Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, January 5, 2018

အာရွေတာ္၀င္တြင္ ေက်ာက္ေခ်ဖ်က္ရာမွ လူနာေသဆံုးခဲ့မႈ သက္ဆိုင္ရာ ဆရာ၀န္ၾကီးက ေသဆံုးသူ၏ မိသားစုကို ေတာင္းပန္


ေသဆံုးရတဲ့ အေၾကာင္းရင္းေမးရင္ေတာင္ မေျပာျပတတ္ဘူး။ ေရာဂါက ေျခာက္မ်ဳိးေလာက္ျဖစ္ေနတယ္။

ဒီေရာဂါေတြ တကယ္လို႔ ရိွရိုးမွန္ရင္ ခဲြစိတ္မႈ လုပ္သင့္မသင့္ သူတို႔ ဆံုးျဖတ္ရမွာေလ။ ေသေတာ့မွ ေရာဂါေတြအမ်ားၾကီး ဘာေၾကာင့္ထျဖစ္ရတာလဲ…

လူမႈကြန္ရက္တြင္ ပံ်႕ႏံွ႔ခဲ့ေသာ အာရွေတာ္၀င္ေဆးရံု၌ ေလဆာျဖင့္ ေက်ာက္ေခ်ဖ်က္ရာမွ လူနာေသဆံုးခဲ့မႈအား အဆိုပါ လူနာကို ကုသခဲ့ေသာ အထူးကုဆရာ၀န္ၾကီးမွ Operation ေဆာင္ရြက္ပံုေအာင္ျမင္ခဲ့ေၾကာင္းႏွင့္ လုပ္ငန္းအဆင့္ဆင့္မ်ားအတြက္ မိသားစုကို လာေရာက္ေတာင္းပန္ခဲ့ေၾကာင္း ကာယကံရွင္မ်ားက News Watch သို႔ ေျပာသည္။

ေဒၚသင္းသင္းဟန္သည္ ဒီဇင္ဘာ ၂၄ ရက္တြင္ အာရွေတာ္၀င္ေဆးရံု၌ ေလဆာျဖင့္ ေက်ာက္ေခ်ဖ်က္ရသည့္ ခဲြစိတ္ကုသမႈကို ခံယူခဲ့ျပီး ဒီဇင္ဘာ ၂၅ ရက္တြင္ ေသဆံုးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါကိစၥႏွင့္ပတ္သက္၍ မိသားစုမွ မိခင္တဦး ဆံုးရံႈးရမႈႏွင့္ပတ္သက္သည့္ ခံစားခ်က္ကို လူမႈကြန္ရက္ စာမ်က္ႏွာတြင္ ေရးတင္ခဲ့ရာမွ ပံ့်နံွ႔သြားခဲ့သည္။

ေသဆံုးသူလူနာကို ကုသခဲ့သည့္ အထူးကုဆရာ၀န္ၾကီးမွ ဒီဇင္ဘာ ၃၁ ရက္၌ ကာယကံရွင္မ်ားထံသို႔ လာေရာက္ေတာင္းပန္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

”ေအာ္ပေရးရွင္းလုပ္တာ ေအာင္ျမင္တယ္လို႔ပဲ သူေျပာတယ္။ ပရိုစီဂ်ာအတိုင္းဆို ေအာင္ျမင္တယ္ေပါ့။ ေအာ္ပေရးရွင္းကိစၥကေတာ့ သူက သူမွန္တယ္ပဲ ေျပာတာေလ။

ဦးတို႔လည္း မသိဘူးေလ။ ခဲြစိတ္ျပီး ေနာက္ပိုင္း ေစာင့္ေရွာက္တဲ့ကိစၥေတြေျပာေတာ့ သူ႔ဘက္က ဒါေတြကို ေတာင္းပန္ပါတယ္လို႔ ေျပာတယ္”ဟု ကြယ္လြန္သူ ၏ ခင္ပြန္းျဖစ္သူ ဦးခင္ေဇာ္က ေျပာသည္။

ေဒၚသင္းသင္းဟန္ေသဆံုးခိ်န္၌ အာရွေတာ္၀င္ေဆးရံုမွထုတ္ေပးသည့္ ေသဆံုးမႈမွတ္တမ္းအရ ခႏၶာကိုယ္ေသြး ဆိပ္တက္ျခင္း၊ ဆီးလမ္းေၾကာင္း ေက်ာက္တည္ျခင္း၊ ႏွလံုး၊ ေသြးတိုး၊ ဆီးခ်ဳိေရာဂါနွင့္ ေက်ာက္ကပ္ေသြးငတ္ ျခင္းေၾကာင့္ ေသဆံုးျခင္းျဖစ္သည္ဟု ေဖာ္ျပထားေၾကာင္း သိရသည္။

”အရင္တုန္းက ႏွလံုးတို႔၊ ေသြးတိုးတို႔ အဲဒါေတြက ေဆးၾကီးစဲြေသာက္ေနရေလာက္ေအာင္ မရိွဘူး။ ေသဆံုးရ တဲ့ အေၾကာင္းရင္းေမးရင္ေတာင္ မေျပာျပတတ္ဘူး။

ေရာဂါက ေျခာက္မ်ဳိးေလာက္ျဖစ္ေနတယ္။ ဒီေရာဂါေတြ တကယ္လို႔ ရိွရိုးမွန္ရင္ ခဲြစိတ္မႈ လုပ္သင့္မသင့္ သူတို႔ ဆံုးျဖတ္ရမွာေလ။ ေသေတာ့မွ ေရာဂါေတြအမ်ားၾကီး ဘာေၾကာင့္ထျဖစ္ရတာလဲ။

ေသရတဲ့အေၾကာင္းက မရွင္းဘူး။ ရိုးရိုးသားသား ေအာ္ပေရးရွင္းလုပ္တယ္။ ေသြး ေၾကာေပါက္ျပီး သြားတယ္ဆိုရျပီ။

သားအငယ္ေကာင္က ေဒသႏၱရမွာ ေသစာရင္းေထာက္ခံစာသြားယူေတာ့ အသက္ (၄၇) ႏွစ္တည္းနဲ႔ ဒီေလာက္ေရာဂါေတြ အမ်ားၾကီးနဲ႔ ျဖစ္ႏိုင္လို႔လားေတာင္ ေျပာတယ္”ဟု ဦးခင္ေဇာ္က ဆက္လက္ေျပာၾကားသည္။

လူနာအား ခဲြစိတ္မႈျပီးခိ်န္၌ ခဲြစိတ္မႈေအာင္ျမင္ေၾကာင္း ေျပာၾကားခဲ့ျပီး လူနာေဆာင္ (Ward) ထဲသို႔ ျပန္ပို႔ ေၾကာင္း၊ ထို႔ေနာက္တြင္ လူနာမွာ အသက္ရွဴ၍မ၀ျဖစ္လာေၾကာင္း၊

အခိ်န္ၾကာသည္နွင့္အမွ် လူနာမွာ ပိုမို ခံစားလာရေၾကာင္း၊ သက္ဆိုင္ရာ ဆရာ၀န္ၾကီးကို ေခၚေပးရန္ မိသားစုမွ ေျပာဆိုခဲ့ၾကေသာ္လည္း တညတာ လံုး မေရာက္လာခဲ့ေၾကာင္း၊

နံနက္ေရာက္မွသာ အေရးေပၚေစာင့္ေရွာက္ (ICU) ခန္းထဲသို႔ ေရာက္ရိွခဲ့ေၾကာင္း မိသားစုက ေျပာသည္။ ICU ထဲေရာက္စဥ္ ေအာက္ဆီဂ်င္ေပးရန္အတြက္ လူနာမွ ရုန္းကန္၍ အခက္အခဲ ရိွေနျခင္းေၾကာင့္ လည္ပင္းမွေဖာက္ကာ ေအာက္ဆီဂ်င္ ထည့္သြင္းရန္ ေမ့ေဆးေပးခဲ့ျပီး မၾကာမီ ေသဆံုးခဲ့ ေၾကာင္း ခင္ပြန္းျဖစ္သူက ေျပာသည္။

”Operation ျပီးေတာ့ ေအာင္ျမင္တယ္လို႔ သူေျပာတယ္။ ဒီေရာဂါက တကယ္တမ္း မေအာင္ျမင္လို႔ ေသြးထဲ အဆိပ္ေရာက္သြားရင္ ကုသဖို႔ အခိ်န္မရိွေတာ့ဘူး။

ကာယကံရွင္ကိုေျပာခဲ့လို႔ရတယ္။ ေျပာခဲ့ရင္ ျပင္ဆင္ခိ်န္ရ မယ္။ ေနာက္ဆံုး မိသားစုနဲ႔ စကားေျပာခြင့္ရမယ္။ ေတြ႕ဆံုခြင့္ရမယ္။

အခုက်ေတာ့ Operation ေအာင္ျမင္ တယ္ဆိုျပီး Ward ထဲပို႔တယ္။ Ward ထဲမွာ ျပုစုေနတာနဲ႔ အခိ်န္ကုန္သြားတယ္။ ICU ထဲ ဆက္ပို႔ဆက္ကုတယ္။

ICU ထဲမွာ ဆက္ကုတဲ့ အခ်က္အလက္ေတြသည္ ေသြးထဲ အဆိပ္ပံ်႕တာသိရင္ ဘာလို႔ ဆက္ကုလဲ။ ေမ့ေဆး ဘာလို႔ ဆက္ေပးလဲ”ဟု မိသားစု၀င္တဦးက ေျပာသည္။

အဆိုပါကိစၥမ်ားနွင့္ပတ္သက္၍ News Watch ဂ်ာနယ္မွ အာရွေတာ္၀င္ ေဆးရံုရိွ သက္ဆိုင္ရာ တာ၀န္ရိွသူမ်ား ႏွင့္ ဒီဇင္ဘာ ၃၁ ရက္ မြန္းလဲြ ၃ နာရီ၀န္းက်င္ခန္႔က သြားေရာက္ေတြ႕ဆံုေမးျမန္းမႈျပဳေသာ္လည္း အစည္း အေ၀းလုပ္ေနသည့္အတြက္ တာ၀န္ယူေျဖၾကားေပးႏိုင္မည့္သူ မရိွေသးေၾကာင္း ေျပာသည္။

”သူတို႔ေတြကေတာ့ ရွင္းျပသြားတယ္။ ဦးတို႔ဘက္ကလည္း ဒီကိစၥကို အစကတည္းက ျပင္းျပင္းထန္ထန္ လုပ္ခ်င္တဲ့ ဆႏၵမွမရိွတာေလ။

ဒီျဖစ္စဥ္ေတြကို က်န္းမာေရးအသိေလးအေနနဲ႔ တင္ခဲ့တာ။ အိမ္တိုင္ရာေရာက္ ေျပရာေျပေၾကာင္း ေျပာသြားတယ္။ ေတာင္းပန္သြားတယ္။ ဦးသိခ်င္တာက Operation လုပ္တာ တကယ္ ေအာင္ျမင္မႈရိွ၊ မရိွ သိခ်င္တယ္။

ICU ထဲကို ေသလုေျမာပါးျဖစ္ေနတဲ့ လူနာကို ေမ့ေဆးထပ္ေပးလို႔ရမရ။ ဒီအတိုင္းေတာင္ ေသမယ့္လူေလ။

ေနာက္တခ်က္က ေသဆံုးရတဲ့ အေၾကာင္းေတြထဲမွာ အဲဒီေလာက္မ်ားတဲ့ ေရာဂါရိွတဲ့ လူကို Operation ထဲကို ခြင့္ျပဳလို႔ရလား၊ ဒီသံုးခ်က္ေတာ့ သိခ်င္တယ္”ဟု ခင္ပြန္းျဖစ္သူ ဦးခင္ေဇာ္က ေျပာသည္။

Crd.ကိုခက္၊ မင္းဗညား

unicode version

အာရှတော်ဝင်တွင် ကျောက်ချေဖျက်ရာမှ လူနာသေဆုံးခဲ့မှု သက်ဆိုင်ရာ ဆရာဝန်ကြီးက သေဆုံးသူ၏ မိသားစုကို တောင်းပန်

သေဆုံးရတဲ့ အကြောင်းရင်းမေးရင်တောင် မပြောပြတတ်ဘူး။ ရောဂါက ခြောက်မျိုးလောက်ဖြစ်နေတယ်။

ဒီရောဂါတွေ တကယ်လို့ ရှိရိုးမှန်ရင် ခွဲစိတ်မှု လုပ်သင့်မသင့် သူတို့ ဆုံးဖြတ်ရမှာလေ။ သေတော့မှ ရောဂါတွေအများကြီး ဘာကြောင့်ထဖြစ်ရတာလဲ…

လူမှုကွန်ရက်တွင် ပံျ့နံှ့ခဲ့သော အာရှတော်ဝင်ဆေးရုံ၌ လေဆာဖြင့် ကျောက်ချေဖျက်ရာမှ လူနာသေဆုံးခဲ့မှုအား အဆိုပါ လူနာကို ကုသခဲ့သော အထူးကုဆရာဝန်ကြီးမှ Operation ဆောင်ရွက်ပုံအောင်မြင်ခဲ့ကြောင်းနှင့် လုပ်ငန်းအဆင့်ဆင့်များအတွက် မိသားစုကို လာရောက်တောင်းပန်ခဲ့ကြောင်း ကာယကံရှင်များက News Watch သို့ ပြောသည်။

ဒေါ်သင်းသင်းဟန်သည် ဒီဇင်ဘာ ၂၄ ရက်တွင် အာရှတော်ဝင်ဆေးရုံ၌ လေဆာဖြင့် ကျောက်ချေဖျက်ရသည့် ခွဲစိတ်ကုသမှုကို ခံယူခဲ့ပြီး ဒီဇင်ဘာ ၂၅ ရက်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မိသားစုမှ မိခင်တဦး ဆုံးရှုံးရမှုနှင့်ပတ်သက်သည့် ခံစားချက်ကို လူမှုကွန်ရက် စာမျက်နှာတွင် ရေးတင်ခဲ့ရာမှ ပံ့ျနံှ့သွားခဲ့သည်။

သေဆုံးသူလူနာကို ကုသခဲ့သည့် အထူးကုဆရာဝန်ကြီးမှ ဒီဇင်ဘာ ၃၁ ရက်၌ ကာယကံရှင်များထံသို့ လာရောက်တောင်းပန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

”အော်ပရေးရှင်းလုပ်တာ အောင်မြင်တယ်လို့ပဲ သူပြောတယ်။ ပရိုစီဂျာအတိုင်းဆို အောင်မြင်တယ်ပေါ့။ အော်ပရေးရှင်းကိစ္စကတော့ သူက သူမှန်တယ်ပဲ ပြောတာလေ။

ဦးတို့လည်း မသိဘူးလေ။ ခွဲစိတ်ပြီး နောက်ပိုင်း စောင့်ရှောက်တဲ့ကိစ္စတွေပြောတော့ သူ့ဘက်က ဒါတွေကို တောင်းပန်ပါတယ်လို့ ပြောတယ်”ဟု ကွယ်လွန်သူ ၏ ခင်ပွန်းဖြစ်သူ ဦးခင်ဇော်က ပြောသည်။

ဒေါ်သင်းသင်းဟန်သေဆုံးခိျန်၌ အာရှတော်ဝင်ဆေးရုံမှထုတ်ပေးသည့် သေဆုံးမှုမှတ်တမ်းအရ ခန္ဓာကိုယ်သွေး ဆိပ်တက်ခြင်း၊ ဆီးလမ်းကြောင်း ကျောက်တည်ခြင်း၊ နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါနှင့် ကျောက်ကပ်သွေးငတ် ခြင်းကြောင့် သေဆုံးခြင်းဖြစ်သည်ဟု ဖော်ပြထားကြောင်း သိရသည်။

”အရင်တုန်းက နှလုံးတို့၊ သွေးတိုးတို့ အဲဒါတွေက ဆေးကြီးစွဲသောက်နေရလောက်အောင် မရှိဘူး။ သေဆုံးရ တဲ့ အကြောင်းရင်းမေးရင်တောင် မပြောပြတတ်ဘူး။

ရောဂါက ခြောက်မျိုးလောက်ဖြစ်နေတယ်။ ဒီရောဂါတွေ တကယ်လို့ ရှိရိုးမှန်ရင် ခွဲစိတ်မှု လုပ်သင့်မသင့် သူတို့ ဆုံးဖြတ်ရမှာလေ။ သေတော့မှ ရောဂါတွေအများကြီး ဘာကြောင့်ထဖြစ်ရတာလဲ။

သေရတဲ့အကြောင်းက မရှင်းဘူး။ ရိုးရိုးသားသား အော်ပရေးရှင်းလုပ်တယ်။ သွေး ကြောပေါက်ပြီး သွားတယ်ဆိုရပြီ။

သားအငယ်ကောင်က ဒေသန္တရမှာ သေစာရင်းထောက်ခံစာသွားယူတော့ အသက် (၄၇) နှစ်တည်းနဲ့ ဒီလောက်ရောဂါတွေ အများကြီးနဲ့ ဖြစ်နိုင်လို့လားတောင် ပြောတယ်”ဟု ဦးခင်ဇော်က ဆက်လက်ပြောကြားသည်။

လူနာအား ခွဲစိတ်မှုပြီးခိျန်၌ ခွဲစိတ်မှုအောင်မြင်ကြောင်း ပြောကြားခဲ့ပြီး လူနာဆောင် (Ward) ထဲသို့ ပြန်ပို့ ကြောင်း၊ ထို့နောက်တွင် လူနာမှာ အသက်ရှူ၍မဝဖြစ်လာကြောင်း၊

အခိျန်ကြာသည်နှင့်အမျှ လူနာမှာ ပိုမို ခံစားလာရကြောင်း၊ သက်ဆိုင်ရာ ဆရာဝန်ကြီးကို ခေါ်ပေးရန် မိသားစုမှ ပြောဆိုခဲ့ကြသော်လည်း တညတာ လုံး မရောက်လာခဲ့ကြောင်း၊

နံနက်ရောက်မှသာ အရေးပေါ်စောင့်ရှောက် (ICU) ခန်းထဲသို့ ရောက်ရှိခဲ့ကြောင်း မိသားစုက ပြောသည်။ ICU ထဲရောက်စဉ် အောက်ဆီဂျင်ပေးရန်အတွက် လူနာမှ ရုန်းကန်၍ အခက်အခဲ ရှိနေခြင်းကြောင့် လည်ပင်းမှဖောက်ကာ အောက်ဆီဂျင် ထည့်သွင်းရန် မေ့ဆေးပေးခဲ့ပြီး မကြာမီ သေဆုံးခဲ့ ကြောင်း ခင်ပွန်းဖြစ်သူက ပြောသည်။

”Operation ပြီးတော့ အောင်မြင်တယ်လို့ သူပြောတယ်။ ဒီရောဂါက တကယ်တမ်း မအောင်မြင်လို့ သွေးထဲ အဆိပ်ရောက်သွားရင် ကုသဖို့ အခိျန်မရှိတော့ဘူး။

ကာယကံရှင်ကိုပြောခဲ့လို့ရတယ်။ ပြောခဲ့ရင် ပြင်ဆင်ခိျန်ရ မယ်။ နောက်ဆုံး မိသားစုနဲ့ စကားပြောခွင့်ရမယ်။ တွေ့ဆုံခွင့်ရမယ်။

အခုကျတော့ Operation အောင်မြင် တယ်ဆိုပြီး Ward ထဲပို့တယ်။ Ward ထဲမှာ ပြုစုနေတာနဲ့ အခိျန်ကုန်သွားတယ်။ ICU ထဲ ဆက်ပို့ဆက်ကုတယ်။

ICU ထဲမှာ ဆက်ကုတဲ့ အချက်အလက်တွေသည် သွေးထဲ အဆိပ်ပံျ့တာသိရင် ဘာလို့ ဆက်ကုလဲ။ မေ့ဆေး ဘာလို့ ဆက်ပေးလဲ”ဟု မိသားစုဝင်တဦးက ပြောသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ News Watch ဂျာနယ်မှ အာရှတော်ဝင် ဆေးရုံရှိ သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်ခန့်က သွားရောက်တွေ့ဆုံမေးမြန်းမှုပြုသော်လည်း အစည်း အဝေးလုပ်နေသည့်အတွက် တာဝန်ယူဖြေကြားပေးနိုင်မည့်သူ မရှိသေးကြောင်း ပြောသည်။

”သူတို့တွေကတော့ ရှင်းပြသွားတယ်။ ဦးတို့ဘက်ကလည်း ဒီကိစ္စကို အစကတည်းက ပြင်းပြင်းထန်ထန် လုပ်ချင်တဲ့ ဆန္ဒမှမရှိတာလေ။

ဒီဖြစ်စဉ်တွေကို ကျန်းမာရေးအသိလေးအနေနဲ့ တင်ခဲ့တာ။ အိမ်တိုင်ရာရောက် ပြေရာပြေကြောင်း ပြောသွားတယ်။ တောင်းပန်သွားတယ်။ ဦးသိချင်တာက Operation လုပ်တာ တကယ် အောင်မြင်မှုရှိ၊ မရှိ သိချင်တယ်။

ICU ထဲကို သေလုမြောပါးဖြစ်နေတဲ့ လူနာကို မေ့ဆေးထပ်ပေးလို့ရမရ။ ဒီအတိုင်းတောင် သေမယ့်လူလေ။

နောက်တချက်က သေဆုံးရတဲ့ အကြောင်းတွေထဲမှာ အဲဒီလောက်များတဲ့ ရောဂါရှိတဲ့ လူကို Operation ထဲကို ခွင့်ပြုလို့ရလား၊ ဒီသုံးချက်တော့ သိချင်တယ်”ဟု ခင်ပွန်းဖြစ်သူ ဦးခင်ဇော်က ပြောသည်။

Crd.ကိုခက်၊ မင်းဗညား

No comments:

Post a Comment