Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 28, 2018

မလေးရှားမှာ မြန်မာနိုင်ငံကလာတဲ့ မူးယစ်ဆေးဝါး ၁ တန်ကျော်ဖမ်းမိ


မြန်မာနိုင်ငံကလာတဲ့ လက်ဖက်ထုတ်တွေတင်တဲ့သင်္ဘောထဲမှာ မက်သာဖက်တမင်းစိတ်ကြွဆေးပြား ၁ ဒသမ ၂ တန်နဲ့ ဘိမ်းဖြူ ၇၅၀ ဂရမ်ကိုဖမ်းမိလိုက်တယ်လို့ မလေးရှားအာဏာပိုင်တွေက ဒီနေ့ကြေညာ လိုက်ပါတယ်။

မေလ ၂၂ ရက်နေ့က ကွာလာလမ်ပူရ်ဆိပ်ကမ်းကို ရောက်လာတဲ့ အဲဒီသင်္ဘောကို မလေးရှား အကောက်ခွန်အရာရှိတွေရှာတဲ့အခါမှာ အဲဒီမူးယစ်ဆေးတွေတွေ့ရှိပြီး၊ မလေးရှားနိုင်ငံသား ၃ ယောက်နဲ့ မြန်မာနိုင်ငံသား ၃ ယောက်ကို ဖမ်းလိုက်တယ်လို့ဆိုပါတယ်။

ဖမ်းမိတဲ့မူးယစ်ဆေးတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၈ သန်းဖိုးလောက်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

No comments:

Post a Comment