Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 25, 2018

မှန်တယ်၊မှားတယ်ဆိုတာထက် ပိုက်လိုင်းကြီးတစ်လျှောက် စစ်ဆေးချက်များ ပြုလုပ်သင့်ပါကြောင်း



ယခုရက်ပိုင်း ''ဒေါက်တာခင်မောင်ဝင်း''ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် ရန်ကုန်မြို့က ဂျိုးဖြူရေ သုံးစွဲနေသူတွေအကြား ဂယက်ထသွားစေခဲ့တယ်။

သူပြောလိုက်တာက ဂျိုးဖြူရေပိုက်တွေထဲမှာ မစင်တွေပြန့်ပွားနေတာ တွေ့ရှိတဲ့အကြောင်း ပြောလိုက်တာပါ။

အသည်းရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာ ခင်မောင်းဝင်းရဲ့ သုံးသပ်ချက်ကို အချို့က လက်ခံကြသလို အချို့ကလည်း လက်မခံကြပါဘူး။

ဆရာဝန်ကြီးရဲ့ပြောစကားနဲ့ ပတ်သက်ပြီး ကျွန်တော်မှတ်ချက်ပြုချင်တာက မစင်တွေဆိုတာထက် ပြင်ပက ရေဆိုး၊ရေညစ်တွေ တွေ့ရှိတယ်ဆိုတာက ပိုပြီး သဘာဝကျပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ မစင်ဆိုတာ (ချေး)ချီးကိုဆိုလိုပြီး ချီးဆိုတာကလည်း လူတိုင်း ရွံရှာကြတယ်မဟုတ်လား...
ဖြစ်နိုင်ပါတယ်...ဖြစ်နိုင်တယ်ဆိုတာက ဆရာဝန်ကြီး
ပြောသလို မစင်ဆိုတာထက် ပြင်ပရေဆိုးဆိုရင် ပိုမှန်
ပါလိမ့်မယ်။

ကျွန်တော် သိထားသလောက်တော့ ဂျိုးဖြူရေ
ပိုက်လိုင်းကြီးဟာနှစ်ပေါင်းကြာမြင့်နေပြီဖြစ်သည့်
အလျောက် အချို့သော နေရာတွေဟာ Water Leaking ဖြစ်နေပါတယ်။ရေတွေစိမ့်ထွက်၊ပေါက်ထွက်နေတာကို ပြောတာပါ။

ဂျိုးဖြူပိုက်ကြီး သွယ်တန်းထားပုံကလည်း လူနေအိမ်၊
ရပ်ကွက် နှင့် မြစ်ချောင်းတွေကြားကနေတဆင့် သွယ်တန်းထားတာဆိုတော့ နည်းနည်းတော့ ကြံဖန်ပြီး
တွေးတောစဉ်းစားကြည့်ရမှာပေါ့နော...
ဥပမာဗျာ... ပျက်စီးပေါက်ကွဲနေသော (၄)လက်မ အရွယ်အစားရှိတဲ့ PVC ကော် ရေပိုက်တစ်ခုကို
တပ်ဆင်အသုံးပြုပြီးတော့ ရေစုပ်စက်ဖြင့် ရေမောင်း
တင်ကြည့်ပါ..ရေ၏တွန်းကန်အားကြောင့် ပေါက်ပြဲ
နေသည့်နေရာက ရေများပမ်းထွက်လာပါလိမ့်မယ်။

ဒီလိုရေအားနဲ့တွန်းကန်ပေါက်ထွက်နေချိန်မှာ ပြင်ပရေဟာ ဒီပေါက်ထွက်နေတဲ့နေရာကနေတဆင့် ဒီpvc ပိုက်ထဲကို ဝင်ရောက်ဖို့ဆိုတာ လုံးဝမလွယ်ကူ
ပါဘူး...ဘာဖြစ်လို့လဲဆိုတော့ ပေါက်ထွက်နေတဲ့
နေရာက အပေါက်ဟာရေဖိ့အားကြောင့်မှုတ်ထုတ်၊
တွန်းထုတ်နေခြင်းကြောင့်ဖြစ်ပါတယ်။

အကယ်၍ ဒီအပေါက်ရှိတဲ့ pvc ပိုက်ဟာ ရေအပြည့်
ပို့လွှတ်မထားဘူး ပိုက်တစ်ဝက်မျှသာ ပို့လွှတ်ထား
တယ်ဆိုရင် ၄င်းအပေါက်ဟာ ပိုက်ရဲ့အောက်ပိုင်းမှာ
မဟုတ်ပဲ ရေမရောက်တဲ့ ပိုက်ရဲ့အထက်မှာတည်ရှိ
နေမယ်ဆိုရင် ရေကြီးရေလျှံချိန်၌ ပြင်ပရေများ၊ရေဆိုး
များဝင်ရောက်နိုင်စွမ်းရှိပါတယ်။

ဂျိုးဖြူပိုက်ဟာလည်းထိုနည်းတူစွာပါပဲ...
ဂျိုးဖြူပင်မပိုက်ကြီးပဲဖစ်ဖြစ်၊ဂျိုးဖြူပိုက်ကြီးမှ
တဆင့်ခွဲထွက်တဲ့ ဂျိုးဖြူပိုက်လက်တက်ပဲဖြစ်ဖြစ် ရေအပြည့်ပို့လွတ်ထားခြင်း၊ရေအပြည့်ပို့လွတ်နိုင်ခြင်း၊
ပိုက်အပြည့်မဟုတ်ပဲနဲ့ရေအားလျော့နည်းနေခြင်း
များဖြစ်ပေါ်ချိန်၌ရေနက်ပိုင်း၊ချောင်း၊မြောင်းတွေမှ
တဆင့်သွယ်တန်းထားတဲ့ ဂျိုးဖြူပိုက်ဟာ အကယ်၍ ၄င်းနေရာများ၌အပေါက်ရှိမည်ဆိုပါလျှင်ရေကြီး
ရေလျှံချိန်များ၌ ပြင်ပရေဆိုးများ စိမ့်စီး ဝင်ရောက်နိုင်
ပါတယ်။

ယခုနေ ဂျိုးဖြူရေကို ခပ်ယူပြီး စစ်ဆေးချက်တွေ
ပြုလုပ်ပေမဲ့ ပြစ်ချက်ကတွေ့ရင်လည်းတွေ့မယ်၊
မတွေ့ရင်လည်းမတွေ့ဘူး...ဘာဖြစ်လို့လဲဆိုတော့ ဂျိုးဖြူပိုက်ဆိုတာက ရေသန့်ပို့လွှတ်တဲ့ပိုက်ဖြစ်နေတာဆိုတော့ ပြင်ပက
ရေဆိုးအနည်းငယ်ဝင်ရောက်တာမှန်ပေမဲ့ ရေဆိုး
ပမာဏထက်ရေသန့်ပမာဏကပိုများနေခြင်းကြောင့်
စစ်ဆေးချက်များပြုလုပ်ပေမဲ့ သန့်စင်ပါတယ် ဆိုတဲ့
အဖြေသာထွက်လာပါလိမ့်မယ်။

ဒါ့ကြောင့် ဂျိုးဖြူရေထဲ၌ ပြင်ပရေဆိုးပါဝင်နေခြင်း၊မပါဝင်ခြင်းဆိုတာ မှန်တယ်၊မှားတယ်ဆိုတာထက် ပိုက်လိုင်းကြီးတစ်လျှောက် စစ်ဆေးချက်များပြုလုပ်
သင့်ပါကြောင်း အကြံပြုရင်း ရေးသားဖော်ပြ
လိုက်ပါသည်။

ကျေးဇူးတင်ပါတယ်..
ဘဝခါးခါး✏
COPY-San Min Htun FB.
ဓာတ်ပုံအားလုံးက Facebook ကပေါ်ကရှာထားတော့ မူရင်းပိုင်ရှင်များကို Credit ပေးပါတယ်။
















...............................................................
India ကရေပိုက်ပုံတွေကိုယူလာပြီး ရန်ကုန်ကရေပိုက်တွေပါဆိုပြီးလုပ်ကြံနေကြပြန်လေ၏။ 






No comments:

Post a Comment