NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၃၀ခန့်ဗဟိုအလုပ် အမှုဆောင်အဖွဲ့ထံသို့တင်ပြထားပြီး အများစုမှာ ပါတီစည်းကမ်းမလိုက်နာခြင်းနှင့် လူထုနှင့်ဆက်ဆံရာတွင် မောက်မာသည့် ကိစ္စများကြောင့်ဖြစ်သည်ဟု လွှတ်
တော်ကိုယ်စားလှယ် တိုင်းကြားစာဌာန အဖွဲ့ခေါင်းဆောင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
ဇန်နဝါရီလ ၄ရက်နေ့တွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ NLD ရုံး၌ ပြုလုပ်သော နှစ် (၇၀) ပြည့် လွတ်လပ်ရေးနေ့အခမ်းအနားအပြီးတွင် ဒေါက်တာမျိုးညွှန့်က သတင်းမီဒီများကို ပြောကြားခဲ့ ခြင်းဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်တိုင်းကြားစာဌာနသို့ရောက်ရှိလာသည့် တိုင်ကြားစာပေါင်း ၅၀၀ကျော်ရှိသည့်အထဲမှ ဌာနနှင့်သက်ဆိုင်သည့်တိုင်ကြားစာမှာ ၂၅၀ ခန့်ရှိပြီး ထိုထဲမှာမှ အစရင်ခံရန်အသင့်ဖြစ်နေသည့် တိုင်းကြားစာပေါင်း၂၂၀ခန့်ရှိပြီး ကျန်သည့် တိုင်ကြားစာများကတော့ ဆက်လက်စစ်ဆေးနေဆဲ ဖြစ်သည်ဟု ၎င်း ကပြောကြားသည်။
"ကျွန်တော်တို့ က ပြစ်ဒဏ်အနည်းအများအလိုက်ပေါ့ အရေးယူဖို့ ကျွန်တော်တို့တင်ပြထားတာဆိုရင် အမှုပေါင်း ၃၅မှုလောက် ဒီဇင်လာ ၂၀
ရက်နေ့ အထိရှိပါတယ် ဒါပေမယ့် အဲဒီအထဲမှာကို တစ်ချို့က နှစ်ကြိမ်သုံးကြိမ်လောက်ထပ်ပြီးပြစ်ဒဏ်ပေး ရတာရှိ တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၃၀ခန့်ကိုတော့ အရေးယူဖို့ကျွန်တော်တို့အဖွဲ့အနေနဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကိုတင်ထားပြီးဖြစ်ပါတယ်" ဟု ဒေါက်တာမျိုးညွှန့်က ပြောကြားသည်။
အရေးယူရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံသို့တင်ပြခြင်းခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်များမှာ အဓိကအားဖြင့် ပါတီစည်းကမ်းမ
လိုက်ခြင်းနှင့် ပြည်သူလူထုနှင့် ဆက်ဆံရာတွင်မောက်မာသည့် ကိစ္စများကြောင့် ဖြစ်သည်ဟု၎င်း ကပြောကြားသည်။
"အဓိကတော့ ပါတီစည်းကမ်းမလိုက်နာတာပါ။ ကျွန်တော့်တို့ အဖွဲ့ကဌာနတွင်း စုံစမ်းစစ်ဆေးရေးသဘောမျိုးပါ။ ကျွန်တော်တို့ပါတီရဲ့စည်းကမ်း
ကိုမလိုက်နာတာ ပါတီတွင်းမှာ စည်းရုံးရေးပြိုကွဲစေမဲ့ကိစ္စ ပါတီကချမှတ်ထားတဲ့ လွှတ်တော်တာဝန် အမှုဆောင်တာဝန် အဲဒါတွေကို မကျေပွန်တဲ့ကိစ္စ လူထုနဲ့ဆက်ဆံရာ မောက်မာ ရိုင်းဆိုင်းတဲ့ကိစ္စ ကိုယ်မှာတာဝန်ရှိရဲ့သားနဲ့ အဲဒီတာဝန်ကို ရှောင်လွှဲတဲ့ ကိစ္စ ဒါမျိုးတွေက အဓိကပါပဲ"ဟု ဒေါက်တာမျိုးညွှန့်က ပြောကြားသည်။
အဆိုပါ တိုင်ကြားစာများထဲတွင် အစိုးရ အဖွဲ့ဝင် ဝန်ကြီး ၄ဦး ၅ဦးခန့်ပါဝင်ပြီး တိုင်ဒေသကြီးနှင့် ပြည်နယ်အဆင့် ဝန်ကြီးများဖြစ်သည်ဟု ၎င်း ကပြောကြားသည်။
" သူတို့ကတော့ အလုပ်တာဝန်မကျေပွန်တာနောက်ပြီးတော့ အလုပ်လုပ်တဲ့အခါမှာ တချို့ဝန်ကြီးတွေက Cabinet အဖွဲ့နဲ့မွဲ့နဲ့မလုပ်ပဲ တစ်
ဦးတည်းနဲ့လုပ်တာ အဲဒါမျိုးတွေအဓိက ပါတယ်ဟု ၎င်း က ပြောကြားသည်။
ဇန်နဝါရီလ ၂ရက်နေ့တွင်ကျင်းပခဲ့သည့် ရခိုင်
ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးတွင်NLD ပါတီဝင် ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးအား စွပ်စွဲပြစ်တင်ချက်ကို မဲခွဲ
ဆုံးဖြတ်ကာ တာဝန်မှ ဆက်လက်ဆောင်ရွက်ရန်မသင့်ကြောင်း လွှတ်တော်က အတည်ပြုခဲ့သည်။
NLD ပါတီသို့ရောက်ရှိလာသည့် တိုင်ကြားစာများထဲတွင် ရခိုင်စည်ပင်သာယာရေးဝန်ကြီးအပေါ် တိုင်ကြားထားသည့် တိုင်ကြား
စာပါဝင်ခြင်းမရှိကြောင်း ဒေါက်တာမျိုး ညွှန့်ကပြောကြားသည်။
အောင်ရဲနောင်
The Ladies News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, January 4, 2018
ပါတီစည်းကမ်း မလိုက်နာခြင်းနှင့် လူထုနှင့်ဆက်ဆံရာတွင် မောက်မာသည့် ကိစ္စများကြောင့် ကိုယ်စားလှယ် ၃၀ ဦးခန့်ကို အရေးယူရန်ပြင်ဆင်ရဟု ဆို
ပါတီစည်းကမ်း မလိုက်နာခြင်းနှင့် လူထုနှင့်ဆက်ဆံရာတွင် မောက်မာသည့် ကိစ္စများကြောင့် ကိုယ်စားလှယ် ၃၀ ဦးခန့်ကို အရေးယူရန်ပြင်ဆင်ရဟု ဆို
Reviewed by MP4 YoU
on
January 04, 2018
Rating: 5
Reviewed by MP4 YoU
on
January 04, 2018
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment