Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 19, 2018

ရန်ကုန်


ကုက္ကိုင်းက ပြည့်ဝနဲ့ ဘုံကျောင်းမှာမှာ မစားဘူးသူတွေ။
.
အောင်ကြီးကိတ် မစားဘူးသူတွေ။
.
မုတ်ဆိတ် လက်ဖေ့ရည်ဆိုင်မှာ မနက်စာ မစားဘူးသူတွေ။
.
ပြည်သူ့ကုန်တိုက်က ရွှေ့လျား စက်လှေကား မစီးဘူးသူတွေ။
.
စိန်ဂျွန်းဈေးနဲ့ လေဟာပြင်ဈေးဆိုတာ ဘယ်မှာမှန်းမသိသူတွေ၊
.
ရှားမီးသကြားလုံး မစားဘူးသူတွေ။
.
ကြည်အေးမုန့်တိုက်ဆိုတာ မသိသူတွေ။
.
ဆရာစံလမ်းက ပျားဂေဟာ ကြက်ကြော် မစားဘူးသူတွေ။
.
ကန်တော်ကြီး တင့်ကားကုန်းက ရေခဲမုန့်မစားဘူးသူတွေ။
.
King ဝေဖာ ဆိုတာ မစားဘူးတဲ့သူတွေ။
.
ဆိပ်ကမ်းသာလမ်းထပ်က ရွှေလှေကား မုန့်ဟင်းခါး မစားဘူးသူတွေ။
.
ဟိုင်းလက်ကားကို လက်ချောင်း တချောင်း၊
ခြေချောင်း ၃ချောင်းနဲ့ မတွယ်စီးဘူးသူတွေ။
.
Bus ကားစောင့်ရင်းနဲ့ ကုန်ဈေးတန်းထိပ်က မဂျော်ဖြေရီး မသောက်ဘူးတဲ့သူတွေ။

နံပါတ် ၁၂ နှစ်စီးတွဲယာဉ် မစီးဖူးတဲ့သူတွေ။
.
၄၂လမ်းက ဘီအီးဆိုင် မထိုင်ဘူးသူတွေ။
.
အလုံအမှိုက်ပုံမှာ မြေဆွေး မဝယ်ဘူးသူတွေ။
.
ကြံတောကို လိုက်မပို့ဖူးသူတွေ။
.
ကျိုက္ကစံကွင်းက ပြည်​​ထောင်​စုပွဲကို မ​ရောက်​ဖူးသူတွေ။ အဲဒီက ငါးသလောက်ကင်မစားဘူးသူတွေ။
.
929 နဲ့ 323 မမြင်ဘူးသူတွေ။
.
တံတားလေးဆိုတာ ဘာမှန်းမသိသူတွေ။
.
ရွှေတိဂုံဘုရားက ကြာပွတ်ကိုင်ထားတဲ့ ကြေးကုလားရုပ်ထုတွေ မမြင်ဘူးရင်။
.
ဦးဝိစာရက ရွှေလင်းယုန်မှာ ကားရေမဆေးဘူးသူတွေ။
.
ဗိုလ်ချုပ်ဈေးပေါင်ချိန်စက်မှာ ပေါင်မချိန်ဘူးသူတွေ။
.
ရဲရင့်နဲ့ ပပဝင်းမှာ ရုပ်ရှင် မကြည့်ဘူးသူတွေ။
.
.
ရန်ကုန်က အကုန်ထွက်ပေးကြပါ။

ရန်ကုန်ဆိုတာ ခင်ဗျားတို့အတွက် နေချင့်
စဖွယ်ဖြစ်ချင်မှ ဖြစ်နေမှာပါ။

photo & post credit to orginal uploader














No comments:

Post a Comment