Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 30, 2018


.
.
.
.
.
.
.
.
.
★ ★ နံပါတ် တစ် အမျိုးအစားဟာ ဘုရားရှင်ခွင်ြ့ပုပါတယ် ... မူးယစ် ရမ်းကား သီလပျက် မှောက်မှာ ..ဖောက်ပြား ဒါတွေတစ်ခုခုဖြစ်ရင်သားကံမြောက်တာပါ ...
.
.
.
.
.
ချမ်းမြေ့ကြပါစေရှင် ....
.
moenatvilla
# Unicode Version ဖြင့် ဖတ်ပါ #
အမနူး အခုခေတ်ဆေးတွေထဲမှာ မူးယစ်ဆေးဝါးတွေပါတတ်ပါတယ် ..ဥပမာချောင်းဆိုးပျောက်ဆေးတို့လို မူးယစ်ဆေးဝါးပါဝင်တဲ့ ဆေးများ သောက်သုံးမိရင် ...သူရာမေဓရ ကံထိုက် လားအမ ...
.
★ ★သူရာမေရယ ကံမြောက်ကြောင်း လေးပါးရှိပါတယ် ....
.
( ၁ ) သေရည် သေရက်စသော မူးယစ်ဆေးဝါးတစ်မျိုးမျိုးဖြစ်ခြင်း
( ၂ ) မူးယစ်စေလိုသော စိတ်ရှိခြင်း
( ၃ ) မူးယစ်စေခြင်းငှာ သောက်သုံးခြင်း
( ၄ ) အခြားမူးယစ်ဆေးဝါးများကို သောက်သုံးမှီဝဲခြင်း ... တို့ဖြစ်ပါတယ်
( ခုဒ္ဒက၊ ဋ္ဌ၊ ၂၁ ) ( ဣတိဝုတ်၊ဋ္ဌ၊၂၂၁ )
.
★ ★ ကံထိုက်အောင်သောက်သုံးရင် အပြစ်ရှိပြီး ကံမထိုက်ရင်တော့အပြစ်မရှိပါဘူး ....
.
သူရာမေရယ ကံထိုက် မထိုက် ကိုအချက်လေးပါးနဲ့ ညှိရပါတယ် ...
.
( ၁ ) ဆေးဝါးထဲ ပါဝင်သောကြောင့် သို့မဟုတ်... စားမိလျှင်မူးဝေတတ်သော ကွမ်းစားဆေး စသည်တို့ကြောင့် သုံးစွဲမိမှု
.
( ၂ ) ဆေးဖြစ် ဝါးဖြစ် အရက်သေစာ မူးယစ်ဆေးဝါးချည်းသက်သက် သောက်သုံးမှု
.
( ၃ ) မိမိကြိုက်နှစ်သက်သည့်အတွက် စွဲလမ်းစွာသောက်သုံးမှု
.
( ၄ ) ဒုစရိုက်မှုတစ်ခုခုအတွက် .. ရဲဆေးတင် သောက်သုံးမှု စတဲ့လေးချက်ပါ ....
.
★ ★ နံပါတ် တစ် အမျိုးအစားဟာ ဘုရားရှင်ခွင်ြ့ပုုပါတယ် ... မူးယစ် ရမ်းကား သီလပျက် မှောက်မှာ ..ဖောက်ပြား ဒါတွေတစ်ခုခုဖြစ်ရင်သားကံမြောက်တာပါ ...
.
★ ★ နံပါတ် နှစ်အချက်ကတော့ ... အပြစ်မကြီးလှပေမယ့် လူ ရဟန်း သာမဏေ တို့မှာသီလပျက်ပါတယ် ..။
.
★ ★ နံပါတ် သုံးအချက်ကတော့ နွားငတ်ရေချ သောက်မ၀ ဆိုသလို ... တစ်ခါသုံးမိပြီး ..တမြမြသောက် သုံးနေ ရမှ ကျေနပ်တဲ့ အတွက် အပါယ်ကျနိုင်ပါတယ် ...အပြစ်ကြီးပါတယ် ....
.
★ ★ နံပါတ်လေး အချက်ကတော့ ကံမထိုက်စေကာမူ ... သူ့ကြောင့် ဒုစရိုက်မှု အောင်မြင်ပြီးမြောက်အောင်ကြံရွယ်တဲ့တွက် ..သေချာပေါက်အပါယ်ကျမှာပါ ...
.
★ ★ ★ ဒါကြောင့် ဆေးဝါးတွေထဲမှာ မူးယစ်ဆေးဝါးတွေပါတတ်ပါတယ် ..ဥပမာချောင်းဆိုးပျောက်ဆေးတို့လို မူးယစ်ဆေးဝါးပါဝင်တဲ့ ဆေးများ သောက်သုံးမိရင် သူရာမေရယ ကံမထိုက်ပါဘူး ... ။
.
ချမ်းမြေ့ကြပါစေရှင် ....
.
moenatvilla

No comments:

Post a Comment