Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 28, 2018

OG ဆရာဝန် တစ်ဦး ရေးတဲ့စာ ( ကျွန်​မနှင့်​ သက်​ငယ်​မုဒိမ်း)


ပုဂ္ဂလိက ​ဆေးခန်းကြီးတခုမှ
အစ်မ​ရေ... လူနာရှိတယ်​ဆိုတာနဲ့ သွားကြည့်​မိတယ်​. အခန်းထဲမှာအသင့်​​စောင့်​​နေတာက ခပ်​ငယ်​ငယ်​ မိန်းက​လေးနှစ်​​ယောက်​...
တ​ယောက်​ကစကပ်​တို​လေးနဲ့...
ဘာဖြစ်​လာတာလဲလို့​မေး​တော့ လည်​လည်​ဝယ်​ဝယ်​ရှိဟန်​တူတဲ့ အကြီးမ​လေးက ဝင်​​ဖြေပါတယ်​။
ကျွန်​မညီမ​လေးရာသီမလာတာ ၅ လ​လောက်​ရှိပြီ​ပြောလို့ပါတဲ့. ဖျတ်​ခနဲတချက်​အကြည့်​မှာ ကျင့်​သားရ​နေတဲ့ ကျွန်​မမျက်​​စေ့ထဲမြင်​မိတာက ခပ်​စူစူဝမ်းဗိုက်​၊ စာအုပ်​ကအသက်​ကိုကြည့်​မိ​တော့ ၁၄နှစ်​တဲ့၊
လေးလံသွား​သောစိတ်​ကိုအသာ​ဖြေရင်း လူနာကိုခုတင်​​ပေါ်တက်​၊ ပါးစပ်​က​မေးရင်း
လက်​ကလည်း စမ်းကြည့်​​တော့ 24 weeks အရွယ်​ပါ. ​သေချာ​အောင်​ fetal doppler နဲ့က​လေးနှလုံးခုန်​သံ​ထောက်​ပြပြီး သမီး​လေးဗိုက်​ထဲမှာ က​လေးရှိ​နေတယ်​၊ ဘယ်​သူနဲ့လဲမှန်​မှန်​​ဖြေဆို​တော့
အ​ကြောက်​အကန်​ငြင်းပါတယ်​.
သမီးဘယ်​သူနဲ့မှမအိပ်​ဖူးဘူးတဲ့.
သူ့အမကိုလဲပြန်​​အော်​ပါတယ်​.
သမီးဘယ်​သူနဲ့မှမအိပ်​ဖူးဘူး.
ရည်းစားလဲမရှိဘူးလို့ ဘယ်​နှစ်​ခါ​ပြောရမလဲ. သမီးဘာမှမသိဘူး. လာမ​မေးနဲ့တဲ့​လေ
ကျွန်​မလဲစိတ်​ကို​လျှော့ချပြီး သမီး. ဗိုက်​ကြီးတယ်​ဆိုတာ​လေ. ​ယောက်ျားတ​ယောက်​နဲ့တညလုံးယှဉ်​အိပ်​စရာမလိုဘူး. သမီးရဲ့ ​အောက်​ပိုင်းကို သူ့​အောက်​ပိုင်းနဲ့ လုပ်​တာနဲ့ ဗိုက်​ကြီးတာ. အဲ့ဒါမျိုးဘယ်​သူလုပ်​လဲလို့​မေး​တော့မှ...(သည်းခံပါရှင်​. ဒီလို​မေးမှအ​ဖြေရခဲ့လို့ပါ)

အဲ့ဒါဆိုအ​မေ့လင်​လုပ်​တာတဲ့. သူ့အမက ​သေချာပြီဆရာမ. အဲ့အ​ကောင်​ရိပ်​မိလို့​နေမယ်​၊
ခု​ပြေးပြီ၊ အိမ်​မှာမရှိ​တော့ဘူး၊ ကျွန်​မကအိမ်​​ထောင်​ကွဲ၊ ညီမ​လေးတခုခုဖြစ်​မှာစိုးလို့​ ခေါ်ထားတာ ရက်​ပိုင်းပဲရှိ​သေးတယ်​၊ ဘယ်​လိုလုပ်​ရမလဲတဲ့၊
Ultrasound ​လေးရိုက်​​တော့. သား​လေး၊
24 weeks ရှိနေပြီ
ဒီပြသနာဟာ မုဒိမ်းမှုဆို​တော့ ခုသမီးအ​မေတို့. ရပ်ကွက်​​လူကြီးတို့ကို ​ပြောပြီး လုပ်​သွားတဲ့
ပ​ထွေးကိုအမြန်​ဖမ်း. ကိစ္စ​တွေပြီးရင်​ဆရာမဆီပြန်​လာ၊ က​လေး​မွေးဖို့. ​မွေးပြီး မလိုချင်​ရင်​ ​မွေးစားမယ်၊့​သူရှာဖို့ဆရာမအကူအညီ​ပေးမယ်​။ က​လေး​တော့
့ဖျက်​မချနဲ့​နော်​၊ ​သေတတ်​တယ်​လို့​ပြောပြီး
လုပ်​စရာရှိတာ​လေး​တွေလုပ်​​ပေးပြီးပြန်​လွှတ်​လိုက်​ပါတယ်​။
(ခုဆိုသူပြသွားတာတစ်လ​ကျော်​ပါပြီ၊ ပြန်​မလာ​သေးပါ)

ဒီ​နေရာမှာကျွန်​မ​ပြောချင်​တာက sex လိင်ကိစ္စ နဲ့
ပတ်​သက်တဲ့ ပညာပေးခြင်း ပါ။
သူသိတာ အလွန်ဆုံး
သူ့အိမ်​ကဘယ်​​ယောက်ျား​လေးနဲ့မှမအိပ်​ရဘူး.
အိပ်​ရင်​ဗိုက်​ကြီးမယ်​လို့သင်​ထားခဲ့ပုံရပါတယ်​၊
ကျွန်​မတို့​မေး​တော့မအိပ်​ဘူးဘဲ အ​ကြောက်​အကန်
ငြင်း​နေတာ​လေ၊ ဒီလိုလုပ်​ရင်​၊ ဒီလို​နေရင်
ဗိုက်​ကြီးတတ်​တယ်​ဆိုတာ​ ပြောမပြထားပုံပါပဲ၊
ဟိုတစ်​နေ့က ဗွီဒီယို​လေးတခုတက်​လာလို့
ကြည့်​မိပါတယ်​၊ သူတို့သင်​တာက မိန်းက​လေး​တွေ​ပေးမထိရမယ့်​​နေရာသုံး​နေရာဆိုပြီး​ပြောပြ. သင်​ပြ​နေတာပါ။
နှုတ်​ခမ်း. ရင်​ဘတ်​. မိန်းမကိုယ်​. အဲ့​နေရာ​တွေကိုထိဖို့ ကြိုးစားလာရင်​ ​အော်​ဖို့ရယ်​. အထိမခံဖို့ရယ်​. လူကြီးတွေကို တိုင်​ဖို့ပါ။

မှန်​ပါတယ်​.
ကျွန်​မတို့​တွေ က​လေး​တွေကို sex education
လိင် ပညာ​ပေးတာ လို​နေပါတယ်​.
ဒီ​နေရာမှာ အမရဲ့လူနာက မသိချင်​​ယောင်​​ဆောင်​သလားလို့မ​မေးပါနဲ့. ​သေချာတယ်​. သူမသိပါဘူး. ဒီလိုလုပ်​လားလို့​မေး​တော့လုပ်​တယ်​​လို့ခပ်​လွယ်​လွယ်​ပဲ​ဖြေတာပါ၊ ဖုံးထားတာမျိုးမဟုတ်​ပါ. စာအသင်​မခံရတဲ့ ​တောသူက​လေးပါ။

မုဒိမ်းမှုတွေများများလာ​နေတဲ့ ယ​နေ့မြန်​မာပြည်​မှာ ကျွန်​မတို့ရဲ့ က​လေးငယ်​​တွေဟာ မသိတာကို အခွင့်​​ကောင်းယူပြီးအသုံးချခံ​နေရတာ လူမသိ​သေးတဲ့ case ဘယ်​​လောက်​များ​နေပြီလဲ၊ ကျွန်​မတို့ က​လေး​​တွေကို sex education လိင်ပညာပေးသင်ခန်းစာကို
စာသင်​ခန်းထဲမှာပါ သင်​သင့်​​နေပြီလို့ထင်​ပါတယ်​.
သင်​ရင်​လည်း ပွင့်​ပွင့်​လင်းလင်း သင်​ရပါတယ်​။

သား​လေးတို့... သမီး​လေးတို့ရဲ့
ဒီသုံး​နေရာကိုဘယ်​သူမှ​ပေးမထိရဖူး​နော်​။
ထိလာတာနဲ့ ​အော်​ပစ်​၊ ရုန်းပစ်​၊
ထွက်​​ပြေးပြီးရင်​ လူကြီး​တွေကို တိုင်​ လို့​လေ။

အဲဒီ သုံးနေရာက
နှုတ်​ခမ်း lips
ရင်​ဘတ်​ chest
ကိုယ်ခန္ဓာ ​အောက်​ပိုင်း

ဘယ်လို သင်ပေးရမယ်ဆိုတာ သက်ဆိုင်ရာ တာဝန် ရှိသူများ အမြန်ဆုံး လုပ်သင့်ပါပြီ။

No comments:

Post a Comment