Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 11, 2018

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မှတ်တမ်း - ​ဆောင်းပါး

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မှတ်တမ်း - ​ဆောင်းပါး



ဆက်လက်၍ ဗမာပြည်နဲ့ ပေါင်း လိုက်ရင် ခင်ဗျားတို့အပေါ်မှာ အင်္ဂလိပ် တို့က မအုပ်ချုပ်ရဲတော့ဘူး၊ ခင်ဗျားတို့ နယ်ကို ခင်ဗျားတို့အုပ်ချုပ်ရမယ်၊ ဥပမာ- စတီဗင်ဆင်လို အင်္ဂလိပ်အရာရှိက ခင်ဗျားတို့ကို အုပ်ချုပ်စေခိုင်းနေတယ်၊ ဟိုအခါကျရင် သူလိုလူကို ခင်ဗျားတို့က အုပ်ချုပ်စေခိုင်းနိုင်တယ်၊ ဗမာများက ကချင်များအပေါ် စိုးမိုးအုပ်ချုပ်မှာ မဟုတ်ဘူး၊ ကချင်တောင်တန်းနယ်ကို ကချင်များ သဘောကျ အုပ်ချုပ်ကြရမယ်၊ သို့ရာတွင် တစ်ပြည်လုံးနဲ့သက်ဆိုင်တဲ့ ဘဏ္ဍာရေး၊ ကာကွယ်ရေး၊ စီးပွားရေး စသည်တို့ကိုတော့ ကချင်ဝန်ကြီးများ ပါဝင်တဲ့ အစိုးရအဖွဲ့က ဆောင်ရွက်မှာပဲ၊ ဘာသာရေးမှာလည်း လွတ်လပ်စွာ ကိုးကွယ်ချင်တာကို ကိုးကွယ်နိုင်တယ်'' ဟု ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် မြစ်ကြီးနားနှင့် ငါးမိုင်ခန့် ဝေးသော မန်ခိန်ရွာ စာသင်ကျောင်းဝင်း အတွင်းရှိ မဏ္ဍပ်တွင် ဗိုလ်ချုပ်အောင်ဆန်း အား အထူးယုံကြည်အားထားရသော မိတ်ဆွေဖြစ်ကြောင်း အထိမ်းအမှတ် အဖြစ် ကချင်အမျိုးသားတို့၏ ဓလေ့ထုံးစံ အတိုင်း ထမင်းကျွေးခြင်း၊ ဓားလွယ် လက်ဆောင်ပေးခြင်းများ ပြုလုပ်ကြ သည်။ ထိုအခမ်းအနားတွင် ဗိုလ်ချုပ် အောင်ဆန်းက ''ကျွန်တော်တို့ လိုလား ချက်က ရှမ်းပြည်၊ ဂျင်းဖော၊ ချင်း တောင်တန်းများကို ဘုရင်ခံက တာဝန် မယူဘဲ ထိုတောင်တန်းနယ်များဆိုင်ရာ ရှမ်း၊ ဂျင်းဖော၊ ချင်းအမျိုးသားများအား တာဝန်ပေးကာ ဆောင်ရွက်စေရန် ဖြစ်ပါ တယ်၊ ယခုလိုဆောင်ရွက်တာပင် ကျွန်တော်တို့က ဂျင်းဖော စတဲ့ တိုင်းရင်းသားတွေအပေါ်မှာ စေတနာ ကောင်း ထားကြောင်း၊ ခင်မင်ရင်းနှီးတဲ့ စိတ်ထားရှိကြောင်း သက်သေများပင် ဖြစ်ပါတယ်''ဟု တိုင်းရင်းသားစည်းလုံးညီညွတ် ရေး၊ တောင်တန်းနှင့် ပြည်မ မခွဲခြားရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ရေးတို့နှင့်ပတ်သက်၍ ပြောကြားခဲ့ သည်။

မွန်၊ ကရင်တိုင်းရင်းသားများ

ကချင်တိုင်းရင်းသားများနှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်မှ ၂၆ ရက် အထိ သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင်၊ ဘားအံ၊ လှိုင်းဘွဲ၊ ကပ္ပလီရွာ၊ သထုံမြို့၊ ရှမ်းပြည်နယ် များသို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ခရီးထွက်ခဲ့သည်။ ဒီဇင်ဘာ ၂၁ ရက် လှိုင်းဘွဲမြို့နယ် ကပ္ပလီရွာသို့ရောက်ရှိစဉ် ကရင်တိုင်းရင်းသား တစ်ထောင်ကျော်တို့က ချီးကျူးယုံကြည်အားထားမှု အခမ်းအနား ကျင်းပသည်။ လူမျိုးရေးခေါင်းဆောင်ကြီး အစစ်ဖြစ်သည့် ဗိုလ်ချုပ်အား အြ<ွကင်းမဲ့ ယုံကြည်အားထားကြောင်း၊ ဗိုလ်ချုပ်၏ ရှေ့ဆောင်ရာသို့ နောက်မှလိုက်ပါရန် အသင့် ရှိကြောင်း ပဋိညာဉ်ခံဝန်ချက်များ ပေးကြ သည်။ နေ့လယ်ပိုင်းတွင် ကရင်လူထု နှစ်သောင်းကျော်ရှိသော လူထုတရားပွဲကြီး ကျင်းပသည်။

ရှမ်း၊ ကယား၊ ပဒေါင်တိုင်းရင်းသားများ

၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ရောက်ရှိသွား သည်။ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင် သော ဖဆပလ အဖွဲ့ခေါင်းဆောင်များနှင့် ရှမ်းပြည်မျိုးချစ်လူငယ် ခေါင်းဆောင်များ သည် တူညီသော ယုံကြည်ချက်၊ တူညီသော အယူအဆများကို အရင်းခံ၍ ရင်းနှီးစွာ သွေးစည်းခဲ့ကြသည်။ သို့သော် သွေးစည်းမှုနှင့် မပြီးသေး၊ ရှမ်းပြည်နယ်ရှိ ပဒေသရာဇ် စော်ဘွားများအား စည်းရုံးသိမ်းသွင်းရေးမှာ လွန်စွာလိုအပ်လျက်ရှိကြောင်း ဖဆပလ ခေါင်းဆောင်များနှင့် ရှမ်းလူငယ်များက သိရှိ ကြသည်။ ထို့ကြောင့် ဖဆပလ ခေါင်းဆောင် များသည် စော်ဘွားများအား စည်းရုံးရပြန် သည်။ ထို့နောက် ဗိုလ်ချုပ်နှင့်အဖွဲ့ တောင်ကြီး တွင် ခေတ္တနားပြီးနောက် လွိုင်ကော်သို့ ဆက်လက်ခရီးထွက်ကြပြန်သည်။

လွိုင်ကော်တွင် ဗိုလ်ချုပ်အောင်ဆန်း တည်းခိုရန် ဆောက်လုပ်ထားသောအိမ်တွင် ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်၊ မိုင်းပွန် စော်ဘွား စဝ်စံထွန်း၊ ကရင်နီနယ် သမဝါယမ အသင်းမှ ဦးစိန်၊ ကြယ်ဘိုးကြီးမြို့စား စောရွှေ တို့က ကြိုဆိုကြသည်။ ဒီဇင်ဘာ ၂၄ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကရင်နီနယ်နှင့် ပဒေါင်နယ်ကောင်စီဥက္ကဋ္ဌ ဦးဘီ၊ ဒုတိယဥက္ကဋ္ဌ ဦးစောသိန်းတို့နှင့်တွေ့ဆုံ၍ တရားပွဲကျင်းပရာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကရင်ခေါင်းဆောင် စောဘဦးကြီးတို့က မိန့်ခွန်းပြောကြား ကြသည်။ တရားပွဲတွင် နယ်ခြား ဝန်ထောက် စတီဗင်ဆင်က မြန်မာနှင့် တောင်တန်းဒေသများကို သွေးခွဲလျက် ရှိကြောင်း၊ တောင်တန်းသားများကို ချစ်၍မဟုတ်ဘဲ ကြာရှည်အုပ်စိုးလို၍ ဖြစ်ကြောင်း၊ စတီဗင်ဆင်သည် မိမိအား ရင်မဆိုင်ရဲသောကြောင့် မိမိရောက် သောအခါ သံတောင်မှ ဆင်းပြေးပြီ ဖြစ်ကြောင်း၊ ကရင်နီအမျိုးသားတို့အား မိမိတို့နှင့်ပူးပေါင်း၍ လွတ်လပ်ရေး ရစေလိုကြောင်း၊ နယ်ခြားဝန်ထောက်လို အရာရှိ အသေးအမွှားကလေး လက်အောက်တွင် ကရင်နီတစ်မျိုးသားလုံး ကျွန်ဖြစ်နေရသည်မှာ အသည်းနာစရာ ကောင်းလှကြောင်း ပြောကြားသွား ခဲ့သည်။

လွိုင်ကော်တရားပွဲ ပြီးသောအခါ ဗိုလ်ချုပ်အောင်ဆန်းသည် တောင်ကြီးမြို့ သို့ ပြန်လည်ရောက်ရှိသည်။ တောင်ကြီး မြို့တွင် တောင်တန်းဒေသအရေးပိုင်၏ ညစာစားပွဲသို့ တက်ရောက်သည်။ ထိုနေ့ တွင် ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ် အမှုဆောင်များနှင့် ည ၁၁ နာရီအထိ ဆွေးနွေးခဲ့ကြသည်။ ဒီဇင်ဘာ ၂၅ ရက် တွင် တောင်ကြီးမြို့ ညောင်ရွှေဟော်ကြီး တွင် နယ်ရှင်စဝ်ဖများဖြစ်ကြသော ညောင်ရွှေစော်ဘွား၊ မိုင်းပွန်စော်ဘွား၊ သာမိုင်းစော်ဘွား၊ လွယ်လုံ-ပင်မီ စော်ဘွား၊ ကျိုင်းတုံကိုယ်စားလှယ်၊ ညောင်ရွှေကျမိုင်း၊ စကားကျမိုင်း၊ လဲချား ကိုယ်စားလှယ်၊ ဟိုပုန်းမြို့စား၊ တောင်ကြီး မြို့ကိုယ်စားလှယ် ဦးဘဇံတို့နှင့် တွေ့ဆုံ ဆွေးနွေးကြသည်။
ကောင်းဈာန်သိမ်း(မြန်​မာ့အလင်း)

No comments:

Post a Comment