Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, May 26, 2018

ပစၥည္းေတြ ဝယ္တဲ့အခါ ပါလာတတ္တဲ့ ေကာ္စိလုိအထုပ္ေလးေတြ (ဆီလီကာ) ရဲ႕အသံုးဝင္ပံု

ေဒါက္ဖိနပ္တုိ႕ လ်ပ္စစ္ပစၥည္းတို႕ ဝယ္တဲ့အခါပါလာတတ္တဲ့အထုပ္ေလးေတြကုိသိလား
အဲ့ဒါေလးေတြကုိမလြင့္ပစ္ပါနဲ႕ ….ဒီအထုပ္ေလးေတြရဲ႕ အသံုးဝင္တဲ့ နည္းလမ္းေလးေတြရွိပါတယ္ ဒီအထုပ္ေလးေတြဟာ အစုိဓါတ္ကုိစုပ္ယူေပးျပီးေတာ့ ဘူးထဲကအရာကိုေျခာက္ေသြ႕ေအာင္ထားေပးတဲ့အရာေလးေတြပါ
ဒီေတာ့ အိမ္မွာလည္းအစိုဓါတ္ေတြမလုိခ်င္တဲ့ေနရာမ်ိဳးမွာ ဒီအထုပ္ေတြကုိထားမယ္ဆုိရင္ အဆင္ေျပတာေပါ့ ကေလးေတြနဲ႕ ေဝးေဝးမွာေတာ့ထားေပးပါ ….သူတုိ႕ေကာက္စားလုိက္ရင္ ျပႆနာတက္လိမ့္မယ္ အခုအသံုးဝင္ပံုေလးေတြကုိတစ္ခ်က္ၾကည့္ရေအာင္

၁ ေရစိုသြားတဲ့ဖုန္းကုိ မထိခိုက္ေစဖုိ႕..

ဖုန္းေရထဲက်သြားတယ္ဆိုပါေတာ့… ေရေတြဘာေတြသုတ္ျပီးေတာ့ SIM ကဒ္ျဖတ္ျပီး ဒီအိတ္ေလးေတြထဲၾကားထဲထည့္ထားလိုက္ ရက္အနည္းငယ္ေလာက္ အၾကာမွာ ျပန္ဖြင့္ၾကည့္လုိက ္….လံုးဝကိုအထိအခိုက္မရွိပဲေကာင္းသြားလိမ့္မယ္
ဒါေပမယ့္ တစ္ရက္ေလာက္ပဲေစာင့္ျပီး သြားဖြင့္မယ္ဆိုရင္ေတာ့ အထဲမွာေရေတြမေျခာက္ေသးတဲ့အတြက္ ေရွာ့ျဖစ္ျပီးဖုန္းပ်က္သြားႏုိင္ပါတယ္

၂ ဓါတ္ပံုေတြအစိုမျပန္ေစဖုိ႕…

ဓါတ္ပံုအယ္ဘမ္ေတြကိုၾကည့္ရင္း ေရေမွာက္သြားတာမ်ိဳးျဖစ္ဖူးလား….
ဓါတ္ပံုေတြကိုေျခာက္ေအာင္ျပန္သုတ္ေပမယ့္ မၾကာခင္မွာပဲ အေရာင္ေတြျပန္႕လြင့္သြားတာမ်ိဳး ျဖစ္ဖူးမွာေပါ့ …ဒါဟာအစိုဓါတ္မကုန္လို႕ပါပဲ
ဒီေတာ ေရစိုသြားတဲ့ဓါတ္ပံုကို ေသခ်ာေျခာက္ေအာင္သုတ္ျပီး အယ္ဘမ္ထဲျပန္ထည့္…ျပီးေတာ့ ဓါတ္ပံုအိတ္ထဲမွာ ဆီလီကာအိတ္ေလးတစ္ခုထည့္ထားလုိက္
ဒါဆုိရင္ ဓါတ္ပံုထဲဝင္ေနတဲ့အစိုဓါတ္အားလံုးကို ဒီအိတ္ေလးက ဖယ္ရွားေပးသြားပါလိမ့္မယ္

၃ ဘယ္ကဒ္မဆို အစိုဓါတ္ေၾကာင့္မပ်က္စီးေစဖုိ႕

ေဘာ့စ္ေဘာကဒ္ေလးေတြ ဘာကဒ္ေလးေတြပဲျဖစ္ျဖစ္ အခ်ိန္ၾကာလာတဲ့အခါမွာ အစိုျပန္ျပီးပ်က္စီးသြားတတ္ပါတယ္
ဒီအထုပ္ေလးေတြက စုထားတဲ့ကဒ္ေလးေတြကုိ အစိုမျပန္ပဲ အခ်ိန္အၾကာၾကီးသိမ္းဆည္းထားႏုိင္ေအာင္ကူညီေပးပါလိမ့္မယ္

၄ အေရးၾကီးစာရြက္စာတမ္းေတြ မထိခိုက္ေစဖုိ႕…

ေမြးစာရင္း ၊ အိမ္ေထာင္စုစာရင္းအစရွိတဲ့ အေရးၾကီးတဲ့စာရြက္စာတမ္းေတြကိုသိမ္းတဲ့အခါမွာ စီလီကာေလးတစ္ထုပ္ေလာက္ထည့္ျပီးသိမ္းဆည္းထားသင့္ပါတယ္
တကယ္လုိ႕အစိုဓါတ္တစ္ခုခု ရွိခဲ့ရင္ေတာင္မွ ပ်က္ဆီးသြားတာမ်ိဳးမျဖစ္ႏုိင္ေတာ့ဘူးေပါ့

၅ ဘယ္ေနရာမဆုိမစြတ္စိုေစဖို႕..

လက္ေဆးကန္ ၊ ကားဂိုေထာင္ နဲ႕ သုိေလွာင္ခန္းေတြမွာ အစိုျပန္ေနတာမျဖစ္ေစဖုိ႕အတြက္ စီလီကာေတြကုိသံုးလုိ႕ရပါတယ္..

၆ ခရစ္စမတ္ပစၥည္းေတြသိမ္းထားဖုိ႕

ခရစ္စမတ္မွာသံုးတဲ့ဘူးေလးေတြ မီးလံုးေလးေတြဟာ စိုထုိင္းတဲ့အေျခအေနတစ္ခုမွာ ပ်က္ဆီးသြားတတ္တယ္
ဒီေတာ့ ဆီလီကာအထုပ္ေလးေတြထည့္သြင္းျပီးသိမ္းဆည္းမယ္ဆုိရင္ မပ်က္မဆီးပဲေနာက္တစ္ႏွစ္မွာဆက္လက္အသံုးျပဳသြားႏုိင္မွာျဖစ္ပါတယ္

ေျပာရရင္ေတာ့ဆီလီကာထုတ္ေလးေတြဟာ ေရေငြ႕စုပ္တဲ့အထုပ္ေလးေတြပါ…သင္လိုအပ္တဲ့ေနရာေပၚမူတည္ျပီးေတာ့ သံုးမယ္ဆုိရင္ တကယ္အသံုးဝင္တဲ့အရာေလးေတြျဖစ္လာပါလိမ့္မယ္။
Min Thu (Daily Hot News)
# Unicode Version ျဖင့္ ဖတ္ပါ #
ဒေါက်ဖိနပ်တို့ လျပ်စစ်ပစ္စည်းတို့ ဝယ်တဲ့အခါပါလာတတ်တဲ့အထုပ်လေးတွေကိုသိလား
အဲ့ဒါလေးတွေကိုမလွင့်ပစ်ပါနဲ့ ….ဒီအထုပ်လေးတွေရဲ့ အသုံးဝင်တဲ့ နည်းလမ်းလေးတွေရှိပါတယ် ဒီအထုပ်လေးတွေဟာ အစိုဓါတ်ကိုစုပ်ယူပေးပြီးတော့ ဘူးထဲကအရာကိုခြောက်သွေ့အောင်ထားပေးတဲ့အရာလေးတွေပါ
ဒီတော့ အိမ်မှာလည်းအစိုဓါတ်တွေမလိုချင်တဲ့နေရာမျိုးမှာ ဒီအထုပ်တွေကိုထားမယ်ဆိုရင် အဆင်ပြေတာပေါ့ ကလေးတွေနဲ့ ဝေးဝေးမှာတော့ထားပေးပါ ….သူတို့ကောက်စားလိုက်ရင် ပြဿနာတက်လိမ့်မယ် အခုအသုံးဝင်ပုံလေးတွေကိုတစ်ချက်ကြည့်ရအောင်

၁ ရေစိုသွားတဲ့ဖုန်းကို မထိခိုက်စေဖို့..

ဖုန်းရေထဲကျသွားတယ်ဆိုပါတော့… ရေတွေဘာတွေသုတ်ပြီးတော့ SIM ကဒ်ဖြတ်ပြီး ဒီအိတ်လေးတွေထဲကြားထဲထည့်ထားလိုက် ရက်အနည်းငယ်လောက် အကြာမှာ ပြန်ဖွင့်ကြည့်လိုက ်….လုံးဝကိုအထိအခိုက်မရှိပဲကောင်းသွားလိမ့်မယ်
ဒါပေမယ့် တစ်ရက်လောက်ပဲစောင့်ပြီး သွားဖွင့်မယ်ဆိုရင်တော့ အထဲမှာရေတွေမခြောက်သေးတဲ့အတွက် ရှော့ဖြစ်ပြီးဖုန်းပျက်သွားနိုင်ပါတယ်

၂ ဓါတ်ပုံတွေအစိုမပြန်စေဖို့…

ဓါတ်ပုံအယ်ဘမ်တွေကိုကြည့်ရင်း ရေမှောက်သွားတာမျိုးဖြစ်ဖူးလား….
ဓါတ်ပုံတွေကိုခြောက်အောင်ပြန်သုတ်ပေမယ့် မကြာခင်မှာပဲ အရောင်တွေပြန့်လွင့်သွားတာမျိုး ဖြစ်ဖူးမှာပေါ့ …ဒါဟာအစိုဓါတ်မကုန်လို့ပါပဲ
ဒီတော ရေစိုသွားတဲ့ဓါတ်ပုံကို သေချာခြောက်အောင်သုတ်ပြီး အယ်ဘမ်ထဲပြန်ထည့်…ပြီးတော့ ဓါတ်ပုံအိတ်ထဲမှာ ဆီလီကာအိတ်လေးတစ်ခုထည့်ထားလိုက်
ဒါဆိုရင် ဓါတ်ပုံထဲဝင်နေတဲ့အစိုဓါတ်အားလုံးကို ဒီအိတ်လေးက ဖယ်ရှားပေးသွားပါလိမ့်မယ်

၃ ဘယ်ကဒ်မဆို အစိုဓါတ်ကြောင့်မပျက်စီးစေဖို့

ဘော့စ်ဘောကဒ်လေးတွေ ဘာကဒ်လေးတွေပဲဖြစ်ဖြစ် အချိန်ကြာလာတဲ့အခါမှာ အစိုပြန်ပြီးပျက်စီးသွားတတ်ပါတယ်
ဒီအထုပ်လေးတွေက စုထားတဲ့ကဒ်လေးတွေကို အစိုမပြန်ပဲ အချိန်အကြာကြီးသိမ်းဆည်းထားနိုင်အောင်ကူညီပေးပါလိမ့်မယ်

၄ အရေးကြီးစာရွက်စာတမ်းတွေ မထိခိုက်စေဖို့…

မွေးစာရင်း ၊ အိမ်ထောင်စုစာရင်းအစရှိတဲ့ အရေးကြီးတဲ့စာရွက်စာတမ်းတွေကိုသိမ်းတဲ့အခါမှာ စီလီကာလေးတစ်ထုပ်လောက်ထည့်ပြီးသိမ်းဆည်းထားသင့်ပါတယ်
တကယ်လို့အစိုဓါတ်တစ်ခုခု ရှိခဲ့ရင်တောင်မှ ပျက်ဆီးသွားတာမျိုးမဖြစ်နိုင်တော့ဘူးပေါ့

၅ ဘယ်နေရာမဆိုမစွတ်စိုစေဖို့..

လက်ဆေးကန် ၊ ကားဂိုထောင် နဲ့ သိုလှောင်ခန်းတွေမှာ အစိုပြန်နေတာမဖြစ်စေဖို့အတွက် စီလီကာတွေကိုသုံးလို့ရပါတယ်..

၆ ခရစ်စမတ်ပစ္စည်းတွေသိမ်းထားဖို့

ခရစ်စမတ်မှာသုံးတဲ့ဘူးလေးတွေ မီးလုံးလေးတွေဟာ စိုထိုင်းတဲ့အခြေအနေတစ်ခုမှာ ပျက်ဆီးသွားတတ်တယ်
ဒီတော့ ဆီလီကာအထုပ်လေးတွေထည့်သွင်းပြီးသိမ်းဆည်းမယ်ဆိုရင် မပျက်မဆီးပဲနောက်တစ်နှစ်မှာဆက်လက်အသုံးပြုသွားနိုင်မှာဖြစ်ပါတယ်

ပြောရရင်တော့ဆီလီကာထုတ်လေးတွေဟာ ရေငွေ့စုပ်တဲ့အထုပ်လေးတွေပါ…သင်လိုအပ်တဲ့နေရာပေါ်မူတည်ပြီးတော့ သုံးမယ်ဆိုရင် တကယ်အသုံးဝင်တဲ့အရာလေးတွေဖြစ်လာပါလိမ့်မယ်။

Min Thu (Daily Hot News)

No comments:

Post a Comment