Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 24, 2018

FDA မွ ဒုတိယႀကီးၾကပ္ေရးမွဴး အမ်ဳိးသမီးအား သတ္ၿပီး ဒဂုံၿမိဳ႕သစ္ ( ေျမာက္ပုိင္း ) ၿမိဳ႕နယ္၊ ငမုိးရိပ္ေခ်ာင္းကူး တံတားေဘးတြင္ အေလာင္းစြန္႕ပစ္ထားေသာ လူသတ္မုဒိမ္းမႈမွ ျပစ္မႈက်ဴးလြန္သူအား ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႕က ၄ ရက္ အတြင္း ေဖာ္ထုတ္ဖမ္းဆီးရမိ




ရန္ကုန္၊ ဇန္နဝါရီလ ၂၄

အစားအေသာက္ႏွင့္ေဆးဝါးဦးစီးဌာန ( FDA)မွ ဒုတိယႀကီးၾကပ္ေရးမွဴး
မေရႊရည္ဝင္း(ခ) ေရႊရည္ ( ၂၅) ႏွစ္အား သတ္ၿပီး ဒဂုံေျမာက္ၿမိဳ႕နယ္၊
(၃၃) တုိးခ်ဲ႕ရပ္ကြက္၊ ငါးမာန္ေအာင္ဘုရားလမ္း၊ ငမုိးရိပ္ေခ်ာင္းေဘး၊
ဖူဆယ္မုိးလုံ ေလလုံအားကစားရုံအနီး ေခ်ာင္းေရေက်ာ္တံတားအစပ္
ကုလားမန္က်ည္းပင္ေအာက္တြင္ အေလာင္း ပစ္ထားခဲ့သည့္ အမႈမွ
ျပစ္မႈက်ဴးလြန္သူအား ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႔က (၄)ရက္အတြင္း
ေဖာ္ထုတ္ဖမ္းဆီး ရမိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ဇန္နဝါရီလ ၂၁ ရက္ေန႔ နံနက္ ၀၇၃၀ အခ်ိန္ခန္႕က ဒဂုံေျမာက္
ၿမိဳ႕နယ္၊ (၃၃)တုိးခ်ဲ႕ရပ္ကြက္၊ ငါးမာန္ေအာင္ ဘုရားလမ္း၊ ငမုိးရိပ္ေခ်ာင္း
ေဘး ၊ ဖူဆယ္မုိးလုံေလလုံအားကစားရုံအနီး ေခ်ာင္းေရေက်ာ္တံတားအစပ္
ကုလား မန္က်ည္းပင္ေအာက္တြင္ အမည္မသိ အမ်ိဳးသမီးတစ္ဦးမွာ
ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနေၾကာင္း သတင္းရရွိသျဖင့္ စုံစမ္းေဖာ္ထုတ္ႏိုင္
ရန္ ဒဂုံၿမိဳ႕သစ္ (ေျမာက္ပုိင္း) ၿမိဳ႕မရဲစခန္း (ပ) ၈၃ / ၂၀၁၈ ၊ ရာဇသတ္ႀကီး
ပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ စုံစမ္းေဆာင္ရြက္ခဲ့ပါသည္။

အမႈမွာ အမ်ားျပည္သူစိတ္ဝင္စားသည့္ ထူးျခားေသာ မႈခင္းတစ္ခုျဖစ္သျဖင့္
အမႈမွန္ အျမန္ေဖာ္ထုတ္ရန္ႏွင့္ ျပစ္မႈ က်ဴးလြန္သူအား အျမန္ေဖာ္ထုတ္
ဖမ္းဆီးရမိေရးအတြက္ တုိင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴး ဦးစီး၍ ရန္ကုန္တုိင္း
ေဒသႀကီး ရဲတပ္ဖြဲ႔မွဴးရုံးမွ မႈခင္းအကူဌာနစု၊ အုပ္ခ်ဳပ္မႈအကူတပ္ခြဲ၊ အေရွ႕
ပုိင္းခရုိင္ရဲတပ္ဖြဲ႕မွဴး၊ အေနာက္ပုိင္း ခရုိင္ရဲတပ္ဖြဲ႕မွဴးနွင့္ ခရုိင္မႈခင္းႏွိမ္နင္း
ေရးဌာနစု၊ ဒဂုံၿမိဳ႕သစ္(ေျမာက္ပုိင္း) ၿမိဳ႕နယ္မွ ရဲတပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ
အထူးအမႈစစ္အဖြဲ႕ကုိ ဖြဲ႕စည္းၿပီး စံုစမ္းစစ္ေဆးရရွိသည့္ သတင္းအခ်က္
အလက္မ်ားႏွင့္ သဲလြန္စအေထာက္အထားမ်ားကုိ အေျချပဳ
စံုစမ္းေဆာင္ရြက္ခဲ့ပါသည္။

အမႈမွ ေသဆုံးသူ အမ်ိဳးသမီးအား အတည္ျပဳႏုိင္ေရးအတြက္ အဖြဲ႕မ်ားခြဲ၍
စုံစမ္းခဲ့ရာ ေသဆုံးသူမွာ ဒဂုံၿမိဳ႕နယ္၊ ဦးဝိစာရရပ္ကြက္ေန မေရႊရည္ဝင္း(ခ)
ေရႊရည္ (၂၅) ႏွစ္ဆုိသူျဖစ္ေၾကာင္း၊ ေနျပည္ေတာ္တြင္ တာဝန္ထမ္းေဆာင္
ေနရာမွ ဇန္နဝါရီလ ၁၉ ရက္ေန႕က ရန္ကုန္သုိ႔ ျပန္လာခဲ့ၿပီး ဇန္နဝါရီလ
၂၀ရက္ေန႔တြင္ အလုပ္ကိစၥျဖင့္ ေနအိမ္မွ ထြက္သြားရာမွ ျပန္လည္ေရာက္
ရွိျခင္းမရွိသျဖင့္ ဖခင္ျဖစ္သူ ဦးေက်ာ္စုိးက ဒဂုံၿမိဳ႕မ ရဲစခန္းတြင္ လူေပ်ာက္
အမွတ္စဥ္ ( ၁ / ၂၀၁၈ ) ျဖင့္ တုိင္တန္းထားသူျဖစ္ေၾကာင္း အတည္ျပဳရရွိခဲ့
ပါသည္။

ေသဆုံးသူ၏ ေဆြမ်ိဳးမ်ား၏ ထြက္ဆုိခ်က္အရ ေသဆုံးသူ မေရႊရည္ဝင္း (ခ)
ေရႊရည္ ဝတ္ဆင္ထားေသာ ပလက္တီနန္ဆြဲႀကိဳး ၁ ကုံး၊ ပလက္တီနန္ေျခ
က်င္း ၁ ခု၊ ပလက္တီနန္နားဆြဲသီး ၁ ရံ၊ SAMSUNG Galaxy A5
အမ်ိဳးအစား ေရႊေရာင္လက္ကုိင္ဖုန္း ၁ လုံးႏွင့္ ပုိက္ဆံအိတ္ ၁ လုံး
ေပ်ာက္ဆုံးေနေၾကာင္း သိရွိရသျဖင့္ အဆုိပါ ပစၥည္းမ်ားႏွင့္ စပ္လ်ဥ္း၍
ေသဆုံးသူ ကုိင္ေဆာင္သည့္ Sansung Glaxy A5 ဖုန္းအမ်ိဳးအစားလာ
ေရာက္ ေရာင္းခ်ျခင္း၊ ျပဳျပင္ျခင္းေတြ႕ရွိပါက သတင္းေပးပုိ႔ရန္
တယ္လီဖုန္းျပဳျပင္ဆုိင္မ်ားႏွင့္ ေရာင္း/ဝယ္ဆုိင္မ်ားသုိ႕ ျဖန္႔ေ၀ေပးထား
သည့္အျပင္ ေရႊထည္ ပစၥည္းနွင့္ ပလက္တီနန္ ေရာင္း/ဝယ္ ဆုိင္မ်ား ၊
အေပါင္ဆုိင္မ်ားသုိ႔လည္း သတင္းစုံစမ္းေပးရန္ ျဖန္႔ေဝထားရွိခဲ့ပါသည္။

မေရႊရည္ဝင္း (ခ)ေရႊရည္အား မေသဆုံးမီ ည ၁၉၄၃ အခ်ိန္တြင္ ကမာရြတ္
ၿမိဳ႕နယ္၊ လွည္းတန္းစင္တာတြင္ ေစ်းဝယ္ရန္ ေရာက္ရွိေနေၾကာင္း၊
အခ်ိန္ေနာက္က်ေန၍ ကားငွားျပန္လာခဲ့ရန္ ဖခင္ျဖစ္သူ ဦးေက်ာ္စုိးႏွင့္
ဖုန္းအဆက္သြယ္ရေၾကာင္း၊ အငွားကားျဖင့္ ျပန္လာစဥ္ ၁၉၅၀ နာရီအခ်ိန္
တြင္ မေရႊရည္ဝင္း (ခ) ေရႊရည္၏ သူငယ္ခ်င္းျဖစ္သူ မင္းေဇာ္ေအာင္က
အိမ္ျပန္ေရာက္ မေရာက္ဖုန္းျဖင့္ ဆက္သြယ္ ေမးျမန္းခဲ့ေၾကာင္း
စုံစမ္းသိရသည္။

ေသဆုံးသူမွာ အငွားကားျဖင့္ ျပန္လာခဲ့ေၾကာင္း သုံးသပ္ရရွိသျဖင့္ Control
Centre မွ တစ္ဆင့္ အငွားယာဥ္ ျဖတ္သန္းသြားလာသည့္ ေနရာမ်ားကုိ
စုံစမ္းရွာေဖြခဲ့ၿပီး ရရွိသည့္ သတင္းအခ်က္အလက္မ်ားကုိ စိစစ္ အတည္ျပဳခဲ့
ပါသည္။ ဇန္နဝါရီလ ၂၄ ရက္ေန႕ ၁၄၀၀ နာရီအခ်ိန္တြင္ မဂၤလာေတာင္
ညြန္႕ၿမိဳ႕နယ္၊ ယုဇနပလာဇာရွိ ဖုန္းျပဳျပင္ေရးဆုိင္သုိ႕ သတင္းေပးရန္ျဖန္႔ေဝ
ထားသည္ SAMSUNG Galaxy A5 အမ်ိဳးအစား ေရႊေရာင္ဖုန္း တစ္လံုးကုိ
အမ်ိဳးသားတစ္ဦးက ေဆာ့ဝဲအသစ္တင္ေပးရန္ လာေရာက္ျပဳျပင္ေၾကာင္း
အေရွ႕ပုိင္းခရုိင္ရဲတပ္ဖြဲ႕သုိ႔ ဆက္သြယ္အေၾကာင္းၾကားခဲ့သျဖင့္ အမႈျဖင့္
မသကၤာသူ မ်ိဳးေဇာ္ဦး(၂၇)ႏွစ္၊ ယာဥ္ေမာင္း၊ (ဘ) ဦးသန္းေဇာ္ ၊ ပတၱျမား
လမ္း၊ (၃၃)ရပ္ကြက္၊ ဒဂုံၿမိဳ႕သစ္(ေျမာက္ပုိင္း)ေနသူအား ဖမ္းဆီးထိန္းသိမ္း
ခဲ့ၿပီး သက္ေသခံဖုန္းကုိ သိမ္းဆည္းကာ ရန္ကုန္တုိင္းေဒသႀကီး
ရဲတပ္ဖြဲ႕မွဴးရုံးသုိ႔ ေခၚယူစစ္ေဆးခဲ့ပါသည္။ Control Centre မွ
အငွားယာဥ္ျဖတ္သန္းသြားလာသည့္ လမ္းေၾကာင္းမွ ရရွိေသာ သတင္း
အခ်က္အလက္မ်ားနွင့္ သိမ္းဆည္းရမိေသာ တယ္လီဖုန္းႏွင့္ တုိက္ဆုိင္
စစ္ေဆးခဲ့ရာ မ်ဳိးေဇာ္ဦးမွ ျပစ္မႈ က်ဴးလြန္ခဲ့ေၾကာင္း ထြက္ဆုိခဲ့သည့္
အျပင္ မ်ဳိးေဇာ္ဦး၏ ခႏၶာကုိယ္အား စစ္ေဆးခဲ့ရာ ရင္ဘတ္တြင္
ကုတ္ျခစ္ဒဏ္ရာမ်ားေတြ႕ရွိသျဖင့္ ျပစ္မႈက်ဴးလြန္ခဲ့သည္မွာ မွန္ကန္ေၾကာင္း
အတည္ျပဳႏုိင္ခဲ့ပါသည္။

ျပစ္မႈက်ဴးလြန္သူ မ်ိဳးေဇာ္ဦး၏ ထြက္ဆုိခ်က္အရ ဇန္နဝါရီလ ၂၁
ရက္ေန႔ညေန ၁၉၄၀ နာရီအခ်ိန္တြင္ 7E/6169 ယာဥ္အမွတ္ တုိရုိတာဗစ္
အမ်ိဳးအစား အငွားေမာ္ေတာ္ယာဥ္ကုိ ေမာင္းႏွင္လာစဥ္ ကမာရြတ္၊
လွည္းတန္းစင္တာ အနီး အင္းစိန္လမ္းမေပၚတြင္ အမ်ိဳး သမီးတစ္ဦးမွ
ဒဂံုၿမိဳ႕နယ္၊ မင္းမႏုိင္ရပ္ကြက္သုိ႕ ပုိ႔ေဆာင္ေပးရန္ ၂၅၀၀ က်ပ္ျဖင့္
ငွားရမ္းသျဖင့္ တင္ေဆာင္၍ ေမာင္းႏွင္လာခဲ့ေၾကာင္း၊ မင္းမႏုိင္ရပ္ကြက္
အတြင္း ေနအိမ္အနီး ေရာက္ရွိစဥ္ ေသဆံုးသူမွ ေမာ္ေတာ္ယာဥ္အတြင္း
ယာဥ္ငွားခေပးခဲ့ရာ အဲယားကြန္ဖြင့္ေပးခဲ့ရသျဖင့္ ေငြ ၁၀၀၀ က်ပ္
ပုိမုိေတာင္းခံသည့္ ကိစၥျဖင့္ စကားမ်ားခဲ့ေၾကာင္း၊ ကားရပ္ၿပီး ကားအတြင္းမွ
ပင္ ေနာက္ခန္းသုိ႔ ကူးကာ အမ်ိဳးသမီး၏ လည္ပင္းကုိ ညစ္ၿပီးကားေပၚတြင္
ပါလာသည့္ ဝက္အူလွည့္ျဖင့္ လည္ပင္းသုိ႕ ထုိးလုိက္ သျဖင့္ အမ်ိဳးသမီးမွာ
သတိေမ့သြားေၾကာင္း၊ ၄င္းလည္း ကားကုိ ဒဂုံၿမိဳ႕သစ္(ေျမာက္ပုိင္း)သုိ႕
ျပန္လည္ေမာင္းခဲ့ရာ (၃၃)ရပ္ကြက္၊ ငါးမာန္ေအာင္ ဘုရားလမ္းေပၚ
ဖူဆယ္ေဘာလံုးကြင္းအနီး လမ္းေဘး အေမွာင္ရိပ္တြင္ သတိေမ့ ေနသည့္
အမ်ိဳးသမီးအား သားမယားအျဖစ္ျပဳက်င့္ခဲ့ေၾကာင္း၊ အမ်ိဳးသမီး ဝတ္ဆင္
လာသည့္ ပလက္တီနန္ဆြဲႀကိဳး၊ နားကပ္၊ ေျခက်င္း၊ ပုိက္ဆံအိတ္ႏွင့္ဖုန္း
တုိ႕ကုိ ယူေဆာင္ခဲ့ေၾကာင္း၊ အမ်ဳိးသမီးမွာ သတိေမ့ေနရာမွ ေသဆံုးသြား
သျဖင့္ အေလာင္းကုိ ဒဂုံေျမာက္ၿမိဳ႕နယ္၊ (၃၃) တုိးခ်ဲ႕ရပ္ကြက္၊
ငါးမာန္ေအာင္ ဘုရားလမ္း၊ ငမုိးရိပ္ေခ်ာင္းေဘး ၊ ဖူဆယ္မုိးလုံေလလုံ
အားကစားရုံအနီး ေခ်ာင္းေရေက်ာ္တံတားအစပ္ ကုလားမန္က်ည္း
ပင္ေအာက္တြင္ ပစ္ထားခဲ့ေၾကာင္း ေပၚေပါက္ပါသည္။

ျပစ္မႈက်ဴးလြန္သူ၏ ထြက္ဆုိခ်က္အရ ၄င္းယူေဆာင္လာသည့္
ပလက္တီနန္ ဆြဲႀကိဳးႏွင့္ နားကပ္ကုိ ေတာင္ဥကၠလာပၿမိဳ႕နယ္၊
(၄) ရပ္ကြက္ရွိ နႏၵဝန္ေစ်းမွ လည္းေကာင္း၊ ေသဆုံးသူ၏ ပုိက္ဆံအိတ္၊
မွတ္ပုံတင္၊ လုိင္စင္ဓာတ္ပုံ၊ ATM ကဒ္တုိ႕ကုိဒဂုံၿမ္ိဳ႕သစ္(ေျမာက္ပုိင္း)
ၿမိဳ႕နယ္၊ အမွတ္ ၃၄ ရပ္ကြက္၊ ပိေထာက္ၿမိဳင္(၃)လမ္းနွင့္ ပ်ဥ္းမၿမိဳင္
လမ္းေထာင့္ရွိ ခ်ဳံပုတ္အတြင္းမွလည္းေကာင္း ၊ ေသဆုံးသူ၏ ဖိနပ္၊
FDA ဝန္ထမ္းကဒ္ႏွင့္ အသုံးအေဆာင္ပစၥည္းမ်ား၊ City Mart မွဝယ္ယူလာ
သည့္ ေဘာင္ဘီရွည္ (၁)ထည္တုိ႕ကုိ (၃၅)ရပ္ကြက္ရွိ ပင္လုံလမ္းနွင့္
ဗုိလ္မင္းေရာင္ လမ္းေထာင့္ရွိ ေရေျမာင္းအတြင္းမွ လည္းေကာင္း၊
ျပစ္မႈက်ဴးလြန္သူ အခင္းျဖစ္စဥ္က ဝတ္ဆင္သည့္ အက်ီၤႏွင့္ ပုဆုိးတုိ႕ကုိ
၄င္းေနထို္ိင္သည့္ ဒဂုံၿမိဳ႕သစ္(ေျမာက္ပုိင္း) ၿမိဳ႕နယ္၊ ပတၱျမားလမ္း၊
၃၃ ရပ္ကြက္မွလည္းေကာင္း အသီးသီးသိမ္းဆည္းရရွိခဲ့ၿပီး က်န္ရွိ
သက္ေသခံပစၥည္းမ်ား သိမ္းဆည္းရမိေရး ဆက္လက္ေဆာင္ရြက္လ်က္ရွိပါ
သည္။

ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႕အေနျဖင့္ ရက္စက္ထူးျခားသည့္ လူသတ္မုဒိမ္းမႈ
ကုိ က်ဴးလြန္သူ မ်ိဳးေဇာ္ဦး အား ထိေရာက္ ျပစ္ဒဏ္ရရွိေရး ဥပေဒအရ
ဆက္လက္အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း၊ ယခု အမႈအား
ေဖာ္ထုတ္ရာတြင္ ရဲတပ္ဖြဲ႕ႏွင့္အတူ ပူးေပါင္းကူညီေဆာင္ရြက္ေပးသည့္
ျပည္သူမ်ားအား ရန္ကုန္တုိင္းေဒသႀကီး ရဲတပ္ဖြဲ႕မွ ေက်းဇူးတင္ရွိပါ
ေၾကာင္းႏွင့္ ျပည္သူမ်ားအေနျဖင့္ အငွားယာဥ္မ်ား ငွားရမ္းစီးနင္းရာတြင္
ယခုျဖစ္စဥ္ကုိ သင္ခန္းစာယူ သတိျပဳသြားလာၾကပါရန္ အသိေပးေဖာ္ျပ
အပ္ပါသည္။
Yangon Police 









(Unicode)

FDA မှ ဒုတိယကြီးကြပ်ရေးမှူး အမျိုးသမီးအား သတ်ပြီး ဒဂုံမြို့သစ်
( မြောက်ပိုင်း ) မြို့နယ်၊ ငမိုးရိပ်ချောင်းကူး တံတားဘေးတွင်
အလောင်းစွန့်ပစ်ထားသော လူသတ်မှုမှ ပြစ်မှုကျူးလွန်သူအား
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ၄ ရက် အတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန်၊ ဇန်နဝါရီလ ၂၄

အစားအသောက်နှင့်ဆေးဝါးဦးစီးဌာန ( FDA)မှ ဒုတိယကြီးကြပ်ရေးမှူး
မရွှေရည်ဝင်း(ခ) ရွှေရည် ( ၂၅) နှစ်အား သတ်ပြီး ဒဂုံမြောက်မြို့နယ်၊
(၃၃) တိုးချဲ့ရပ်ကွက်၊ ငါးမာန်အောင်ဘုရားလမ်း၊ ငမိုးရိပ်ချောင်းဘေး၊
ဖူဆယ်မိုးလုံ လေလုံအားကစားရုံအနီး ချောင်းရေကျော်တံတားအစပ်
ကုလားမန်ကျည်းပင်အောက်တွင် အလောင်း ပစ်ထားခဲ့သည့် အမှုမှ
ပြစ်မှုကျူးလွန်သူအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က (၄)ရက်အတွင်း
ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ဝ၇၃၀ အချိန်ခန့်က ဒဂုံမြောက်
မြို့နယ်၊ (၃၃)တိုးချဲ့ရပ်ကွက်၊ ငါးမာန်အောင် ဘုရားလမ်း၊ ငမိုးရိပ်ချောင်း
ဘေး ၊ ဖူဆယ်မိုးလုံလေလုံအားကစားရုံအနီး ချောင်းရေကျော်တံတားအစပ်
ကုလား မန်ကျည်းပင်အောက်တွင် အမည်မသိ အမျိုးသမီးတစ်ဦးမှာ
ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းရရှိသဖြင့် စုံစမ်းဖော်ထုတ်နိုင်
ရန် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်း (ပ) ၈၃ / ၂၀၁၈ ၊ ရာဇသတ်ကြီး
ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုမှာ အများပြည်သူစိတ်ဝင်စားသည့် ထူးခြားသော မှုခင်းတစ်ခုဖြစ်သဖြင့်
အမှုမှန် အမြန်ဖော်ထုတ်ရန်နှင့် ပြစ်မှု ကျူးလွန်သူအား အမြန်ဖော်ထုတ်
ဖမ်းဆီးရမိရေးအတွက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ဦးစီး၍ ရန်ကုန်တိုင်း
ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းအကူဌာနစု၊ အုပ်ချုပ်မှုအကူတပ်ခွဲ၊ အရှေ့
ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၊ အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်မှုခင်းနှိမ်နင်း
ရေးဌာနစု၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော
အထူးအမှုစစ်အဖွဲ့ကို ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးရရှိသည့် သတင်းအချက်
အလက်များနှင့် သဲလွန်စအထောက်အထားများကို အခြေပြု
စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုမှ သေဆုံးသူ အမျိုးသမီးအား အတည်ပြုနိုင်ရေးအတွက် အဖွဲ့များခွဲ၍
စုံစမ်းခဲ့ရာ သေဆုံးသူမှာ ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်နေ မရွှေရည်ဝင်း(ခ)
ရွှေရည် (၂၅) နှစ်ဆိုသူဖြစ်ကြောင်း၊ နေပြည်တော်တွင် တာဝန်ထမ်းဆောင်
နေရာမှ ဇန်နဝါရီလ ၁၉ ရက်နေ့က ရန်ကုန်သို့ ပြန်လာခဲ့ပြီး ဇန်နဝါရီလ
၂၀ရက်နေ့တွင် အလုပ်ကိစ္စဖြင့် နေအိမ်မှ ထွက်သွားရာမှ ပြန်လည်ရောက်
ရှိခြင်းမရှိသဖြင့် ဖခင်ဖြစ်သူ ဦးကျော်စိုးက ဒဂုံမြို့မ ရဲစခန်းတွင် လူပျောက်
အမှတ်စဉ် ( ၁ / ၂၀၁၈ ) ဖြင့် တိုင်တန်းထားသူဖြစ်ကြောင်း အတည်ပြုရရှိခဲ့
ပါသည်။

သေဆုံးသူ၏ ဆွေမျိုးများ၏ ထွက်ဆိုချက်အရ သေဆုံးသူ မရွှေရည်ဝင်း (ခ)
ရွှေရည် ဝတ်ဆင်ထားသော ပလက်တီနန်ဆွဲကြိုး ၁ ကုံး၊ ပလက်တီနန်ခြေ
ကျင်း ၁ ခု၊ ပလက်တီနန်နားဆွဲသီး ၁ ရံ၊ SAMSUNG Galaxy A5
အမျိုးအစား ရွှေရောင်လက်ကိုင်ဖုန်း ၁ လုံးနှင့် ပိုက်ဆံအိတ် ၁ လုံး
ပျောက်ဆုံးနေကြောင်း သိရှိရသဖြင့် အဆိုပါ ပစ္စည်းများနှင့် စပ်လျဉ်း၍
သေဆုံးသူ ကိုင်ဆောင်သည့် Sansung Glaxy A5 ဖုန်းအမျိုးအစားလာ
ရောက် ရောင်းချခြင်း၊ ပြုပြင်ခြင်းတွေ့ရှိပါက သတင်းပေးပို့ရန်
တယ်လီဖုန်းပြုပြင်ဆိုင်များနှင့် ရောင်း/ဝယ်ဆိုင်များသို့ ဖြန့်ဝေပေးထား
သည့်အပြင် ရွှေထည် ပစ္စည်းနှင့် ပလက်တီနန် ရောင်း/ဝယ် ဆိုင်များ ၊
အပေါင်ဆိုင်များသို့လည်း သတင်းစုံစမ်းပေးရန် ဖြန့်ဝေထားရှိခဲ့ပါသည်။

မရွှေရည်ဝင်း (ခ)ရွှေရည်အား မသေဆုံးမီ ည ၁၉၄၃ အချိန်တွင် ကမာရွတ်
မြို့နယ်၊ လှည်းတန်းစင်တာတွင် ဈေးဝယ်ရန် ရောက်ရှိနေကြောင်း၊
အချိန်နောက်ကျနေ၍ ကားငှားပြန်လာခဲ့ရန် ဖခင်ဖြစ်သူ ဦးကျော်စိုးနှင့်
ဖုန်းအဆက်သွယ်ရကြောင်း၊ အငှားကားဖြင့် ပြန်လာစဉ် ၁၉၅၀ နာရီအချိန်
တွင် မရွှေရည်ဝင်း (ခ) ရွှေရည်၏ သူငယ်ချင်းဖြစ်သူ မင်းဇော်အောင်က
အိမ်ပြန်ရောက် မရောက်ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ကြောင်း
စုံစမ်းသိရသည်။

သေဆုံးသူမှာ အငှားကားဖြင့် ပြန်လာခဲ့ကြောင်း သုံးသပ်ရရှိသဖြင့် Control
Centre မှ တစ်ဆင့် အငှားယာဉ် ဖြတ်သန်းသွားလာသည့် နေရာများကို
စုံစမ်းရှာဖွေခဲ့ပြီး ရရှိသည့် သတင်းအချက်အလက်များကို စိစစ် အတည်ပြုခဲ့
ပါသည်။ ဇန်နဝါရီလ ၂၄ ရက်နေ့ ၁၄၀ဝ နာရီအချိန်တွင် မင်္ဂလာတောင်
ညွန့်မြို့နယ်၊ ယုဇနပလာဇာရှိ ဖုန်းပြုပြင်ရေးဆိုင်သို့ သတင်းပေးရန်ဖြန့်ဝေ
ထားသည် SAMSUNG Galaxy A5 အမျိုးအစား ရွှေရောင်ဖုန်း တစ်လုံးကို
အမျိုးသားတစ်ဦးက ဆော့ဝဲအသစ်တင်ပေးရန် လာရောက်ပြုပြင်ကြောင်း
အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့သို့ ဆက်သွယ်အကြောင်းကြားခဲ့သဖြင့် အမှုဖြင့်
မသင်္ကာသူ မျိုးဇော်ဦး(၂၇)နှစ်၊ ယာဉ်မောင်း၊ (ဘ) ဦးသန်းဇော် ၊ ပတ္တမြား
လမ်း၊ (၃၃)ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)နေသူအား ဖမ်းဆီးထိန်းသိမ်း
ခဲ့ပြီး သက်သေခံဖုန်းကို သိမ်းဆည်းကာ ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ယူစစ်ဆေးခဲ့ပါသည်။ Control Centre မှ
အငှားယာဉ်ဖြတ်သန်းသွားလာသည့် လမ်းကြောင်းမှ ရရှိသော သတင်း
အချက်အလက်များနှင့် သိမ်းဆည်းရမိသော တယ်လီဖုန်းနှင့် တိုက်ဆိုင်
စစ်ဆေးခဲ့ရာ မျိုးဇော်ဦးမှ ပြစ်မှု ကျူးလွန်ခဲ့ကြောင်း ထွက်ဆိုခဲ့သည့်
အပြင် မျိုးဇော်ဦး၏ ခန္ဓာကိုယ်အား စစ်ဆေးခဲ့ရာ ရင်ဘတ်တွင်
ကုတ်ခြစ်ဒဏ်ရာများတွေ့ရှိသဖြင့် ပြစ်မှုကျူးလွန်ခဲ့သည်မှာ မှန်ကန်ကြောင်း
အတည်ပြုနိုင်ခဲ့ပါသည်။

ပြစ်မှုကျူးလွန်သူ မျိုးဇော်ဦး၏ ထွက်ဆိုချက်အရ ဇန်နဝါရီလ ၂၁
ရက်နေ့ညနေ ၁၉၄၀ နာရီအချိန်တွင် 7E/6169 ယာဉ်အမှတ် တိုရိုတာဗစ်
အမျိုးအစား အငှားမော်တော်ယာဉ်ကို မောင်းနှင်လာစဉ် ကမာရွတ်၊
လှည်းတန်းစင်တာ အနီး အင်းစိန်လမ်းမပေါ်တွင် အမျိုး သမီးတစ်ဦးမှ
ဒဂုံမြို့နယ်၊ မင်းမနိုင်ရပ်ကွက်သို့ ပို့ဆောင်ပေးရန် ၂၅၀ဝ ကျပ်ဖြင့်
ငှားရမ်းသဖြင့် တင်ဆောင်၍ မောင်းနှင်လာခဲ့ကြောင်း၊ မင်းမနိုင်ရပ်ကွက်
အတွင်း နေအိမ်အနီး ရောက်ရှိစဉ် သေဆုံးသူမှ မော်တော်ယာဉ်အတွင်း
ယာဉ်ငှားခပေးခဲ့ရာ အဲယားကွန်ဖွင့်ပေးခဲ့ရသဖြင့် ငွေ ၁၀ဝ၀ ကျပ်
ပိုမိုတောင်းခံသည့် ကိစ္စဖြင့် စကားများခဲ့ကြောင်း၊ ကားရပ်ပြီး ကားအတွင်းမှ
ပင် နောက်ခန်းသို့ ကူးကာ အမျိုးသမီး၏ လည်ပင်းကို ညစ်ပြီးကားပေါ်တွင်
ပါလာသည့် ဝက်အူလှည့်ဖြင့် လည်ပင်းသို့ ထိုးလိုက် သဖြင့် အမျိုးသမီးမှာ
သတိမေ့သွားကြောင်း၊ ၄င်းလည်း ကားကို ဒဂုံမြို့သစ်(မြောက်ပိုင်း)သို့
ပြန်လည်မောင်းခဲ့ရာ (၃၃)ရပ်ကွက်၊ ငါးမာန်အောင် ဘုရားလမ်းပေါ်
ဖူဆယ်ဘောလုံးကွင်းအနီး လမ်းဘေး အမှောင်ရိပ်တွင် သတိမေ့ နေသည့်
အမျိုးသမီးအား သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း၊ အမျိုးသမီး ဝတ်ဆင်
လာသည့် ပလက်တီနန်ဆွဲကြိုး၊ နားကပ်၊ ခြေကျင်း၊ ပိုက်ဆံအိတ်နှင့်ဖုန်း
တို့ကို ယူဆောင်ခဲ့ကြောင်း၊ အမျိုးသမီးမှာ သတိမေ့နေရာမှ သေဆုံးသွား
သဖြင့် အလောင်းကို ဒဂုံမြောက်မြို့နယ်၊ (၃၃) တိုးချဲ့ရပ်ကွက်၊
ငါးမာန်အောင် ဘုရားလမ်း၊ ငမိုးရိပ်ချောင်းဘေး ၊ ဖူဆယ်မိုးလုံလေလုံ
အားကစားရုံအနီး ချောင်းရေကျော်တံတားအစပ် ကုလားမန်ကျည်း
ပင်အောက်တွင် ပစ်ထားခဲ့ကြောင်း ပေါ်ပေါက်ပါသည်။

ပြစ်မှုကျူးလွန်သူ၏ ထွက်ဆိုချက်အရ ၄င်းယူဆောင်လာသည့်
ပလက်တီနန် ဆွဲကြိုးနှင့် နားကပ်ကို တောင်ဥက္ကလာပမြို့နယ်၊
(၄) ရပ်ကွက်ရှိ နန္ဒဝန်ဈေးမှ လည်းကောင်း၊ သေဆုံးသူ၏ ပိုက်ဆံအိတ်၊
မှတ်ပုံတင်၊ လိုင်စင်ဓာတ်ပုံ၊ ATM ကဒ်တို့ကိုဒဂုံမြိ်ု့သစ်(မြောက်ပိုင်း)
မြို့နယ်၊ အမှတ် ၃၄ ရပ်ကွက်၊ ပိထောက်မြိုင်(၃)လမ်းနှင့် ပျဉ်းမမြိုင်
လမ်းထောင့်ရှိ ချုံပုတ်အတွင်းမှလည်းကောင်း ၊ သေဆုံးသူ၏ ဖိနပ်၊
FDA ဝန်ထမ်းကဒ်နှင့် အသုံးအဆောင်ပစ္စည်းများ၊ City Mart မှဝယ်ယူလာ
သည့် ဘောင်ဘီရှည် (၁)ထည်တို့ကို (၃၅)ရပ်ကွက်ရှိ ပင်လုံလမ်းနှင့်
ဗိုလ်မင်းရောင် လမ်းထောင့်ရှိ ရေမြောင်းအတွင်းမှ လည်းကောင်း၊
ပြစ်မှုကျူးလွန်သူ အခင်းဖြစ်စဉ်က ဝတ်ဆင်သည့် အင်္ကျီနှင့် ပုဆိုးတို့ကို
၄င်းနေထိိ်ုင်သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ပတ္တမြားလမ်း၊
၃၃ ရပ်ကွက်မှလည်းကောင်း အသီးသီးသိမ်းဆည်းရရှိခဲ့ပြီး ကျန်ရှိ
သက်သေခံပစ္စည်းများ သိမ်းဆည်းရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါ
သည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် ရက်စက်ထူးခြားသည့် လူသတ်မှု
ကို ကျူးလွန်သူ မျိုးဇော်ဦး အား ထိရောက် ပြစ်ဒဏ်ရရှိရေး ဥပဒေအရ
ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခု အမှုအား
ဖော်ထုတ်ရာတွင် ရဲတပ်ဖွဲ့နှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်ပေးသည့်
ပြည်သူများအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ကျေးဇူးတင်ရှိပါ
ကြောင်းနှင့် ပြည်သူများအနေဖြင့် အငှားယာဉ်များ ငှားရမ်းစီးနင်းရာတွင်
ယခုဖြစ်စဉ်ကို သင်ခန်းစာယူ သတိပြုသွားလာကြပါရန် အသိပေးဖော်ပြ
အပ်ပါသည်။

No comments:

Post a Comment