Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 24, 2018

ဒေါ်တပ်​​ခေါ်လို့ရတဲ့သူ​တွေပဲဘုန်းတန်​ခိုးထွားတာ မြန်​မာ့နိုင်​ငံ​ရေးရဲ့ ထူးခြားချက်​ပဲ၊


ဦး​နေ၀င်း​နောက်​ပိုင်းမြန်​မာ့သမိုင်းမှာ ​ဒေါ်တပ်​​ခေါ်လိုရတဲ့
သူ​တွေပဲနိုင်​ငံ့​ခေါင်း​ဆောင်​​ဖြစ်​တာများတယ်​။
ဦးစိန်​လွင်​ဆို​ဒေါ်စိန်​လွင်
ဦး​စော​မောင်​ဆို​ဒေါ်​စော​မောင်
ဦးသန်း​ရွှေဆို ​ဒေါ်သန်း​ရွှေ
နောက်​ဦးခင်​ညွန့်​ဆိုလည်း​ဒေါ်ခင်​ညွန့်
ဒေါ်တပ်​​ခေါ်လို့ရတဲ့သူ​တွေပဲဘုန်းတန်​ခိုးထွားတာ
မြန်​မာ့နိုင်​ငံ​ရေးရဲ့ ထူးခြားချက်​ပဲ၊

အဲ တ​ယောက်​​တော့ရှိတယ်​။
ဒေါက်​တာ​မောင်​​မောင်​ ​ခေါ်ကြည့်​လိုက်
ဒေါ်​မောင်​​မောင်​ ဘယ်​လိုမှ​ခေါ်လို့မ​ကောင်းဘူး။
သိတဲံ့အတိုင်းပဲ ​ဒေါက်​တာ​မောင်​​မောင်​ ဘာဖြစ်​ပြီး
ဘယ်​လိုတိုင်​ပတ်​ပြီး ရာထူးက​နေလစ်​သွားရသလဲဆိုတာ။

ဒီဘက်​​ခေတ်​လည်းကြည့်​လိုက်​အူး။
ဦးသိန်းစိန်​၊​ခေါ်ကြည့်​။ဒေါ်သိန်းစိန်
ဘယ်​​လောက်​​ခေါ်လို့​ကောင်းလဲ။
သူ့သမ္မတသက်​တမ်းတ​လျှောက်​ကြိုက်​သည်​ဖြစ်​​စေ
မကြိုက်​သည်​ဖြစ်​​စေ ပြီး​အောင်​ထမ်း​ဆောင်​သွားရုံမက
အသွင်​ကူး​ပြောင်း​ရေးကာလမှာ တာဝန်​​ကျေတယ်​လို့
နိုင်​ငံ​ရေးသု​တေသီ​တွေက အမှတ်​​ပေးကြတယ်​။

ဒီ​နေရာမှာဘယ်​သူဘယ်​​လောက်​​ကောင်းတယ်
ဘယ်​​လောက်​​တော်​တယ်​ဆိုတာ​ပြော​နေတာမဟုတ်​ပါဘူး။
ဒေါ်​လော့ဂျစ်​ကိုတင်​ပြ​နေတာပါ။

ကဲဆက်​ပြီး​လေ့လာရ​အောင်
ပထမအဆင့်​၂၀၁၅မတိုင်​ခင်​ဦး​ရွှေမန်း​ရေပန်းစားခဲ့တယ်​။
ကျ​နော်​​ဒေါ်တပ်​​ခေါ်ကြည့်​တယ်​ ​ဒေါ်​ရွှေမန်း
ဘယ်​လိုမှအဆင်​မ​ပြေဘူး။
ဒေါ်လှ​ဆွေကမှ နည်းနည်းအဆင်​​ပြေ​သေးတယ်​၊
အဲ့ကတည်းကဦး​ရွှေမန်းအ​ခြေအ​နေမ​ကောင်းတာ
ကျ​နော်​ရိပ်​မိခဲ့တယ်​။

နောက်​ကျ​နော်​တို့သမ္မတကြီး ဦးထင်​​ကျော်
မြန်​မာနိုင်​ငံမှာ ကျ​နော်​ပထမဆုံးစိုးရိမ်​ခဲ့တယ်​။
ဒေါ်ထင်​​ကျော်​လို့​ခေါ်လို့မ​ကောင်းလို့၊
အခုကျ​နော်​ထင်​တဲ့အတိုင်းဖြစ်​လာပြီ။

ကဲအခုသမ္မတသစ်​ဖြစ်​လာနိုင်​​ခြေရှိတဲ့ဦးဝင်းမြင့်
ခေါ်ကြည့်​ကြရ​အောင်​၊ ​ဒေါ်ဝင်းမြင့်​၊မဆိုးဘူး​နော်
နောက်​တ​ခေါက်​​လောက်​ထပ်​​ခေါ်ကြည့်​ရ​အောင်
ဒေါ်ဝင်းမြင့်
အန်​တီဝင်းမြင့်
မရီးမြင့်
မရီးဝင်း
ဘယ်​လို​ခေါ်​ခေါ်အဆင်​​ပြေတယ်​၊

နေစမ်း
အ​ဝေးကြီး​နေစမ်း
ဒေါ်ဖြိုးမင်းသိန်း
ဘယ်​လိုမှအဆင်​မ​ပြေဘူး
အဲ့​လောက်​နဲ့တက်​မလာနဲ့၊

ဟုတ်​ပြီ၂၀၂၀အလွန်​ကိုကြည့်​ရ​အောင်
စစ်​တပ်​အသိုင်းအ၀ိုင်းအတွက်​​တော့ ​ခြေ​နေမ​ကောင်းဘူး။
ဒေါ်မင်း​အောင်​လှိုင်​လို့​ခေါ်ကြည့်​။
အဆင်​မ​ပြေဘူး။

အာ့ဆိုပြည်​ခိုင်​ဖြိုးဘက်​လှည့်​ရ​အောင်
မဆိုးဘူးဗျ။
ဥက္ကဌကဦးသန်း​ဌေးဆို​တော့ ​ဒေါ်သန်း​ဌေး
ခေါ်လို့​ကောင်းတယ်​။

NLD ဘက်​မှာ​ရောဘယ်​သူရှိမလဲ။
ဒေါ်​အောင်​မိုးညို
ဒေါ်​ဇော်​မြင့်​​မောင်
ဒေါ်မြင့်​နိုင်
အဆင်​မ​ပြေဘုး။
ကျ​နော်​သ​ဘောကျတာက​တော့
မုံရွာဦး​အောင်​ရှင်​ပဲ။

ဒေါ်​အောင်​ရှင်
ဘယ်​​လောက်​​တောင်​နန်းဆန်​လိုက်​သလဲလို့။
ဒေါ်ကြည်​​အောင်​တို့ ​ဒေါ်​မေရှင်​တို့ကို​တောင်
ပြန်​မြင်​​ယောင်​မိတဲ့အထိပါပဲဗျာ။
ဒေါ်​အောင်​ရှင်​။

စိတ်​မ​ကောင်းစရာက ကျ​နော်​တို့လိုတတိယအင်​အားစုကို
မျှော်​လင့်​​နေတဲ့သူ​တွေအတွက်​ပါပဲ၊
ခေါ်ကြည့်​ကြပါလား။
ဒေါ်ကိုကိုကြီး၊ထပ်​​ခေါ်ကြည့်​တယ်​၊​ဒေါ်ကိုကိုကြီး
ဘယ်​လိုမှအဆင်​မ​ပြေဘူးဗျာ။
အတိအကျ​ပြောရရင်​ ရှစ်​​လေးလုံးပါတီထဲက​နေ
ဦးမြ​အေးထွက်​သွားကတည်းက
ကျ​နော်​စိတ်​ပျက်​သွားတာပဲ။

ဦးမြ​အေးကိုကျ​နော်​အများကြီး​မျှော်​လင့်​ခဲ့တယ်​၊
ဒေါ်မြ​အေးလို့​ခေါ်လို့​ကောင်းလို့။

(သူငယ်​ချင်းနှစ်​​ယောက်​မဆုံလိုက်​နဲ့ ဆုံလိုက်​ပီဆိုတာနဲ့
အဲ့လိုအ​ရေမရအဖတ်​မရ ​ပေါက်​ကရ​တွေကို ​သေးထွက်​ကျ​အောင်
ပြောတာ)

No comments:

Post a Comment