Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 23, 2018

သင့္အိမ္ထဲမွာ တေစၦရွိေနေၾကာင္းသက္ေသ ၁၀ ခ်က္ !


၁ ။ ။အိမ္ထဲမွာ ဘယ္သူမွမရွိပဲ ထူးဆန္းတဲ့ အသံေတြၾကားရတာမ်ိဳး ၊ တစ္ေယာက္ေယာက္အေပၚထပ္မွာလမ္းေလ်ာက္ေနတဲ့အသံမ်ိဳးၾကားရရင္ေတာ့ သင့္အိမ္မွာ တေစၦရွိေနတာေသခ်ာပါျပီ။ ထုိ႕အျပင္ မီးသတ္စနစ္အေကာင္းၾကီးက ထေအာ္တာမ်ိဳး ၊ တံခါးေခါက္သံေတြ ကုတ္ျခစ္သံေတြၾကားရရင္ေတာ့ သင့္အိမ္မွာ ေသခ်ာေပါက္ ဝိညာဥ္တစ္ေကာင္ေရာက္ေနပါျပီ။

၂။ ။မီးလံုးေတြ မီးေခ်ာင္းေတြ မိွတ္တုတ္ မွိတ္တုတ္ျဖစ္ျခင္း ၊ တီဗီေတြ ဝါးသြားျခင္း ဒါမွမဟုတ္ ခ်န္နယ္ေတြအလိုအေလ်ာက္ေျပာင္းေနျခင္း တုိ႕ကေတာ့ တေစၦရွိႏုိင္တဲ့အရိပ္အေယာင္ေတြပါပဲ။
တကယ္လုိ႕မီးလံုးေတြ ပိတ္လုိက္ဖြင့္လိုက္ဖြင့္ေနတာမ်ိဳးျဖစ္ေနရင္ေတာ့ တေစၦႏွိမ္နင္းသူ ဒါမွမဟုတ္ လ်ပ္စစ္ကြ်မ္းက်င္သူတစ္ေယာက္ေခၚသင့္ေနပါျပီ။

၃။ ။ တစ္ခါတစ္ေလ လူပံုလုိလို သတၱဝါပံုလုိလုိအရိပ္မ်ိဳးေတြ မ်က္စိေထာင့္ကေနျမင္ဖူးတာမ်ိဳးရွိလားမသိဘူး။
ျဖတ္ခနဲလႈပ္ရွားသြားတဲ့အရိပ္ေတြကို သင္တစ္ေယာက္ထဲျမင္ေနရရင္ေတာ့ တေစၦတစ္ေကာင္ရွိႏုိင္တာျဖစ္ႏုိင္သလို မ်က္စိေဆးခန္းသြားဖုိ႕လိုေနတာလည္းျဖစ္ႏုိင္ပါတယ္။
သင္နဲ႕သင့္တစ္မိသားစုလံုး အရိပ္ေတြကုိျမင္ေနရျပီးဆိုရင္ေတာ့ အိမ္ထဲမွာ တေစၦတစ္ေကာင္ရွိေနပါျပီ။

၄။ ။အိမ္ထဲမွာေအးစက္တဲ့ေနရာမ်ိဳးေတြရွိဖူးလား။အဲကြန္းတပ္ထားတာမ်ိဳးမဟုတ္ပဲ အဲ့ဒီေနရာေရာက္သြားရင္ အရမ္းေအးသြားျပီးေတာ့ ေက်ာခ်မ္းသြားရတာမ်ိဳးၾကံဳဖူးလား။
အိမ္ထဲမွာ အဲ့ဒီလိုေနရာမ်ိဳးရွိေနရင္ေတာ့ သင့္မွာ မျမင္ရတဲ့အေဖာ္တစ္ေယာက္ရွိေနျပီလို႕ မွတ္ယူလုိ႕ရပါျပီ။

၅။ ။အခန္းထဲမွာ ပစၥည္းေတြေပ်ာက္သြားတာမ်ိဳးေပါ့။ကိုယ္ထားခဲ့တဲ့ေနရာမွာ အဲ့ဒီပစၥည္းကမရွိေတာ့တာမ်ိဳး။
သင္ဟာ အရမ္းေမ့တတ္တဲ့သူတစ္ေယာက္ျဖစ္တာေၾကာင့္ ျဖစ္ႏုိင္သလို သင့္မိသားစုဝင္တစ္ေယာက္ေယာက္က ဒီပစၥည္းကိုယူသြားတာမ်ိဳးလည္းျဖစ္ႏိုင္ပါတယ္ဆိုေပမယ့္ သင္ထားခဲ့တဲ့ပစၥည္းေတြကိုေနရာေရြ႕သြားတဲ့သူဟာ မျမင္ရတဲ့တစ္ေယာက္ျဖစ္ႏုိင္တာကိုလည္းထည့္စဥ္းစားသင့္ပါတယ္။
တခ်ိဳ႕တေစၦေတြဟာ လူေတြကို အႏၱရာယ္ျပဳခ်င္တာမ်ိဳးမဟုတ္ပဲ ပစၥည္းေတြကုိေနရာေရြ႕ျပီးေနာက္ေျပာင္တာမ်ိဳးေတြျပဳလုပ္ေလ့ရွိတယ္။

၆။ ။သရဲကားေတြမွာပါသလိုတံခါးေတြ အလိုအေလ်ာက္ဖြင့္လိုက္ပိတ္လိုက္ျဖစ္ေနတာမ်ိဳးၾကံဳရျပီဆုိရင္ေတာ့ သင္တေစၦအေျခာက္ခံေနရတာေသခ်ာပါျပီ။
ထုိ႕အျပင္ တံခါးက ပိတ္ေနေပမယ့္ တံခါးဖြင့္တဲ့အသံထြက္ေပၚလာတာမ်ိဳး ၊ သင္မီးဖုိေခ်ာင္ထဲဝင္ျပီး ျပန္ထြက္လာခဲ့တဲ့အခ်ိန္မွာ မီးဖုိေခ်ာင္ထဲက ဗီရိုတံခါးေတြပြင့္ေနတာျမင္ရျပီဆိုရင္ေတာ့ သင့္အိမ္မွာ သင့္ကို ေျခာက္လွန္႕ခ်င္ေနတဲ့ တစ္ခုခုရွိေနျပီလုိ႕ေတြးလုိ႕ရပါတယ္။

၇။ ။သင္ေမြးထားတဲ့ အိမ္ေမြးတိရိစၦာန္ေလးေတြထူးထူးဆန္းဆန္းျပဳမူေနတာမ်ိဳးျမင္ဖူးလား။
ဥပမာ မုန္တုိင္းတစ္ခုလာျပီဆုိရင္ သတၱဝါေတြဟာ တစ္ေနရာမွာပုန္းျပီးေတာ့ ေဟာင္ေနတတ္ၾကတယ္ေလ။
တကယ္လုိ႕ဘာမုန္တုိင္းမွမရွိပဲ သူတုိ႕ေတြ တစ္ေနရာကုိစိုက္ၾကည့္ျပီးေတာ့ ထုိးေဟာင္ေနျပီဆုိရင္ေတာ့ သင္မျမင္ႏုိင္တဲ့အရာတစ္ခု သူတို႕ေရွ႕မွာရွိေနတာေသခ်ာပါျပီ။
သင့္ေခြးက အခန္းလြတ္တစ္ခန္းကို ထုိးေဟာင္ျပီးေတာ့ အဲ့ဒီေနရာက ရုတ္တရက္ထြက္ေျပးသြားတာမ်ိဳးၾကံဳရျပီဆုိရင္ေတာ့ သင္ေပါ့ေပါ့ဆဆမေနသင့္ေတာ့ဘူးဆိုတာ သေဘာေပါက္လုိက္ပါ။

၈။ ။လူၾကားထဲမွာထုိင္ေနတဲ့အခါမွာ တစ္ေယာက္ေယာက္ကုိယ့္ကုိစိုက္ၾကည့္ေနသလိုမ်ိဳးခံစားရတာကေတာ့ မထူးဆန္းပါဘူး။
ဒါေပမယ့္ အိမ္မွာတစ္ေယာက္ထဲေနေနတုန္း တစ္ေယာက္ေယာက္စိုက္ၾကည္ေနသလိုခံစားေနရျပီဆုိရင္ေတာ့ သင့္မွာ ျပႆနာရွိေနတာေသခ်ာပါျပီ။
မၾကာခနဆိုသလုိအခုလိုခံစားေနရျပီဆုိရင္ေတာ့ သင္ဒီျပႆနာကုိအေလးအနက္ထားျပီးေျဖရွင္းသင့္ပါျပီ။

၉။ ။တစ္ေယာက္ထဲအိမ္မွာေနေနတုန္း တိုးတိုးေလးေျပာေနတဲ့အသံေလးတစ္ခုၾကားရတာမ်ိဳး ၊ ဒါမွမဟုတ္ ငိုသံမ်ိဳးၾကားရတာမ်ိဳးေတြဟာ သင့္ကုိ တေစၦတစ္ေကာင္ေကာင္က တစ္ခုခုေျပာဖုိ႕ၾကိဳးစားေနတဲ့အရိပ္အေယာင္ေတြပါပဲ။
မၾကာခနဆိုသလို ဒီလုိအသံေတြၾကားလာရျပီဆုိရင္ေတာ့ သင့္မိသားစုဝင္ေတြကုိ သင္တုိ႕ေရာၾကားရသလားဆုိတာကိုေမးျမန္းပါ။
တကယ္လုိ႕ သူတို႕လည္း ထူးဆန္းတဲ့အသံေတြကိုၾကားရတယ္ဆိုရင္ေတာ့ တေစၦႏွိမ္နင္းသူတစ္ေယာက္ကုိေခၚရင္ေခၚ ဒါမွမဟုတ္ အဲ့ဒီေနရာက အျမန္ေျပာင္းပါ။
ဘာေၾကာင့္လည္းဆိုေတာ့ ဒါဟာ ေကာင္းေသာဆက္သြယ္ျခင္းမ်ိဳးမျဖစ္ႏုိင္ဘူးမဟုတ္လား။

၁၀။ ။ေအးစက္တဲ့အထိအေတြ႕တစ္ခုက သင့္ကိုလာထိတာမ်ိဳး ဒါမွမဟုတ္ သင့္ကုိ တစ္ခုခုက ပုတ္လုိက္သလုိၾကံဳရတာမ်ိဳးခံစားရရင္ေတာ့ ဒီအေျခအေနကိုသင္ေသခ်ာကုိင္တြယ္မွျဖစ္လိမ့္မယ္။
ဘာေၾကာင့္လည္းဆိုေတာ့ ကိုယ့္ကိုလာရိက္တဲ့ အရာမ်ိဳးဟာ ဘယ္လုိနည္းနဲ႕မွမိတ္ေဆြဆန္တဲ့အရာမ်ိဳးမျဖစ္ႏုိင္ဘူး။
ဒီလိုၾကံဳရျပီဆုိရင္ေတာ့ တေစၦႏွိမ္နင္းသူကုိအျမန္ဆံုးေခၚျပီး သင့္အိမ္ကတေစၦကုိႏွင္ထုတ္ခိုင္းရပါလိမ့္မယ္။
မဟုတ္ရင္ေတာ့ ဘာေတြဆက္ျဖစ္လာမလဲဆုိတဲ့အက်ိဳးဆက္ကုိေတာ့ မၾကာခင္မွာသင္ကိုယ္တုိင္သိသြားရပါလိမ့္မယ္။
Min Thu (Daily Hot News)
# Unicode Version ျဖင့္ ဖတ္ပါ #
၁ ။ ။အိမ်ထဲမှာ ဘယ်သူမှမရှိပဲ ထူးဆန်းတဲ့ အသံတွေကြားရတာမျိုး ၊ တစ်ယောက်ယောက်အပေါ်ထပ်မှာလမ်းလျောက်နေတဲ့အသံမျိုးကြားရရင်တော့ သင့်အိမ်မှာ တစ္ဆေရှိနေတာသေချာပါပြီ။ ထို့အပြင် မီးသတ်စနစ်အကောင်းကြီးက ထအော်တာမျိုး ၊ တံခါးခေါက်သံတွေ ကုတ်ခြစ်သံတွေကြားရရင်တော့ သင့်အိမ်မှာ သေချာပေါက် ဝိညာဉ်တစ်ကောင်ရောက်နေပါပြီ။

၂။ ။မီးလုံးတွေ မီးချောင်းတွေ မှိတ်တုတ် မှိတ်တုတ်ဖြစ်ခြင်း ၊ တီဗီတွေ ဝါးသွားခြင်း ဒါမှမဟုတ် ချန်နယ်တွေအလိုအလျောက်ပြောင်းနေခြင်း တို့ကတော့ တစ္ဆေရှိနိုင်တဲ့အရိပ်အယောင်တွေပါပဲ။
တကယ်လို့မီးလုံးတွေ ပိတ်လိုက်ဖွင့်လိုက်ဖွင့်နေတာမျိုးဖြစ်နေရင်တော့ တစ္ဆေနှိမ်နင်းသူ ဒါမှမဟုတ် လျပ်စစ်ကျွမ်းကျင်သူတစ်ယောက်ခေါ်သင့်နေပါပြီ။

၃။ ။ တစ်ခါတစ်လေ လူပုံလိုလို သတ္တဝါပုံလိုလိုအရိပ်မျိုးတွေ မျက်စိထောင့်ကနေမြင်ဖူးတာမျိုးရှိလားမသိဘူး။
ဖြတ်ခနဲလှုပ်ရှားသွားတဲ့အရိပ်တွေကို သင်တစ်ယောက်ထဲမြင်နေရရင်တော့ တစ္ဆေတစ်ကောင်ရှိနိုင်တာဖြစ်နိုင်သလို မျက်စိဆေးခန်းသွားဖို့လိုနေတာလည်းဖြစ်နိုင်ပါတယ်။
သင်နဲ့သင့်တစ်မိသားစုလုံး အရိပ်တွေကိုမြင်နေရပြီးဆိုရင်တော့ အိမ်ထဲမှာ တစ္ဆေတစ်ကောင်ရှိနေပါပြီ။

၄။ ။အိမ်ထဲမှာအေးစက်တဲ့နေရာမျိုးတွေရှိဖူးလား။အဲကွန်းတပ်ထားတာမျိုးမဟုတ်ပဲ အဲ့ဒီနေရာရောက်သွားရင် အရမ်းအေးသွားပြီးတော့ ကျောချမ်းသွားရတာမျိုးကြုံဖူးလား။
အိမ်ထဲမှာ အဲ့ဒီလိုနေရာမျိုးရှိနေရင်တော့ သင့်မှာ မမြင်ရတဲ့အဖော်တစ်ယောက်ရှိနေပြီလို့ မှတ်ယူလို့ရပါပြီ။

၅။ ။အခန်းထဲမှာ ပစ္စည်းတွေပျောက်သွားတာမျိုးပေါ့။ကိုယ်ထားခဲ့တဲ့နေရာမှာ အဲ့ဒီပစ္စည်းကမရှိတော့တာမျိုး။
သင်ဟာ အရမ်းမေ့တတ်တဲ့သူတစ်ယောက်ဖြစ်တာကြောင့် ဖြစ်နိုင်သလို သင့်မိသားစုဝင်တစ်ယောက်ယောက်က ဒီပစ္စည်းကိုယူသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်ဆိုပေမယ့် သင်ထားခဲ့တဲ့ပစ္စည်းတွေကိုနေရာရွေ့သွားတဲ့သူဟာ မမြင်ရတဲ့တစ်ယောက်ဖြစ်နိုင်တာကိုလည်းထည့်စဉ်းစားသင့်ပါတယ်။
တချို့တစ္ဆေတွေဟာ လူတွေကို အန္တရာယ်ပြုချင်တာမျိုးမဟုတ်ပဲ ပစ္စည်းတွေကိုနေရာရွေ့ပြီးနောက်ပြောင်တာမျိုးတွေပြုလုပ်လေ့ရှိတယ်။

၆။ ။သရဲကားတွေမှာပါသလိုတံခါးတွေ အလိုအလျောက်ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေတာမျိုးကြုံရပြီဆိုရင်တော့ သင်တစ္ဆေအခြောက်ခံနေရတာသေချာပါပြီ။
ထို့အပြင် တံခါးက ပိတ်နေပေမယ့် တံခါးဖွင့်တဲ့အသံထွက်ပေါ်လာတာမျိုး ၊ သင်မီးဖိုချောင်ထဲဝင်ပြီး ပြန်ထွက်လာခဲ့တဲ့အချိန်မှာ မီးဖိုချောင်ထဲက ဗီရိုတံခါးတွေပွင့်နေတာမြင်ရပြီဆိုရင်တော့ သင့်အိမ်မှာ သင့်ကို ခြောက်လှန့်ချင်နေတဲ့ တစ်ခုခုရှိနေပြီလို့တွေးလို့ရပါတယ်။

၇။ ။သင်မွေးထားတဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေထူးထူးဆန်းဆန်းပြုမူနေတာမျိုးမြင်ဖူးလား။
ဥပမာ မုန်တိုင်းတစ်ခုလာပြီဆိုရင် သတ္တဝါတွေဟာ တစ်နေရာမှာပုန်းပြီးတော့ ဟောင်နေတတ်ကြတယ်လေ။
တကယ်လို့ဘာမုန်တိုင်းမှမရှိပဲ သူတို့တွေ တစ်နေရာကိုစိုက်ကြည့်ပြီးတော့ ထိုးဟောင်နေပြီဆိုရင်တော့ သင်မမြင်နိုင်တဲ့အရာတစ်ခု သူတို့ရှေ့မှာရှိနေတာသေချာပါပြီ။
သင့်ခွေးက အခန်းလွတ်တစ်ခန်းကို ထိုးဟောင်ပြီးတော့ အဲ့ဒီနေရာက ရုတ်တရက်ထွက်ပြေးသွားတာမျိုးကြုံရပြီဆိုရင်တော့ သင်ပေါ့ပေါ့ဆဆမနေသင့်တော့ဘူးဆိုတာ သဘောပေါက်လိုက်ပါ။

၈။ ။လူကြားထဲမှာထိုင်နေတဲ့အခါမှာ တစ်ယောက်ယောက်ကိုယ့်ကိုစိုက်ကြည့်နေသလိုမျိုးခံစားရတာကတော့ မထူးဆန်းပါဘူး။
ဒါပေမယ့် အိမ်မှာတစ်ယောက်ထဲနေနေတုန်း တစ်ယောက်ယောက်စိုက်ကြည်နေသလိုခံစားနေရပြီဆိုရင်တော့ သင့်မှာ ပြဿနာရှိနေတာသေချာပါပြီ။
မကြာခနဆိုသလိုအခုလိုခံစားနေရပြီဆိုရင်တော့ သင်ဒီပြဿနာကိုအလေးအနက်ထားပြီးဖြေရှင်းသင့်ပါပြီ။

၉။ ။တစ်ယောက်ထဲအိမ်မှာနေနေတုန်း တိုးတိုးလေးပြောနေတဲ့အသံလေးတစ်ခုကြားရတာမျိုး ၊ ဒါမှမဟုတ် ငိုသံမျိုးကြားရတာမျိုးတွေဟာ သင့်ကို တစ္ဆေတစ်ကောင်ကောင်က တစ်ခုခုပြောဖို့ကြိုးစားနေတဲ့အရိပ်အယောင်တွေပါပဲ။
မကြာခနဆိုသလို ဒီလိုအသံတွေကြားလာရပြီဆိုရင်တော့ သင့်မိသားစုဝင်တွေကို သင်တို့ရောကြားရသလားဆိုတာကိုမေးမြန်းပါ။
တကယ်လို့ သူတို့လည်း ထူးဆန်းတဲ့အသံတွေကိုကြားရတယ်ဆိုရင်တော့ တစ္ဆေနှိမ်နင်းသူတစ်ယောက်ကိုခေါ်ရင်ခေါ် ဒါမှမဟုတ် အဲ့ဒီနေရာက အမြန်ပြောင်းပါ။
ဘာကြောင့်လည်းဆိုတော့ ဒါဟာ ကောင်းသောဆက်သွယ်ခြင်းမျိုးမဖြစ်နိုင်ဘူးမဟုတ်လား။

၁၀။ ။အေးစက်တဲ့အထိအတွေ့တစ်ခုက သင့်ကိုလာထိတာမျိုး ဒါမှမဟုတ် သင့်ကို တစ်ခုခုက ပုတ်လိုက်သလိုကြုံရတာမျိုးခံစားရရင်တော့ ဒီအခြေအနေကိုသင်သေချာကိုင်တွယ်မှဖြစ်လိမ့်မယ်။
ဘာကြောင့်လည်းဆိုတော့ ကိုယ့်ကိုလာရိက်တဲ့ အရာမျိုးဟာ ဘယ်လိုနည်းနဲ့မှမိတ်ဆွေဆန်တဲ့အရာမျိုးမဖြစ်နိုင်ဘူး။
ဒီလိုကြုံရပြီဆိုရင်တော့ တစ္ဆေနှိမ်နင်းသူကိုအမြန်ဆုံးခေါ်ပြီး သင့်အိမ်ကတစ္ဆေကိုနှင်ထုတ်ခိုင်းရပါလိမ့်မယ်။
မဟုတ်ရင်တော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတဲ့အကျိုးဆက်ကိုတော့ မကြာခင်မှာသင်ကိုယ်တိုင်သိသွားရပါလိမ့်မယ်။
Min Thu (Daily Hot News)

No comments:

Post a Comment