Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 4, 2018

အလကား ဆန်ကုန်မြေလေးတွေ မြွေပွေးခါးပိုက်ပိုက်တွေ


မုဒိမ်းသမားဆိုတာ ကာမကိုဆာလောင်လို့ဖြစ်ရတာပဲ
ကာမကို စပ်ယှက်ချင်တာချင်းအတူတူ လမ်းပေါ်က ပြည့်တန်ဆာနဲ့ ဆက်ဆံလိုက်ရလို့ အာသာပြေမသွားဘူး

ရိုးသားဖြူစင်တဲ့ကလေးငယ်လေးတွေ
မယ်သီလရှင် လို့ သူတော်စင် တွေ ကျောင်းဆရာမလေးတွေကို စော်ကားရမှ အာသာပြေသွားတဲ့သဘောရှိတယ်

တချို့ လူတွေက
နှိပ်စက်ညှင်းပန်းရတာကိုးကိုကြိုက်တာ
ကြိုက်တယ်ဆိုတာထက်သာယာတယ်လို့ပြောရင်ပိုမှန်မယ်

ဘယ်နှယ့် ကာမတစ်ခါဆက်ယှက်ဖို့အရေး တစ်ဘက်သားကို အမျိုးစုံညှင်းပန်း ရိုက်ပုတ်ကန်ကျောက်
လည်ပင်းညှစ် ဝက်အူလှည့်နဲ့ထိုး

တစ်ဘက်သားက ငိုကြီးချက်မနဲ့ တောင်းပန် အော်ဟစ်တော့မှ
သားမယားပြုကျင့်ပြီး
ကာမဆန္ဒပြည့်သွားရတဲ့ အရူးတွေရှိတယ်

ကိစ္စပြီးလို့ သတိ ဝင်လာတော့ ကြောက်ပြီး သတ်ပစ်လိုက်ရော

လောလောလတ်လတ်ဖြစ်သွားတဲ့ တက်စီဆရာနဲ့ နေပြည်တော်ကဝန်ထမ်း အမျိုးကောင်းသမီးလေးကိုကြည့်

ဒါဟာ အငုံ့စိတ်ပဲ..
Inferiority complex ဆိုတာ အငုံ့စိတ်လို့ခေါ်ပါတယ်
စိတ်ထဲမှာ သူ့အလိုလိုဝင်နေတဲ့ သိမ်ငယ်နိမ့်ကျစိတ်ပါ

သိပ်ခံရခက်နေတာပေါ့
သူများလို သူ့ဘဝ ဖြစ်ဖြစ်မြောက်မြောက်မရှိဘူး
ပတ်ဝန်းကျင်ရဲ့ လေးစားအထင်ကြီးမှုမရဘူး
နေရာမရဘူး

အဲဒီစိတ်ဟာ ယောကျာ်းမှာရော မိန်းမမှာရောဖြစ်တတ်တယ်
တချို့သိသိသာသာရှိနေတတ်တယ်
တချို့မသိမသာရှိနေတတ်တယ်

အဲဒီ သိမ်ငယ်နိမ့်ကျနေတဲ့ အငုံ့စိတ်ရဲ့ ထွက်ပေါက်အဖြစ် တော်တဲ့လူတွေ
မြင့်မြတ်တဲ့သူတွေ
ရိုးသားဖြူစင်သူတွေကို စော်ကားလိုက်ရမှ တိုက်ခိုက်လိုက်ရမှ အာသာပြေသွားကြတာမျိုးရှိတယ်
စိတ်ရောဂါတစ်မျိုးပေါ့လေ

ခု ဟော့နေသော ဗေဒင်ဆရာ ဇါတ်လမ်းသည်လည်း သည်သဘောအတိုင်းပဲ

လာကြတဲ့ ကလေးမလေးတွေက သန့်သန့်ပြန့်ပြန့် ရည်ရည်မွန်မွန်လေးတွေပါမယ်

ဒီမိန်းကလေးတွေကို ရင်ဘတ်လက်နဲ့ထိပြီး
ယတြာလုပ်တယ်ဆိုတာ တမင်သက်သက် နှာဘူးထလိုက်တာပဲလို့မြင်မိတယ်

ဒါတွေကိုဖေါ်ထုတ်ကြဖို့လိုတယ်
ထွက်လာတဲ့အမျိုးသမီးတွေရဲ့ အသံတွေကို အားရမိတယ်
ရှက်ရမှာက သူတို့လိုကောင်တွေပါ....

အမျိုးသမီးတွေ ဒီလို စော်ကားခံရတယ်ဆို မိသားစု တွေကိုယ်တိုင်က ဒါနင်အနေအထိုင်မတတ်လို့ဖြစ်ရတာ ဆိုပြီး အမျိုးသမီးပေါ်ကိုပဲ ပုံချတတ်ကြတယ်
သူတို့ကပဲ အမလေး ရှက်လိုက်တာလို့ ဖြစ်ရသေးတယ်

ဒါကလည်း ကျွန်မတို့ လူမှူအသိုင်းအဝိုင်းမှာ ဝမ်းနည်းစရာ အချက်တစ်ခုဖြစ်တယ်

အမျိုးသမီးက ရွလို့
ကလက်လို့
စကတ်တိုလို့
ရင်သားကြီးလို့
အိမ်ပြန်နောက်ကျလို့
စသည်ဖြင့် အမျိုးသမီးပေါ် အပြစ်မြင်တတ်တဲ့ ပတ်ဝန်းကျင်ကြောင့်
ဒီလိုခံရတဲ့ အမျိုးသမီးတွေဟာ ရှက်ပြီး မပြောရဲကြတော့ဘူး
ငါ့ကိုတော့ ထတယ် ရွတယ်လို့ထင်ကြတော့မှာပဲ ဆိုပြီးငြိမ်ခံနေလိုက်ကြတာများတယ်

အဲတာမျိုးကအဆိုးဆုံးပဲ ကြာလာလေ စိတ်ပိုင်းဆိုင်ရာပြသနာကြီးလာလေပဲ
ဒီလိုအမျိုးသမီးတွေဟာ ဘဝမှာ ဘာမှဖြစ်မလာကြတော့ဘူး

ကမ္ဘာကျော် ရုပ်သံ အင်တာဗျူးသူ အိုပရာဝင်းဖရေး Oprah Winfrey ဟာ ငယ်ငယ်တုန်းကဆင်းရဲတဲ့မိသားစုကနေ ပေါက်ဖွားလာတယ်
ငယ်ဘဝမှာ အကြိမ်ကြိမ် rape လုပ်တာခံခဲ့ရတယ်တဲ့
၁၄နှစ်သမီးနဲ့ မလိုချင်တဲ့ ကိုယ်ဝန်ရခဲ့တယ်

ဒါပေမဲ့ သူ့ဘဝကို ရဲရဲရင့်ရင့် ရင်ဆိုင်ခဲ့တယ်
အခု သူဟာ US 3 billions ချမ်းသာတဲ့ ကမ္ဘာကျော်တစ်ယောက်ဖြစ်ခဲ့ပြီ

ဒါမျိုးအလုပ်ခံရလို့ ရှက်ပြီး မပြောရဲမဆိုရဲ ကျိတ်ခံ
ကိုယ့်ဘာသာ ထီးရိုးနဲ့ထိုးချ
အဲဒါမျိုးတွေလုပ်ရင်တော့ ဘာမှဖြစ်လာကြမှာမဟုတ်ဘူး မိန်းမတွေရေ

ကိုယ်ကိုယ်တိုင်လဲ သတ္တိရှိကြပါ
သူများဖြစ်ရင်လည်း အတင်းမတုပ်ကြပါနဲ့ မကဲ့ရဲ့ကြပါနဲ့ မနှိမ်ကြပါနဲ့
မထိုးနှက်ကြပါနဲ့
အားပေးကူညီကြပါ

မနေ့ကပဲ ညီမလေးတစ်ယောက်နဲ့ စကားပြောမိတော့ သူတို့ သူငယ်ချင်းနှစ်ယောက်လည်း တစ်ခါတုန်းကဆရာ တစ်ယောက်ဆီ ဗေဒင်သွားမေးတော့ ညီမလေး ရည်းစား ညီမလေးဆီပြန်လာစေချင်တယ်ဆို ညီမလေး မိန်းမကိုယ်ကို အမျိုးသား တစ်ယောက်ရဲ့ အင်္ဂါနဲ့ ခဏလောက်ထိထားပေးရင် ပြန်လာလိမ့်မယ်.. လို့ပြောသတဲ့

အဲဒီကိစ္စလည်း ဆရာကူညီမယ်ဆိုလို့ သူတို့ကြောက်ပြီးထွက်ပြေးလာကြသတဲ့လေ

ဒါမျိုးဆရာတွေတစ်ယောက်မကရှိနိုင်သေးတယ်
ဒီလို ကိစ္စတွေကို ဘယ်လို ကိုင်တွယ်ကြမှာလဲ

ခုပဲ သတင်းတစ်ပုဒ်တက်လာတယ် စမ်းချောင်း ဟုမ်းလမ်းနားမှာ ၄နှစ်ကလေးမလေး ခေါင်းမှာ ဒဏ်ရာတွေနဲ့ သားမယားအဖြစ်ဆက်ဆံခံထားရတာလဲ တွေ့ရပါသတဲ့

သက်ငယ်မုဒိမ်းမှုတစ်ခုမှာ ၅နှစ်လောက် ကလေးမလေးက ဘယ်လိုထွက်သလဲဆိုရင်
.......
သမီးလေးရယ်
အဖေမခံနိုင်တော့လို့ပါ သမီးလေးရဲ့
........
လို့ သူ့အဖေကပြောပြီး လုပ်လိုက်တာပါတဲ့

ကျွန်မအဒေါ်တွေ နေပြည်တော်ကို express ကားကြီးနဲ့သွားကြတာ ပါလာတဲ့ သူတို့ညီမတစ်ယောက် ထိုင်နေတဲ့ ခုံကြားထဲကို အနောက်ဖက်ကနေ လက်ကြီးတစ်ဖက်ဝင်ဝင်လာပါသတဲ့
အိပ်နေရင်းယောင်ပြီးနှိုက်မိတာဆိုပဲ

တချို့ကောင်တွေလည်း ဘာမှ အလုပ်အကိုင် မည်မည်ရရ မရှိတော့ အားအားရှိ မြို့တစ်ပတ်ကားလိုက်စီးရင်း ကားပေါ်တက်လာတဲ့ အမျိုးသမီးတွေကိုသူ့ပစ္စည်းနဲ့ ထိထားလိုက်ရမှ
ထောက်ထားလိုက်ရမှ ပွတ်သပ်လိုက်ရမှ
ကျေနပ်ကြတယ်တဲ့

တချို့မိန်းကလေးတွေ ညအပြန် မိုးချုပ်တာရှိတယ် လမ်းထောင့်ကစောင့်ပြီး သူ့ဟာကြီး လှန်ပြလိုက်ရမှ အာသာပြေတဲ့ လူတွေရှိသတဲ့

ဖဘမှာလဲ တစ်ဒုက္ခ
အမျိုးသမီး အကောင့်တွေထဲ သူတို့ အင်္ဂါပုံတွေ လာပို့တယ်..
Sex chat နိုင်မှ လာအပ်ပါဆိုတဲ့ သုတ်ကြောင် အကောင့်မျိုးတွေ့ဖူးတယ်

ကျွန်မသူငယ်ချင်းတစ်ယောက်ဆီ ဖဘကနေ အမျိုးသမီးနာမည်နဲ့အကောင့်ကစာပို့တယ်
Sex chat လားရှင့်တဲ့..
သူဘအကောင့်ထဲဝင်ကြည့်တော့မှ စုတ်စုတ်ပြတ်ပြတ် သက်ဆိုးမရှည်မဲ့ရုပ်နဲ့ လူတစ်ယောက် ဖြစ်နေတယ်

သမီးတပည့်လေးတစ်ယောက်ဆီလဲ မကြာခင်ကပဲ ဖဘကနေ လူတစ်ယောက်က စာပို့တယ်

မင်းရဲ့စကတ်အောက်က ဓါတ်ပုံကိုငါရိုက်ထားတယ်
ဖဘမှာငါဖြန့်မယ်တဲ့

စကတ်အောက်ကပုံဆိုတော့ ဘာလဲ ပုရွတ်ဆိတ်လား ခါချဉ်လား
ဖြစ်နိုင်တာပဲလေ

ဘယ်က ပုံ မှုန်တုန်ဝါးတားတွေရိုက်လာမှန်းလဲမသိပါဘူး
လာပြပြီးအခြေအမြစ်မရှိဘဲ ထကြောင်တာ
ရုပ်ရှင်တွေထဲကလို ခြိမ်းခြောက်မယ် လှည့်ဖျားမယ် ရမလားပေါ့

သတ္တိရှိတဲ့ မိန်းကလေးက screen shot တွေရိုက်ပြီး အမျိုးသမီးရေးရာတွေရော ရဲစခန်းရော တိုင်တော့ ပျောက်သွားပါသတည်းပေါ့

အဲဒါမျိုးတွေကြုံခဲ့ရင် screen shot တွေရိုက်ထားဖို့မမေ့ပါနဲ့
Chat box setting ကိုချိန်ပါ
သူငယ်ချင်း မဟုတ်တဲ့လူဆီက msgတွေ မဝင်နိုင်အောင် လုပ်ထားပါ

ကျွန်မရဲ့ ကိုယ်တွေ့အဖြစ်အပျက်တစ်ခုကတော့ ဖုံးတစ်ခုဝင်လာတယ်
ကိုင်လိုက်တော့ အမျိုးသားတစ်ယောက်
အမရေ တစ်ခုလောက်ပြောချင်လို့ပါ ဆိုတော့ ဘာလဲ ပေါ့
အမရဲ့ေ_ာက်_ုတ်လေးကို ကျွန်တော့် _ီးနဲ့ _ှိုးချင်လို့ တဲ့
ရုတ်တရက်ထူပူပြီး ဖုံးချလိုက်မိတယ်

အဲဒီအချိန်မှာ ကျွန်မက ဘုန်းကြီးကျောင်းသားလေးတွေကို စာသင်ပေးနေတာ

ပတ်ဝန်းကျင်ရဲ့ gender ကျားမ ခွဲခြားမှုအရ
ကြီးမြတ်တယ်ဆိုတဲ့ တန်းဝင်နေတဲ့ အမျိုးသားတစ်ယောက်က
ူနှုတ်သရမ်းတာကို ခံလိုက်ရတဲ့ ကျွန်မဟာ အဲဒီအချိန်မှာ တကယ် မွန်မြတ်သောအလုပ်တစ်ခုကို လုပ်နေခဲ့တယ်

ဖုံးက တောက်လျှောက်ဝင်နေလို့ ring off လုပ်ထားရတယ်
နောက်တော့ ဖုံးကိုင်လိုက်တယ် ဒါပဲထပ်ပြောတယ်
မင်းအသက် ဘယ်လောက်လဲ ဆိုတော့ ၂၀တဲ့
ငါသာ အသက်၂၀နဲ့ ကလေးအမေဖြစ်ခဲ့ရင် နင်ဟာငါ့သားအရွယ်လို့ပြောပြီး သူ့နံပါတ်ကို call blocker ထဲထည့်လိုက်ရတယ်

စဉ်းစားကြည့်တော့ ဝမ်းနည်းစရာကြီး
စိတ်ယဉ်ကျေးမှု ချို့တဲ့ခြင်းဟာ
ကျွန်မတို့ လူမှုပတ်ဝန်းကျင်အတွက် ကြီးမားသောဆုံးရှုံးမှူပဲ

နိုင်ငံနဲ့ချီပြီးပြောရရင် လူုစွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးနေတာပဲ

ဒီသတင်းတွေကြားရတာလည်း စိပ်လာတယ်

ကာမဆန္ဒ
ဆိုတာ လူတိုင်းမှာရှိတယ်
အထိအတွေ့ဆိုတာ လူတိုင်းသာယာတတ်တယ်

ဒါပေမဲ့ စည်းတွေကျော်ပြီး မြင်မြင်သမျှ သရမ်းချင်နေပါတယ်ဆိုရင်တော့
တိရိစ္ဆာန်လောက်ပဲအသိရှိတယ်လို့ပြောရမှာပဲ

ဒါမျိုးက မြန်မာပြည်မှာမှမဟုတ်ဘူး
နိုင်ငံတိုင်းမှာရှိတယ်

အမေရိကားမှာ လွန်ခဲ့တဲ့နှစ်များဆီက ကမ္ဘာ့ အိုလံပစ် ကော်မတီထဲမှာတောင်ပါတဲ့ Physiotherapist တစ်ယောက် ရဲ့
Sexual abuse ဆိုတဲ့ caseတက်လာဖူးတယ်

အိုလံပစ်ထဲပါတဲ့ ကျောင်းသူကျောင်းသား ဆယ်ကျော်သက်တွေ ကစားကြရင် အကြောညပ်ပြန်ပြီ ကြွက်သားနာပြန်ပြီနဲ့  သူ့ဆီရောက်လာတော့ နှိပ်နယ်ပေးရင်း မဆိုင်တာတွေလျှောက်ကိုင်နေတာ နှစ်ပေါင်းများစွာ
နောက်တော့ #metoo ဆိုတဲ့ ကျွန်မကိုလဲဒီလိုလုပ်တယ် ကျွန်မကိုကျဒီလိုပါနဲ့ သူနဲ့ပတ်သက်ပြီးအသံတွေထွက်လာတော့ ကျသွားတယ်

ထောင် ၁၆၅နှစ် ..

လူ၃ခါလောက်ပြန်ဖြစ်လို့ရတဲ့ နှစ်ကြီးသမား
သေရင်တောင်မကျွတ်ဘဲ အထဲဆက်နေရမှာ..

ထားပါတော့
သူများနိုင်ငံမို့ ကိုယ့်ကိစ္စမဟုတ်..

မြန်မာပြည်မှာ ဒီလောက်အတင့်ရဲနေတဲ့ အမျိုးသားတွေကို.ဘယ်လို ဆုံးမကြမှာလဲ
ဖဘပေါ် ညီညာဖျဖျဝိုင်းဝန်း တက်ဆဲနေရုံနဲ့ ပြီးမသွားဘူး

သေဒဏ်ချပါစေဆုတောင်းတော့လည်း သတ္တဝါတစ်ဦးရဲ့အသက်မို့ နေရင်းထိုင်ရင်း အကုသိုလ်များရတယ်

ဘာဖြစ်လို့ ဒါမျိုးတွေလုပ်ရလဲဆိုတာ ပညာပေးဆွေးနွေးမှုတွေ လုပ်နိုင်ရင်လုပ်

မလုပ်နိုင်ရင်တော့လည်း အလကား ဆန်ကုန်မြေလေးတွေ
မြွေပွေးခါးပိုက်ပိုက်တွေ
ညယ်နားထားရမှန်းမသိတဲ့ချီးထုပ်တွေ
ပြုမရပြင်မရ
ရိုင်းစိုင်းယုတ်မာတဲ့ အောက်တန်းစားတွေ
သုတ်ကြောင်ဖို့ကလွဲလို့အဖြစ်မရှိတဲ့ဟာတွေ

သေ..အေးရော
မြန်မြန်
သတ်ပစ်လိုက်
ကောင်းတယ်

Mon Halsey
5th Feb 2018

No comments:

Post a Comment