Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 24, 2018

ကျောက်တော်မြို့နယ်တွင် အလယ်တန်းကျောင်းအုပ်က ဇနီးဖြစ်သူကို ဓါးနှင်ခုတ်သတ်မှု ဖြစ်ပွား


ကျောက်တော်မြို့နယ်တွင် အလယ်တန်းကျောင်းအုပ်က ဇနီးဖြစ်သူကို ဓါးနှင်ခုတ်သတ်မှု ဖြစ်ပွား
နိရဉ္စရာ၊ မေ ၂၄

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရွာမပြင်ကျေးရွာ အလယ်တန်းကျောင်း ကျောင်းအုပ် ဆရာကြီးသည် ဇနီးဖြစ်သူကို ဓါးဖြင့်ခုတ်သဖြင့် ဇနီးဖြစ်မှာ သေဆုံးသွားကြောင်း သတင်းရရှိသည်။

ကျောက်တော်မြို့မစခန်းမှူး ဒုရဲမှူးစောလွှင်က “ ဖြစ်စဉ်က မေ ၂၃ ရက် နံနက် ၅ နာရီမှာ ဖြစ်တာပါ။ ကျောင်းအုပ်ဆရာကြီး ဦးအောင်တင်ဝင်းက ဇနီးဖြစ်သူ ဒေါ်ဦးသန်းနွယ်ကို ဓါးနဲ့ခုတ်သတ်တာပါ။ ဇနီးကတော့ သေသွားပါတယ်” ဟု နိရဉ္စရာ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

ဦးအောင်တင်ဝင်းမှာ အသက် (၅၁) နှစ်ဖြစ်ပြီး သေဆုံးသူ ဇနီးသည် ဒေါ်ဦးသန်းနွယ်မှာ (၄၉) နှစ် ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ စစ်ဆေးချက်အရတော့ လင်မယားချင်း မပြေလည် ဖြစ်ရာကနေ နေအိမ်ထဲက ဆိုင်ခန်းမှာ ဓါးနဲ့ ငါးချက်တိတိ ခုတ်တယ်။ ဇနီးဖြစ်သူက သေတော့ ကျောင်းအုပ်ဆရာကြီးက တိမ်းရှောင်ဖို့ ထွက်ပြေးတယ်။ မနေ့က ညနေ ၃ နာရီကျော်မှာ သူ့ကို ရွာမပြင် အထွက် ကိုးဆယ်ကိုးတောင် အနီးမှာ ဖမ်းမိပါတယ်” ဟု ပြောကြားသည်။

ယခုအခါ ကျောင်းအုပ်ကြီး ဦးအောင်တင်ဝင်းအား ကျောက်တော်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး အမှုအမှတ် ၉၆/၂၀၁၈ ပုဒ်မ (၃၀၂) ဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။

Narinjara
https://www.facebook.com/Narinjara

No comments:

Post a Comment