Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 16, 2018

ရည္းစားစကားေျပာျခင္းကို လက္မခံသျဖင့္ မိန္းကေလးကို ဓားျဖင့္ထိုးသတ္မႈ မႏၱေလးတြင္ျဖစ္ပြား

မႏၲေလးၿမိဳ႕ ၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ခ်မ္းျမသာယာရပ္ကြက္ (၇၈) လမ္းနွင့္ ျမဝတီမင္းႀကီးလမ္းေထာင့္ရွိ ေဆာက္လုပ္ေရးလိုင္းခန္းအနီးတြင္ ေမ
၁၅ ရက္ ည ၇ နာရီခြဲအခ်ိန္ခန္႔က အမ်ဳိးသမီးတဦး ဓားျဖင့္ အခ်က္ေပါင္း
မ်ားစြာထိုးသတ္ခံရမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ေသဆံုးသူအမ်ိဳးသမီးမွာ မသန္းေအးၾကည္ အသက္(၃၀) မန္က်ည္းကန္႐ြာ ျမင္းမႈၿမိဳ႕နယ္ေနသူျဖစ္ၿပီ ၎အလုပ္ လုပ္သည့္ ေဆာက္လုပ္ေရးလိုင္းခန္း
အနီးရွိေနစဥ္ မသန္းေအးၾကည္အား ခ်စ္ႀကိဳက္ေနသူ မ်ိဳးနိုင္ဝင္းေရာက္လာၿပီး ခ်စ္ႀကိဳက္စကားထပ္မံေျပာဆိုေနသျဖင့္ လက္မခံနိုင္ေၾကာင္းျငင္းဆိုရာ
မ်ိဳးနိုင္ဝင္းမွ အသင့္ပါလာေသာ ဓားျဖင့္ မသန္းေအးၾကည္အားထိုးရာ ရင္ဘတ္ထိုးသြင္းဒဏ္ရာ(၄)ခ်က္၊ ဝမ္းဗိုက္ထိုးသြင္းဒဏ္ရာ(၁)ခ်က္၊ ယာ
ဝမ္းဗိုက္ေဘး ထိုးသြင္ဒဏ္ရာ(၁)ခ်က္၊ လည္ပင္းထိုးသြင္းဒဏ္ရာ(၁)ခ်က္၊ ဝဲဘက္လက္ေမာင္း ျပတ္ရွဒဏ္ရာ(၁)ခ်က္၊ ယာလက္ေမာင္း ထိုးသြင္း
ဒဏ္ရာ(၂)ခ်က္၊ ဝဲပုခံုးထိုးသြင္းဒဏ္ရာ(၁)ခ်က္တို႔ရရွိခဲ့သည္။

အခင္းျဖစ္ပြားစဥ္ မသန္းေအးၾကည္၏ညီမ မျငိမ္းျငိမ္းျမင့္ (၂၈)ႏွစ္ ေဆာက္လုပ္ေရးစာေရးမက ၀င္ရာက္တာျမစ္ရာ မ်ဳိးႏိုင္၀င္မွရန္ျပဳတိုက္သျဖင့္ မျငိမ္းျငိမ္းျမင့္တြင္ ဦးေခါင္းထိပ္ျပတ္ရွဒဏ္ရာ၊ ဂုတ္ပိုးျပတ္ရွဒဏ္ရာ၊ ၀ဲပခံုးထိုးသြင္းဒဏ္ရာ(၄)ခ်က္၊ ၀ဲလက္ေမာင္းျပတ္ရွဒဏ္ရာ၊ ၀ဲလက္ေကာက္၀တ္ျပတ္ရွဒဏ္ရာႏွင့္၀ဲဘက္
လက္ညွိဳးလက္မျပတ္ရွဒဏ္ရာမ်ားရရွိသျဖင့္ ေဆးရံုသို႔တင္ပို႔ခဲ့ရၿပီး ဓားျဖင့္
ထုိးသူ မ်ဳိးႏိုင္၀င္းမွာ ထြက္ေျပးတိမ္းေရွာင္သြားခဲ့သည္။ မသန္းေအးၾကည္မွာ ရရွိသည့္ဒဏ္ရာမ်ားျဖင့္ ေနရာတြင္ပင္ ေသဆံုးသြားခဲ့သည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ မၿငိမ္းၿငိမ္းျမင့္က ျပည္ႀကီးတံခြန္ၿမိဳ႕မရဲစခန္းသို႔ တရားလိုျပဳလုပ္တိုင္တန္းခဲ့ရာ ရဲစခန္းမွ (ပ)၃၅၅/၂၀၁၈၊ ရာဇသတ္ႀကီး
ပုဒ္မ-၃၀၂/၃၂၆တို႔ျဖင့္ အမႈဖြင့္အေရးယူခဲ့ၿပီး ထြက္ေျပးတိမ္းေရွာင္
သြားသည့္ မ်ဳိးႏိုင္ဝင္းအား ၎ဇာတိျဖစ္ေသာ ျမင္းမူၿမိဳ႕နယ္ ေညာင္ရင္း
ေက်းရြာသို႔ လိုက္လံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
Credit: စိုင္းထူးခန္႔၊ ဦးရာဇ

# Unicode Version ျဖင့္ ဖတ္ပါ #
မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက် (၇၈) လမ်းနှင့် မြဝတီမင်းကြီးလမ်းထောင့်ရှိ ဆောက်လုပ်ရေးလိုင်းခန်းအနီးတွင် မေ
၁၅ ရက် ည ၇ နာရီခွဲအချိန်ခန့်က အမျိုးသမီးတဦး ဓားဖြင့် အချက်ပေါင်း
များစွာထိုးသတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူအမျိုးသမီးမှာ မသန်းအေးကြည် အသက်(၃၀) မန်ကျည်းကန်ရွာ မြင်းမှုမြို့နယ်နေသူဖြစ်ပြီ ၎င်းအလုပ် လုပ်သည့် ဆောက်လုပ်ရေးလိုင်းခန်း
အနီးရှိနေစဉ် မသန်းအေးကြည်အား ချစ်ကြိုက်နေသူ မျိုးနိုင်ဝင်းရောက်လာပြီး ချစ်ကြိုက်စကားထပ်မံပြောဆိုနေသဖြင့် လက်မခံနိုင်ကြောင်းငြင်းဆိုရာ
မျိုးနိုင်ဝင်းမှ အသင့်ပါလာသော ဓားဖြင့် မသန်းအေးကြည်အားထိုးရာ ရင်ဘတ်ထိုးသွင်းဒဏ်ရာ(၄)ချက်၊ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာ
ဝမ်းဗိုက်ဘေး ထိုးသွင်ဒဏ်ရာ(၁)ချက်၊ လည်ပင်းထိုးသွင်းဒဏ်ရာ(၁)ချက်၊ ဝဲဘက်လက်မောင်း ပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာလက်မောင်း ထိုးသွင်း
ဒဏ်ရာ(၂)ချက်၊ ဝဲပုခုံးထိုးသွင်းဒဏ်ရာ(၁)ချက်တို့ရရှိခဲ့သည်။

အခင်းဖြစ်ပွားစဉ် မသန်းအေးကြည်၏ညီမ မငြိမ်းငြိမ်းမြင့် (၂၈)နှစ် ဆောက်လုပ်ရေးစာရေးမက ဝင်ရာက်တာမြစ်ရာ မျိုးနိုင်ဝင်မှရန်ပြုတိုက်သဖြင့် မငြိမ်းငြိမ်းမြင့်တွင် ဦးခေါင်းထိပ်ပြတ်ရှဒဏ်ရာ၊ ဂုတ်ပိုးပြတ်ရှဒဏ်ရာ၊ ဝဲပခုံးထိုးသွင်းဒဏ်ရာ(၄)ချက်၊ ဝဲလက်မောင်းပြတ်ရှဒဏ်ရာ၊ ဝဲလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာနှင့်ဝဲဘက်
လက်ညှိုးလက်မပြတ်ရှဒဏ်ရာများရရှိသဖြင့် ဆေးရုံသို့တင်ပို့ခဲ့ရပြီး ဓားဖြင့်
ထိုးသူ မျိုးနိုင်ဝင်းမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ မသန်းအေးကြည်မှာ ရရှိသည့်ဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မငြိမ်းငြိမ်းမြင့်က ပြည်ကြီးတံခွန်မြို့မရဲစခန်းသို့ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ရဲစခန်းမှ (ပ)၃၅၅/၂၀၁၈၊ ရာဇသတ်ကြီး
ပုဒ်မ-၃၀၂/၃၂၆တို့ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး ထွက်ပြေးတိမ်းရှောင်
သွားသည့် မျိုးနိုင်ဝင်းအား ၎င်းဇာတိဖြစ်သော မြင်းမူမြို့နယ် ညောင်ရင်း
ကျေးရွာသို့ လိုက်လံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Credit: စိုင်းထူးခန့်၊ ဦးရာဇ

No comments:

Post a Comment