက်’-)ပါဘုရား

တပည့်တော်တို့ကချင်ပြည်နယ် ဘုရားဖူးလာတာ မနက်ဖန် အရှင်ဘုရားကျောင်းမှာ နေ့ဆွမ်းကပ်ချင်လို့ပါဘုရား တပည့်တော်ရဲ့အမေသီရိသုဓမ္မာ ဒေါ်မြင့်မြင့်ရီရဲ့ ၉၃ နှစ်ပြည့်မွေးနေ့အမှတ်တရ အရှင်ဘုရားကျောင်းမှာ လိုအပ်တဲ့နေရာသုံးနိုင်ရန်အတွက် ၉၃ သိန်းလှူပါမယ်ဘုရား”ဆိုပြီး ph ဆက်လျောက်တယ်

ဘုန်းဘုန်း= ”အခုဒကာတော်တို့အဖွဲ့ ဘယ်ရောက်ပီလည်း?

ph ဆက်သူ = တပည့်တော်တို့အခု စစ်ကိုင်း တိုင်းထဲမှာပါဘုရား
ဆိုပြီး ph ချသွားပါတယ်

ရိုးသားလှတဲ့ ဆရာတော်ဘုရားလည်း မိမိရဲ့ရပ်ကွက်ဆွမ်းချက်အဖွဲ့ကို ဆွမ်းချက်ဖို့ရန်အလို့ငှာ ဆွမ်းစရိတ် ငါးသိန်းထုတ်ပေးကာ မနက်ဖန်အတွက်ဆွမ်းချက်ရန် ပေးအပ်ခဲ့သည်။

ထို့နောက် နောက်တကြိမ် ဖုန်းပြန်ဝင်လာပြန်ပါတယ်

ph ဆက်သူ = “ဆရာတော်ဘုရားတပည့်တော် မိုးကောင်းကျော်ခဲ့ပါပြီဘုရားတဲ့ ခဏက ထိုသူသည် စစ်ကိုင်းရောက်နေပီဟုပြော) အခုလမ်းမှာကားတစ်စီး ဘီးပေါက်နေလို့ ပိုက်ဆံက တပည့်တော်ထံပါခဲ့တာ ခုwave money နဲ့ ငွေ တစ်သိန်းလွဲပေးပါအုန်းဘုရားတဲ့

ခဏစဉ်းစားပြီး ဆရာတော်က ခဏက ဒကာတော်ပြောတော့ ခုစစ်ကိုင်းမှာဆို ဘယ်လိုလုပ်မိုးညှင်းကျော်သွားတာတုန်းဆိုတော့” ထိုသူက ပြာယာခတ်သောလေသံဖြင့် “မဟုတ်ပါဘူးတပည့်တော် မှားလို့ ခု မိုးညှင်းမြို့နယ်ထဲဝင်ခဲ့ပါပြီဘုရား”

ဆရာတော် “ခဏကဒကာတော်ဆက်တဲ့ အုပ်ချုပ်ရေးမှူးထံဖုန်းဆက်ပြောလိုက်ပါ ဘုန်းဘုန်းဘာမှမကြားလို့ပါ”ဆိုပြီး ph ချ လိုက်ပါတယ် (ထိုသူ မြို့မအုပ်ချုပ်ရေးမှူးထံဆက်ပြောတာက “ဆရာတော် ထံငွေလွဲမလို့ပါတဲ့ ဆရာတော်နားကြားမှားတာပါတဲ့”)ဟု ပြောပြီး ဖုန်းချလိုက်ပါတော့တယ်

ဆက်လက်ခေါ်ဆိုတော့လည်း “ဖုန်းပိတ်ထားပါတော့တယ်ကျော်ထူးရေ ငါ့မှာ ၉၃ သိန်းလာလှူရင်တော့ လိုအပ်နေတဲ့ဆွမ်းချက်ဆောင်လေး ဆောက်မလို့ပါတဲ့ နောက်မှ ငါမှာအလိမ်ခံရတော့မလို့ မောင်ကျော်ထူးရေ ”ဆိုပြီး ပြုံးပြုံးကြီးနဲ့ ရီရီမောမော ထီးလင်းကျောင်းအထိကြွရောက်လာကာ ထီးလင်းဆရာတော်ရဲ့ကျန်းမာရေး ဝေယျာဝိစ္စပြုနေတဲ့ မောင်ကျော်ထူးနဲ့ ထီးလင်းဆရာတော်ထံ အားရပါးရရင်ဖွင့်ပါတော့တယ်ခင်ဗျာ

10/3/2018 နေ့ဆွမ်းသာ ဆရာတော်များ ဘုန်းပေးနေကြတယ်ထိုသူသည်ရောက်မလာခဲ့ပါလား

-သတ္တိရှင်ထိုလိမ်သောသူသည်။
နောက်ဆက်တွဲ ကြားသိရသလောက် ဆရာတော်ရဲ့ph no ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးထံ ph ဆက်ပြီး စစမ်းခဲ့ကြောင့်သိရှိရပါသည်။ မြို့မ အုပ်ချုပ်ရေးမှူးလည်း ထိုသူက ဖုန်းဘေးဝယ်ရန်ဆိုင်မရှိသဖြင့် မိုးညှင်းကနေ ၎င်း နံပတ်ကို ဖုန်းဘေ ၁၀၀၀၀ ဖြည့်ပေးလိုက်ရသေးသည်ဟုလည်း ဆရာတော် ပြောကြားချက်အရ သိရှိရပါသည်။

မိုးညှင်းမြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ရဲ့မိန်းကြားပြောကြားချက်များကို ရေးသားထားခြင်းဖြစ်ပါသည်။

ဒီလိုလူတွေသတိထားပါတော့ မိုးညှင်းမြို့ကြီးရေ

No comments:

Post a Comment