Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 30, 2018

လွှတ်တော်အဆောက်အအုံ ဆေးသုတ်စရိတ်ကို စုံစမ်းရေးကော်မတီ ဖွဲ့စည်း စစ်ဆေး

နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အဆောက်အအုံကို တွေ့ရစဉ်/ ဓါတ်ပုံ - Pyithu Hluttaw - ပြည်သူ့လွှတ်တော် - facebook
နေပြည်တော်လွှတ်တော်အဆောက်အအုံ ကျွန်းတံခါးတွေနဲ့ ကျွန်းဘောင်တွေ ဆေးသုတ်တဲ့ ကုန်ကျစရိတ် ငွေကျပ်သန်း ၄၇၀ တင်ပြထားတာ များပြားလွန်းတယ်ဆိုပြီး စုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖြေရယ် က စစ်ဆေးနေဆဲကာလ ဖြစ်တဲ့အတွက် တွေ့ရှိချက်တွေကို ပြောလို့မရသေးဘူးလို့ ပြောပါတယ်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်နဲ့ လွှတ်တော်ရေးရာကော်မတီတွေက ကျွန်းတံခါးတွေနဲ့ ကျွန်းဘောင်တွေ ဆေးသုတ်ဖို့ ကုန်ကျစရိတ် တင်ပြထားတာဖြစ်ပါတယ်။

အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင် ၆ ဦးပါတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က စတင်စစ်ဆေးတာဖြစ်ပြီး လာမယ့်ဇွန်လဆန်းမှာ အစီရင်ခံစာတင်ပြမယ်လို့ သိရပါတယ်။

လွှတ်တော်အဆောက်အအုံတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရဲ့ ဘတ်ဂျက်ငွေ နဲ့ ထိန်းသိမ်းတဲ့လုပ်ငန်းတွေ ဆောင်ရွက်တာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese

No comments:

Post a Comment