Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 24, 2018

ဘဝမှာ အဆိုးရွားဆုံးသောနာကျင်ခံစားရမှုတွေဟာ


ဒေါ်အောင်ဆန်းစုကြည်ကို အင်တာဗျူးတစ်ခုမှာမေးသွားတာပါ။
မေးတာကိုအကျဉ်းချုံးရရင် ဘဝထဲကနေ ဘယ်လို သင်ခန်းစာတွေရခဲ့သလဲ လို့မေးတာ။
ဒေါ်အောင်ဆန်းစုကြည်ဖြေသွားတာက
***ဘဝမှာ အဆိုးရွားဆုံးသောနာကျင်ခံစားရမှုတွေဟာ
ကိုယ့်ကိုယ်တိုင်လုပ်ခဲ့မိတဲ့ အမှားတွေကြောင့်ဖြစ်ပြီး သူတစ်ပါးကြောင့် ဘယ်တော့မှမဟုတ်ဘူး***တဲ့ဗျား
နောက်တစ်ချက်က***ကိုယ့်ဖက်ကပြည့်ဝပြီး လူတွေအပေါ်အပြုသဘောမေတ္တာထားဆက်ဆံရင် လူတွေကကိုယ့်ကိုဘာမှ လုပ်မရဘူး။ ချစ်သောမေတ္တာစိတ်မထားတော့တဲ့အခါမှသာ နာကျင်ခံစားရတာပါ***လို့ပြောသွားတာ😊

ဆိုချင်တာက ကိုယ့်ရဲ့ကာယကံမှား၊ ဝစီကံမှား၊ မနောကံအမှားတွေရဲ့ လှည့်စားချက်တွေလို့ဆိုလိုတာပဲဗျာ့။
ဒါကြောင့်ကျွန်တော်ပြောချင်တာက_
ကိုယ့်ကိုယ်ကို ဘယ်သောအခါမှအရူးမလုပ်နဲ့ ။မလိမ်မိစေနဲ့ ၊
မညာမိစေနဲ့ ၊မလှည့်စားမိပါစေနဲ့ လို့ပဲ
အကြိမ်ကြိမ်မှာပါရစေ😊
*******
ဆြာသိန်း

No comments:

Post a Comment