CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, March 24, 2018
ကိုငြိမ်းမောင် ဖြစ်ရပ်မှန်
ဖြစ်ရပ်မှန်
အချိန်သည်ကား
၁၉၉၀ ပြည့်နှစ် ပါတီစုံ
ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ
NLD မဲဆွယ်စည်းရုံးရေးကာလ
ဒီမယ်
ကိုငြိမ်းမောင်
ခင်ဗျားတော့ မေ့ချင်မေ့နေ
လောက်ပါပီ ။
ကျွန်တော်တို့က အဲဒီနေ့ကို
ဒီတစ်သက် ဘယ်လိုမှ
မေ့ဖျောက်နိုင်မှာ မဟုတ်ပါဘူး
ခံစားခဲ့ရတဲ့သူပါ
အဖြစ်အပျက်က ဒီလိုပါ
ရန်ကုန်မြို့ ဒဂုံမြို့နယ်
NLD အောင်နိုင်ရေးအတွက်
မဲဆွယ်စည်းရုံးရေးများလုပ်
ကိုင်ခဲ့ရာ NLD ကိုယ်စားပြု
လွတ်တော်အမတ်လောင်း
ဦးအောင်ဇော် ( ကွယ်လွန် )
၁၉၉၀ ပြည့်နှစ်တွင် နဝတ မှ
ပြုလုပ်ကျင်းပခဲ့သော ပါတီစုံ
အထွေထွေ ရွေးကောက်ပွဲတွင်
NLD ကိုယ်စားပြု လွတ်တော်
ကိုယ်စားလောင်း ဦးအောင်ဇော်
မဲအနိုင်ရ ရှိရေးအတွက် ၎င်း၏
အထ္ထုပ္ပတ္တိ ပါသော လက်ကမ်း
စာစောင်များကို ဒဂုံမြို့နယ်
အတွင်းရှိ စစ်တန်းလျှားပါ
မကျန် တစ်အိမ်တက် တစ်အိမ်
ဆင်း လိုက်လံဝေဌ ခဲ့ပါတယ်
ဒီလိုနဲ့ အဲဒီအချိန်က
ကိုငြိမ်းမောင် နေထိုင်သော
ဒဂုံမြို့နယ် မင်းမနိုင် ရပ်ကွက်
ဝန်ထမ်းတိုက်ခန်းအိမ်ရာ
( တိုက်နံပါတ် မမှတ်မိ )
ပထမထပ်မှာနေပါတယ်
ကျွန်တော်တို့ NLD မဲဆွယ်
စည်းရုံးရေးများရောက်လာ
တော့မည်ကို ကိုငြိမ်းမောင်
အိမ်ရှေ ဝရံတာမှ ကြိုမြင်သွား
ပါတယ် ။
လက်ကမ်းစာစောင်များ
လိုက်လံဝေဌရင်း ကိုငြိမ်းမောင်
အိမ်ကို လက်ကမ်းစာစောင်
ပေးရန် ရောက်အသွားမှာတော့
သူ့အိမ်တံခါးကို ခေါက်လိုက်
တဲ့အခါ ၎င်းမှအိမ်ထဲမှနေ၍
ဘယ်သူတွေလဲကွာ
ဘာလာလုပ်တာလဲ ဆိုပီး
မေးပါတယ်
ကျွန်တော်တို့က ဒဂုံမြို့နယ်
NLD အမတ်လောင်း ရဲ့
ကိုယ်ရေးအထ္ထုပ္ပတ္တိ လက်ကမ်း
စာစောင် လေ့လာဖတ်ရှု့ရန်
လိုက်လံဝေဌ ပေးနေတာပါ
တော်တော်ရှုပ်တာပဲ
ဝုန်းခနဲ ဆို သူ့အိမ်တံခါးကို
စောင့်ကြီးအောင့်ကြီးဖွင့်ပီး
တော့ ယူလိုက်ပါတယ် ။
ကျွန်တော်တို့လဲ
လက်ကမ်းစာစောင်ပေးပီး
ကိုငြိမ်းမောင် အိမ်ပေါက်ဝမှ
ပြန်ဆင်းလာပါတယ် ။
တခဏအကြာမှာပဲ
ကိုငြိမ်းမောင် အိမ်ရှေ ဝရံတာ
ကနေ စောစောကပေးခဲ့လိုက်
တဲ့ NLD အမတ်လောင်း ရဲ့
လက်ကမ်းစာစောင်ကို
အပေါ် ဝရံတာကနေ လွတ်ပစ်
လိုက်ပါတယ် ။
သူလွတ်ပစ်လိုက်တဲ့
လက်ကမ်းစာစောင်ကို
ကျွန်တော်တို့က ပြန်ကောက်
ပီး သိမ်းယူခဲ့ပါတယ် ။
အဲဒီအချိန်က ၁၉၉၀ ရွေး
ကောက်ပွဲကျင်းပရန် ရက်ပိုင်း
မျှသာလိုတော့တဲ့ အချိန်ဖြစ်ပါ
တယ် ။
ဒီလောက်ဆို ကိုငြိမ်းမောင်
ခင်ဗျားမှတ်မိမှာပေါ့ဗျာ
ကျွန်တော် ခင်ဗျား မျက်နှာ
မြင်လို့ အဲဒီနေ့က
အဖြစ်အပျက်ကို
ပြန်သတိရနေမိပါတယ် ။
Zarni Oo ( NLD )
ကိုငြိမ်းမောင် ဖြစ်ရပ်မှန်
Reviewed by MP4 YoU
on
March 24, 2018
Rating: 5
Reviewed by MP4 YoU
on
March 24, 2018
Rating: 5
Subscribe to:
Post Comments (Atom)


No comments:
Post a Comment