CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, March 30, 2018
တစ်ချိန်က နိုင်ငံတကာထောက်လှမ်းရေးလောကတွင် အလွန်ထင်ပေါ်ခဲ့သော စပိုင်မင်းသား
မောင်တင်ဦးလေးကိုမွန်ပြည်နယ် မုဒုံမြို့မှာ မွေးဖွားခဲ့တယ်။ မောင်တင်ဦးဟာ မွန်လူမျိုးဖြစ်ပါတယ်။
ဆယ်တန်းပညာသင်ကြားနေစဉ် ရဲဘော်သုံးကျိတ် ဂျပန်နှင့်အတူ ယိုးဒယားမှမြန်မာပြည်သို့ ပြန်ဝင်လာသောအခါ အကိုနှစ်ဦးနှင့်အတူ အသက် ၁၅ နှစ်အရွယ်မှာ စစ်ထဲဝင်ခဲ့ပါတယ်။ အရပ်ရှည်တာကြောင့် အသက် ၁၈ နှစ်ရှိပြီလို့ ပြောတာကို ယုံကြည်ပြီး တော်လှန်ရေးတပ်သား စုဆောင်းရေးက လက်ခံခဲ့ပါ တယ်။ ဒါကြောင့်သူ၏ တပည့်ဦးဘိုနီစသည့် သူ့လက်အောက်အရာရှိ အများစုးသည် သူ့ထက်အသက်ကြီးသူများဖြစ်တယ်။ အင်္ဂလိပ်တပ်တွေကို တော်လှန်တိုက်ခိုက်ဖို့ ဗိုလ်နေဝင်းဦးဆောင်တဲ့ ဂျပန်နဲ့ မြန်မာတပ်တွေ ရန်ကုန်ကို ချီတက်လာတဲ့ အချိန်မှာတော့ သူက တပ်စုမှူးအဖြစ်နဲ့ လိုက်ပါသွားခဲ့တယ်။
မြန်မာနိုင်ငံအတွင်းကို ဂျပန်တပ်တွေနဲ့ အတူ ဗိုလ်နေဝင်း ပြန်လည်ဝင်ရောက်လာချိန်မှာ မောင်တင်ဦးနဲ့ စတင်သိကျွမ်းခဲ့တယ်။ ဒို့ဗမာအစည်းအရုံးရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ဖူးတဲ့ မောင်တင်ဦးရဲ့ မိဘတွေက စစ်ထဲဝင်သွားကြတဲ့ သား ၃ယောက်ကို စောင့်ရှောက်ပေးဖို့ ဗိုလ်နေဝင်းကို မေတ္တာရပ်ခံခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ညီအစ်ကိုတွေထဲက အကို၂ယောက် စစ်အတွင်း ကျဆုံးခဲ့ကြတယ်။ ဒါကြောင့် ဗိုလ်နေဝင်းက ထက်မြက်ပြီး ပါရမီရှိတဲ့မောင်တင်ဦးကို စစ်မြေပြင်ကို မလွှတ်တော့ဘဲ သူ့ရဲ့ မျက်စိ အောက်မှာပဲထားဖို့ ဆုံးဖြတ်လိုက်တယ်။
စစ်ကြီးပြီးတဲ့နောက် မောင်တင်ဦးဟာ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းဆက်တက်ပြီး စီးပွားရေးနဲ့ သမိုင်းပညာရပ်တွေ သင်ယူတယ်။ ဒါ့အပြင် တက္ကသိုလ်တက်ရင်း မာ့က်စ်ဝါဒကို လေ့လာခဲ့သလို လက်ဝဲအယူအဆတွေကို ယုံကြည်တဲ့ ကျောင်းသား တွေနဲ့လည်း သိကျွမ်းခဲ့တယ်။
သူ့ရဲ့ ကျောင်းနေဖက်တွေထဲက တစ်ဦးကတော့ ၁၉၈၈ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တစ်ယောက်ဖြစ်တဲ့ စာရေးဆရာ မောင်စူးစမ်း ဖြစ်လာမယ့် မောင်ချမ်းအေးဖြစ်ပါတယ်။ မောင်ချမ်းအေးက သူ့ကိုကွန်မြူနစ်ပါတီဝင်ဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် မောင်တင်ဦးက စိတ်မဝင်စားခဲ့ဘူး။ ဘွဲ့ရပြီးနောက်မှာတော့ စစ်တပ်ကိုပဲ ပြန်ရောက်သွားတယ်။ စကော့တလန်ယာဒ် တော်ဝင် အင်္ဂလန်ဘုရင့်စစ်တက္ကသိုလ်ကိုတက်ပြီး ဗိုလ်ဖြစ်ခဲ့တယ်။ နောက်တော့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ကိုယ်ရေးအရာရှိ ဖြစ်လာတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းက သူ့ကို ထိရောက်မှု့မရှိတဲ့ ထောက်လှမ်းရေးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းဖို့နဲ့ စစ်ထောက်လှမ်းရေးဌာန တည်ထောင်ဖို့ တာဝန် ပေးခဲ့တယ်။
ဗိုလ်ချုပ်ကြီးနေဝင်းက သူ့ကို ပစိဖိတ်သမုဒ္ဒရာထဲက အိုကီနာဝါစစ်စခန်း ဆိုင်ပန်ကျွန်းမှာ အမေရိကန်ထောက်လှမ်းရေး အေဂျင်စီ (CIA) ကဖွင့်တဲ့ သင်တန်းတက်ဖို့ စေလွှတ်ခဲ့တယ်။ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းယူပြီးတဲ့ နောက်မှာတော့ သမ္မတဟောင်း မန်းဝင်းမောင်နဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနုအပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို ရန်ကုန်မြို့ပြင်မှာရှိတဲ့ ရေကြည်အိုင်လို့ ခေါ်ကြတဲ့ စခန်းမှာ ထိန်းသိမ်းဖို့ ဒုဗိုလ်မှူးကြီးတင်ဦးက တာဝန်ယူ တည်ဆောက်ရတယ်။ အာဏာသိမ်းရာမှာ အဓိက player ဖြစ်တယ်။ ဦးနုနဲ့ အစိုးရ အဖွဲ့ဝင်တွေကို ကယ်ဆယ်ဖို့ ကြိုးစားလာမှု မှန်သမျှကို ကာကွယ်နိုင်ဖို့လည်း သူကကြိုတင် ပြင်ဆင်တယ်။ လေကြောင်းတိုက်ခိုက်မှုတွေ ဒါမှမဟုတ် နိုင်ငံခြားက အထူးတပ်ဖွဲ့တွေ လေကြောင်းချီ စစ်ဆင်ရေး ပြုလုပ်လာရင်လည်း တုံ့ပြန်နိုင်ဖို့ သနက ၄ တပ်ရင်းရဲ့ အကူအညီနဲ့ ပြင်ဆင်ထားတယ်။ သူရဦးတင်ဦးနဲ့ ကွဲပြားအောင် လူတွေက သူ့ကို မျက်မှန်တင်ဦးလို့ စတင်ခေါ်ဆိုကြတယ်။ ဗိုလ်နေဝင်းရဲ့ လက်ရုံး တင်ဦးနှစ်ယောက်ဟာ ဒီကာလက ထင်ရှားကြတယ်။
မျက်မှန်တင်ဦးဟာ ဗိုလ်ချုပ်ကြီးနေဝင်းကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်မှုတွေကိုလည်း ကြိုတင်ဖယ်ရှား ပေးနိုင်ခဲ့တဲ့အတွက် သဘောကျနှစ်ခြိက်မှု အကြီးအကျယ် ရရှိခဲ့ပါတယ်။ ဗကပယူဂျီ လက်ချက် 7 July အရေးအခင်း အလုပ်သမားအရေးအခင်း ဦးသန့်အရေးအခင်း စတာတွေကို ဖြေရှင်းခဲ့ရတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီကို စစ်ဆင်ရေး ဆင်နွဲချိန်မှာ ထိရောက်တဲ့ ထောက်လှမ်းရေး အရေးပါပုံကို ပြသခဲ့တယ်။ ဗကပအလံဖြူအဖွဲ့ခေါင်းဆောင် သခင်သန်းထွန်း သေဆုံးမှုကို အတည်ပြုပေးနိုင်ဖို့ အတွက် စစ်မြေပြင်ကိုလည်း လိုက်သွားခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့မယားညီအစ်ကို တစ်ယောက်လည်းဖြစ်တဲ့ သခင်သန်းထွန်းကို သူပုန်းခိုရာ တောတွင်းစခန်းတခုမှာ တပ်ပြေးတယောက်လို့ ယူဆရသူ တစ်ဦးက လုပ်ကြံသတ်ဖြတ်ခဲ့တယ်။ ဗိုလ်နေဝင်းအပေါ် ကြည်ညိုလေးစားမှုကိုလည်း ဖုံးကွယ်မထားခဲ့ပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဝီစကီသောက်တဲ့အခါတိုင်း “ကျနော့်မှာ ဘုရားတစ်ဆူပဲ ရှိတယ်။ အဲဒါ ဗိုလ်ချုပ်ကြီး နေဝင်းပဲ” လို့ ပြောတတ်ပါတယ်။ တဖက်မှာလည်း ဗိုလ်နေဝင်းက သူ့ကို အရမ်းယုံကြည် အားထားပါတယ်။ ဝန်ကြီးအဖွဲ့နဲ့ စစ်တပ်ရဲ့ ထိပ်ပိုင်းရာထူးတွေ ခန့်ထားဖို့ကိုတောင်မှ ဆုံးဖြတ်ချက်မချခင် ဗိုလ်မှူးချုပ်တင်ဦးရဲ့ အကြံ ဥာဏ် ရယူလေ့ရှိပါတယ်။ ၁၉၈၀ နောက်ပိုင်းမှာတော့ ဗိုလ်မှူးချုပ်တင်ဦးဟာ နိုင်တော်ကောင်စီဝင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဖြစ်လာပါတော့တယ်။ ထလရကိုလည်း အနားယူခွင့်မရခဲ့ပါဘူး။ စစ်ယူနီဖောင်းကို ပြောင်းလဲပြီး ဝတ်ဆင်ခွင့်မရတဲ့ တစ်ဦးတည်းသော ဒီကာလ ပါတီခေါင်းဆောင်ပါ။ ထိုကာလက ပါတီထဲကို ရောက်သွားသူတိုင်း အရပ်ဝတ်ကိုချက်ခြင်း လဲကြရပါတယ်။ လက်အောက်ငယ်သားတွေကလည်း ဗိုလ်နေဝင်းကို “နံပါတ်တစ်” လို့ စတင် ခေါ်လာကြပြီး သူ့ကိုတော့ “တစ်ခွဲ” လို့ သူတို့ နောက်ကွယ်မှာ ခေါ်ကြပါတယ်။ နှစ်ကတော့ ဗိုလ်စမ်းယုပေါ့။ နောက်ဆုံးတော့ ၁၉၈၃ ခုနှစ် ရောက်တဲ့အခါမှာ တပည့်ကျော် ဦးဘိုနီကိစ္စနဲ့ ဗိုလ်မှူးချုပ်တင်ဦးကို နိုင်ငံပိုင်ဘဏ္ဍာ အလွဲသုံးစား လုပ်မှုနဲ့ဖမ်းပြီး ထောင်ဒဏ် တစ်သက်တကျွန်းချတယ်။ သားဖြစ်သူရဲ့ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကိစ္စ၊ သူ့ရဲ့သား ထိုင်းနိုင်ငံကို သွားတဲ့အခါမှာ ဘန်ကောက် မြန်မာသံရုံးက ကော်ဇောနီခင်းပြီး ကြိုဆိုခဲ့ရတာတွေအပြင် ဗိုလ်မှူးချုပ်တင်ဦးရဲ့ အကျင့်ပျက် ခြစားမှုတွေ အကြောင်းကို အစိုးရက စွပ်စွဲရေးသားခဲ့တယ်။ ဒါပေမယ့် မဟုတ်မှန်ပဲ အကျင့်ပျက်ခြစားမှုကြောင့် အရေးယူတယ်ဆိုတာ အဓိပ္ပာယ်မရှိတာ အားလုံးလူတိုင်းသိကြတယ်။ လေ့လာသူတွေကတော့ အာဏာကိုစုစည်းနိုင်ဖို့ လှုပ်ရှားတာ အရမ်းမြန်သွားတဲ့အတွက် ဗိုလ်မှူးချုပ်တင်ဦး ဖယ်ရှားခံရတာလို့ ခန့်မှန်းကြတယ်။
အင်းစိန်ထောင်ထဲမှာ ရှိနေစဉ် ဗိုလ်မှူးချုပ် (ဟောင်း)တင်ဦးက ဗိုလ်နေဝင်းဆီကို အသနားခံစာ တစ်စောင်ရေးသား ပေးပို့ခဲ့တယ်။ စာထဲမှာ သူ့အနေနဲ့ အကျဉ်းထောင်အတွင်း လက်တုံ့ပြန်ခံရမှာကို ကြောက်လန့်နေပြီး မျောက်ပွဲလို ဝိုင်းကြည့်ခံရမှာ မလိုချင်ဘူးလို့ ရေးခဲ့တယ်။ ၁၉၈၈ ခုနှစ် အရေး အခင်းကာလအတွင်း ထောင်ဆူတဲ့အချိန် အသတ်ခံရမှာ စိုးရိမ်တဲ့အတွက် ထောင်အရာရှိတွေက သူ့ကို လုံခြုံစိတ်ချရတဲ့ ထိန်းသိမ်းရေး စခန်းတစ်ခုဆီ အလျင်အမြန် ရွှေ့ပြောင်းပေးခဲ့ရတယ်။
စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးတဲ့ နောက်မှာတော့ သူ့ကို အိမ်ပြန်ခွင့် ပြုလိုက်ပါတယ်။ နေစရာအိမ်ပိုင် မရှိတဲ့အတွက် ဗိုလ်စောမောင်က မြေဝယ်အိမ်ဆောက် ပေးရတယ်။ အဂတိလိုက်စားခြင်း အလွဲသုံးစားခြင်း ကင်းသူစစ်သားကောင်း ဖြစ်ပါတယ်။ ၁၉၉၈ခုနှစ် ကွယ်လွန်ချိန်အထိ ဗိုလ်မှူးချုပ်(ဟောင်း)တင်ဦးဟာ တခြားစစ်သားဟောင်းကြီး တွေလိုပဲ ဗုဒ္ဓတရားကို လေ့လာခြင်း၊ တရားထိုင်ခြင်း စတာတွေနဲ့ ဘဝကိုအချိန်ကုန်စေခဲ့တယ်။ သူဟာ သူ့ကို ရက်စက်ခဲ့တဲ့ ဗိုလ်နေဝင်းကို ဘယ်တော့မှ သစ္စာမဖောက်ခဲ့ဘူး။ ထောင်ကထွက်ပြီးနောက် ဦးနေဝင်းရဲ့နေအိမ်သို့ မကြာခဏ သွားရောက်ခဲ့တယ်။ ထောက်လှမ်းရေးအကြီးအကဲဟောင်းဟာ အာဏာရှင်ဆိုကြတဲ့ ဗိုလ်နေဝင်းရဲ့ လျှို့ဝှက်ချက်တွေကို အုတ်ဂူထဲ ရောက်တဲ့အချိန်အထိ ထိန်းသိမ်းသွားခဲ့တယ်။ သူသေဆုံးသွားချိန်မှာတော့ ဗိုလ်နေဝင်းက နိုင်ငံတော်တံဆိပ် တပ်ဆင်ပေးပြီး မျက်ရည်ကျ ဝမ်းနည်းကြေကွဲကြောင်း ပြသခဲ့တယ်။ မျက်မှန်ကို အလောင်းမှာတပ်မှာတပ်ပြီး မျက်မှန်ကြီး ဆိုတာဒီလိုမှပေါ့လို့ ရယ်မောပြီး စိတ်ပြန်ဖြေခဲ့ပုံပါပဲ။
သင်ခန်းစာယူရန် – (စည်းလုံးခြင်းရဲ့အင်အား)
Cridet မောင်မှန်
မှတ်ချက်။ ။ စကော့တလန်ယာဒ် သည် တော်ဝင် အင်္ဂလန်ဘုရင့်စစ်တက္ကသိုလ်မဟုတ်ပါ။ ဗြိတိသျှ ရာဇဝတ်မှု ထောက်လှမ်းရေး ဌာနဖြစ်ပါသည်။
Photo Ko Myat Hein
တစ်ချိန်က နိုင်ငံတကာထောက်လှမ်းရေးလောကတွင် အလွန်ထင်ပေါ်ခဲ့သော စပိုင်မင်းသား
Reviewed by MP4 YoU
on
March 30, 2018
Rating: 5
Reviewed by MP4 YoU
on
March 30, 2018
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment