Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 26, 2017

မိဘတွေ ကိုယ့်ရင်သွေးကို ဂရုစိုက်နိုင်ကြဖို့။

·
ပြစ်ဒဏ် ( 23 ) နှစ် ချမှတ်ခံရတဲ့ဖြစ်စဉ်မှတ်တမ်းပါ - မနေ့ က အပြီးသတ်အမိန့် ချပါတယ် -
အမှုက တစ်နှစ် နဲ့ ( 4 ) လကြာခဲ့ပါတယ် - ဒီမှတ်တမ်းက မိဘတိုင်း
သတိထားနိုင်ဖို့ ရေးသားခဲ့တာ ဖြစ်ပြီးအမှုပြီးဆုံးသည်အထိ နစ်နာသူ ကလေးဘက်
ကနေ လိုက်ပါကူညီခဲ့တဲ့ အမှုလဲ ဖြစ်ပါတယ်

( ကလေးငယ်ကိုယ်စား အထူးကျေးဇူးတင်ရမှာက အစအဆုံး အခမဲ့ ကူညီပေးခဲ့တဲ့
ရှေ့နေကြီး ဆရာဦးရောဘတ်စန်းအောင်-M.A.N ဥက္ကဌ ဦးသူရကြူ )
-

ဒီအမှုကို စတင်ကူညီစဉ်ကတည်းကကျွန်တော့် ရပ်တည်ချက်ဟာ ဘယ်သူ့ ကို
သာစေ ဘယ်သူ့ ကို နာစေဆိုတဲ့ စိတ် မရှိပါ။ကလေးတွေဘက်က ရပ်တည်ပြီး အမှန်တရား
ပေါ်ပေါက်ဖို့ - ကလေးများကို တတ်စွမ်းသရွေ့ ကာကွယ်ပေးဖို့ သာ ဖြစ်ပါတယ်

အမှုဖြစ်ပြီးချိန်မှာ အရေးကြီးတဲ့ သက်သေခံပစ္စည်းတွေ ရဲစခန်းမှာ ပျောက်ကုန်တာ - မှတ်ပုံ
တင်မပါ အသက်မပြည့်တဲ့ ကလေးကို လက်ခံတဲ့တည်းခိုခန်းကို အရေးမယူတာ - ကလေးစပျောက်
သွားတဲ့အချိန်ကစပြီး ပြန်တွေ့ ချိန်ထိ တစ်နေ့ တာမှတ်တမ်း တွေ - တရားခံဘက်ကပို့ တဲ့ sms တွေကို
အကုန်တင်ပြပါလျှက် အမှုဟာ ဝေ့လည်ပြီးကြန့် ကြာတာ

ဒါတွေက တရားဥပဒေ ဘယ်လဲ ဘာလဲမေးရမယ့် အချက်ပါ

နောက်ဆုံး စ သုံးလုံး တင်လိုက်မှ အမှုကပြတ်တယ်လို့ သိရပါတယ်
ခု စ သုံးလုံးကလဲ အဲ့ဖြစ်စဉ်မှာ ပါဝင်တဲ့တာဝန်ရှိသူတွေကို ပြန်စစ်ဆေးမယ်လို့ 
ကြားသိရပါတယ်

ခု အမှုဖြစ်စဉ်မှတ်တမ်းကိုဖတ်ကြည့်ပေးပါအုံး - တရားခံကတော့ပြစ်ဒဏ်ကျသွားပြီဖြစ်လို့ သူ့ မျက်နှာနဲ့ နာမည်ကို ဖျက်ပေးထားပါတယ်

အသက် ( ၁၅ ) နှစ်အရွယ်ကလေးမလေးတစ်ဦးရဲ့ရင့်နှစ်ဖွယ် ဖြစ်ရပ်ပါ-
မိဘတိုင်း ဂရုပြု နိုင်ဖို့ ပါ။( ကလေးငယ်ကိုယ်တိုင် သူ့ မိဘရှေ့ -လူကြီးများရှေ့မှာ ပြောပြထားတာတွေပါ-ကျွန်တော်နဲ့ ( ၂ ) နာရီတွေ့ ဆုံပြီးပြောထားတဲ့ ဖြစ်ရပ်တွေ ပါ - ကလေးမိဘ
တိုင်း အချိန်မီ သိရှိပြီး ကြိုတင် ကာကွယ်နိုင်ဖို့ ရည်ရွယ် ပါ တယ် )

ကလေးမလေး အသက် က ( ၁၅ ) နှစ်( ၉ ) တန်းကျောင်းသူလေး-
မိဘတွေ ခဗျာ ချစ်ရှလို့အိမ်ကနေ ကျောင်း- ကျောင်းကနေ အိမ်မျက်စိအောက်က အပျောက်မခံခဲ့ဘူး-
လမ်းဘေး ထမင်းဆိုင်ဖွင့် ဈေးရောင်းနေပေမယ့် သမီးငယ်ကို အိမ်မှာဘဲ
မိုးလေမထိ ယုယုယယဂရုတစိုက်ချစ်ခဲ့တယ်

ကလေးမလေးက စာကျက်ရင်းအွန်လိုင်းသုံးရင်းနဲ့  Bee talk မှာအမှတ်မထင် လူယုတ်မာ တစ်ယောက်
နဲ့ ရည်းစားဖြစ်တယ်- နာမည်က ------------င် -အရပ်က ၅ ပေ ၈ ၀န်းကျင်- သူ့ ကိုယ်သူ
အသက်(၂၀ )လို့  ပြောတယ်-( အသက် ၂၀ တော့မဖြစ်နိုင်ပါ )

အဲ့လို နဲ့  တစ်လလောက်အကြာမှာလူချင်းတွေ့ ဖို့ လှည်းတန်း စင်တာရှေ့မှာ
ချိန်းကြတယ်- ကလေးမလေးကအိမ်နေရင်း အ၀တ်အစား-လက်ထဲမှာလဲ ပိုက်ဆံ တစ်ထောင်ပဲ
ပါတယ်-အိမ်ကနေ ခဏ ထွက်လာခဲ့တာ-

၅-၉-၂၀၁၆ နေ့ လည် ( ၁၂ ) ၀န်းကျင်လှည်းတန်းစင်တာရှေ့ တွေ့ ကြတော့တရားခံက ကလေးမလေးကိုsunkist ဗူး တိုက်ပါတယ်- မသောက်ချင်ဘူးငြင်းပေမယ့် အတင်းသောက်ခိုင်းလို့ ထက်ဝက်
လောက် သောက်အပြီးမှာကလေးမလေး ဘာမှ မသိတော့ဘူး-
သူ သတိရလာတော့Taxi ကားထဲရောက်နေပြီ- အိမ်တစ်အိမ်မှာကားရပ်တယ်-
အိမ်ထဲမှာ သတိရသလောက်ကတရားခံ အမေက ကြည့်နေတယ်-
အစ်မ ဖြစ်သူက ကြက်ဥကြော် နဲ့ ထမင်းကျွေးဖို့ ပြင်ဆင်နေတယ်

အဲဒီည နိုးတ၀က် အိပ်တ၀က် -သတိရလိုက် မရလိုက်နဲ့ -
မနက်မိုးလင်းတော့ လိမ္မော်ရည်ထပ်တိုက်ပါတယ်- ကလေးငယ်လေးက
သူ့ ကိုေ၇ာင်းစားတော့မှာကိုသတိမရနိုင်လောက်တဲ့ထိဆေးရှိန်မှာ မျောလွင့်နေပါပြီ

6-9-2016
Taxi ကား ဟိုတယ်ရှေ့ တခုမှာ ရပ်လိုက်တာတော့ သိလိုက်တယ်- မနက် ( ၁၀ ) နာရီ
ဝန်းကျင်- သူဟာ နိုးနေလား အိပ်နေလားသူ့ ဘာသာ ပြန်မစဉ်းစားနိုင်ဘူး- သူ ကြိုးစား
အားယူထတဲ့အချိန် အခန်းထဲကိုလူတစ်ယောက် ၀င်လာတယ်-
အသားမည်း အရပ်ပု- ဆံပင်ဆေးဆိုး( အနီရောင် )-ဆံပင်စည်းထား-လက်မှာ ကားသော့ ကိုင်ထား

ကလေးငယ်လေး ကြိုးစားထပေမယ့်မရဘူး- ကြိုးစားရုန်းကန်တယ် -မရဘူး
ဘီလူးစိတ်ထက် ဆိုးရွားကြမ်းတမ်းတဲ့ကာမဘီလူးဟာ ကလေးငယ်ကို
လုပ်သင့်လား-မလုပ်သင့်လား-သနားညှာတာမှု မရှိ-ကိုယ့်သားသမီးအရွယ်
နှမအရွယ်လေးကို ရက်ရက်စက်စက်နင်းချေတော့တယ်
အမေ တ ချိန်မရ- အဖေလို့ အော် ခေါ်ချိန်မရ- တခါမှ မရောက်ဘူးတဲ့ ဟိုတယ်က
အမှောင်ခန်းထဲ ငရဲပွက်သလို-

( တရားခံက ပါကင်ကြေး၃ သိန်းကနေ ၅ သိန်းဝန်းကျင် နဲ့ေ၇ာင်းစားထားတာ
ကလေးမလေး မသိ- အသိက ထပြေးဖို့ နိုးဆော်ပေမယ့် ခန္ဓာကိုယ်တခုလုံး ထလို့ မရ )

ကာမဘီလူး ထွက်သွားလို့ တအောင့်အကြာတရားခံ ပြန်ဝင်လာတယ်- ဘာဆိုဘာမှ
မပြောဘဲ သားမယားအဖြစ်( ၃ ) ကြိမ်ဆက်တိုက်ပြုကျင့်တယ်-
ည ရောက်တော့ ( ၂ ) ကြိမ်
၇-၉-၂၀၁၆ မနက်မှာလဲ လိမ္မော်ရည်တွေထပ်တိုက်ပါတယ်- နေ့ ည သားမယားအဖြစ်
ထပ်မံပြုကျင့်ပြန်တယ်-ကလေးငယ်ကို ဘာမှမကျွေးပါဘူး-ရေလဲ မချိုးရ- ရေလဲ မသောက်ရ
လိမ္မော်ရည် တမျိုးတည်းကိုသာ နေ့ ညအဆက်မပြတ်တိုက်ပါတယ်-

ကလေးမလေးကိုရောင်းစားတဲ့ အပြင် ကလေးမလေးအိမ်ကိုပါ
ငွေ ပို့ ပေးဖို့  လှမ်းတောင်းပါတယ်-အဲ့လိုကနေ ကလေးမလေး ရဲ့ မိဘတွေကလဲ
ပရဟိတအဖွဲ့ တွေ- ရဲတပ် ဖွဲ့ တွေနဲ့ ငွေတောင်း ခံတဲ့ နေရာကတဆင့်
အပူတပြင်း လိုက်လံရှာဖွေရှာမှာ၈-၉-၂၀၁၆ မနက် ( ၃ ) နာရီ -
မ-ဒဂုံ က ဟိုတယ်တခုအတွင်းမှာ လူယုတ်မာ တရားခံ နဲ့ 
အတူ ကလေးငယ်ကို အမိဖမ်းနိုင်ခဲ့ပါတယ်

ဟိုတယ်အတွင်း ၀င်ရောက်ဖမ်းဆီးချိန်မှာကလေးငယ်လေးက ဆေးရှိန်နဲ့ အသိကင်းမဲ့
နေပါပြီ- ရဲတွေ့ လို့ ဝမ်းမသာ-အဖေအမေတွေ့ တာတောင်
ဘာခံစားချက်မှ မရှိ- အားပြတ်အဆံချောင်နေတဲ့ မျက်လုံးတွေနဲ့ သာ
ငြိမ်သက် နေ တော့တယ်


ဒါဟာ ကျွန်တော်တို့ ကြားကြားနေရတဲ့ရေဆူဆေးပြားလို အရာမျိုးလား- ဒီထက်
အားကောင်းတဲ့ ဆေးတွေလား-တဖက်နိုင်ငံ နဲ့ နယ်စပ်တွေမှာသာ ကြားဖူးတဲ့
အဖြစ်အပျက်တွေ ဟာ ကျွန်တော်တို့နေထိုင်ရာ ပတ်ဝန်းကျင်ထိရောက်ရှိလာပြီလား-

တွေးစရာ မေးခွန်းတွေဟာတသီတတန်းကြီး ထွက်ပေါ်လာတော့တယ်
ကလေးငယ်ကို ဖျက်စီးခဲ့တဲ့ တရားခံကလဲဒီအဖြစ်ဟာ ပထမဆုံးအကြိမ်မဟုတ်-သူ့ နဲ့ 
သူ့ မိသားစု ပူးပေါင်းကြံစည်လုပ်စားနေတဲ့အသက်မွေးဝမ်းကြောင်းတခုလဲဖြစ်နေဟန်ရှိတယ်

( ရပ်ကွက်လူကြီးတစ်ယောက်ပြောတာကတော့တရားခံဟာာ အရင်ကတည်းက ခုလို
နာမည်ထွက်နေပေမယ့်- လာတိုင်တဲ့သူမရှိလို့ -သက်သေမရှိလို့  သူကံကောင်းနေတာလို့ 
ပြောပါတယ်- တခြားသော ကလေးမိဘတွေလဲမရှက်မကြောက်ဘဲ သူ့ ကို တိုင်ကြားဖို့ 
လိုတယ်လို့ လဲ ပြောပါတယ် )

အခုတော့ တရားခံကို စစ်ဆေးနေပြီးကလေးငယ်ကလဲ မိဘရင်ခွင်ကိုရောက်ရှိခဲ့ပါပြီ-နောက်ဆက်တွဲ အကြောင်းအရာများကိုတခြားကလေးမိဘများသိရှိနိုင်အောင် ဆက်လက်ဖော်ပြပေးပါ့မယ်


မိဘတိုင်း ဒီလို ဖြစ်အင်တွေကို သတိပြုပြီးကိုယ့်ရင်သွေးတွေကို ကာကွယ်စောင့်ရှောက်
နိုင်ကြပါစေဗျာ

ဖိုးဇော်
09795405022
13-9-2016
( ကလေးငယ်ကို တွေ့ ဆုံနှစ်သိမ့်ဆွေးနွေးနေပြီး လိုအပ်သော အကူအညီများကိုလဲ
ဆက်လက်ပေးသွားပါ့မယ် )
https://www.facebook.com/Maharluthar?hc_ref=ARSfkP7_ryR9nZm509G-1SC-rWplBU2ioBNLo5VAKtH5EVC4KsbqLSYySBlspbqaS8A&fref=nf&pnref=story






No comments:

Post a Comment