Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 3, 2018

အသက် ၇၀ ကျော်မိဘများအတွက် .....


မိဘတိုင်းက အသက် 70 ကျော်ရင် ထမင်း သိပ်မစားချင်ကြတော့ဘူးလေ ။
အဲဒီတော့ အာဟာရ ပြည့်ပြည့်နဲ့ ကောင်းကောင်းလေး စားစေချင်တာ သားသမီးတွေရဲ့ ဆန္ဒပါ ..

ထမင်းစားပြီး အချို တည်းဖို့ ဒီမုန့်လေး လုပ်ကျွေးတော့ ကြိုက်ကြတယ်။ အရသာလည်းရှိ အဟာရလည်းပြည့် လုပ်ရလည်း အရမ်းလွယ်ပါတယ်။

ပါဝင်ပစ္စည်းများ
**************
ဂျူံမှုန့် ၅ဇွန်း

ကြက်ဥ ၅လုံး

သကြား ၃ဇွန်း

ဆား နဲနဲ

ဖီးကြမ်း ငှက်ပျောသီး ၄လုံး

ထောပတ်

ပျားရည် တို့ပါပဲ ။

လုပ်ဆောင်နည်း
***************
ဂျူံ ကြက်ဥ သကြား ဆား ငှက်ပျောသီးတို့ကို ရောပြီး
ဖျော်စက်နဲ့ ကျေအောင်ချေပါ။ ( ရေမထည့်ရပါ။)

မုန့်နှစ်ရရင် မကပ်တဲ့ ဒယ်ပြားအိုးထဲ ထောပတ်နဲနဲ သုတ်ပြီး မုန့်နှစ် ၁ဇွန်းထည့်ပါ။

အဖုံးအုပ်ပြီး မီး မျှင်းမျှင်းနဲ့ထားပါ။

ဖောင်းလာပြီး ကျက်ရင်ယူပြီး ပျားရည်သုတ်ပြီး ရပါပြီ။
WoWo Pure Ginger Shampoo & Nutrition Hair Care in NewBagan Online Shop

No comments:

Post a Comment