Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 2, 2017

အိမ်ထောင်စုမူရင်း များစွာ နှင့် မှတ်ပုံတင်ပေါင်း ၁၅၀ ပါ အထုတ်ကို ပစ်ချထား



၂..၁၁..၁၇
ရန်ကုန်မြို့ ကန်တော်ကြီးအတွင်းရှိ ယနေ့နံနက် ( ၆ )နာရီတွင် ကျန်းမာရေးအတွက်
အားကစား လေ့ကျင့်ခန်းလုပ်နေကြစဉ် အနီးရှိသစ်ပင်ခြေရင်းတွင် မသင်္ဂါဖွယ်
အထုတ်တစ်ခုကို ဦးသိန်းဝင်း( MHA )တို့က စတင်တွေ့ရှိ၍ ကြည့်ရှု စစ်ဆေးကြည့်ရာ
မှတ်ပုံတင် မူရင်းအစစ်( ၁၅၀) ကျော်နဲ့ သန်ခေါင်စာရင်း မူရင်းအစစ် ရေစိုနေသည့်
အရေတွက် မြောက်များစွာ တွေ့ရှိရတယ်။
ဒါကို ဗဟန်းမြို့နယ်ရဲစခန်းသို့ အကြောင်းကြားပြီး နယ်ထိန်းတာဝန်ခံအရာရှိကို
ပေးအပ်ခဲ့တယ်လို့ ``Thein Win ``ဖေ့ဘွှတ် စာမျက်နှာမှာ ရေးသား ဖော်ပြထားပါတယ်။
မှတ်ပုံတင်တွင် လိပ်စာအမျိုးစုံပါပြီ အမရပူရ မန္တလေး ရန်ကုန် အပြင် အခြားမြို့များ
လဲပါဝင်ပါတယ် လို့ဆိုပါတယ်။
အဲဒါ ရဲတပ်ဖွဲ့ဘက်က လိုက်ဖို့လိုတယ် မှတ်ပုံတင်ရုံးကတော့ အခုလို အဟောင်းအသစ်
လဲတဲ့ မှတ်ပုံတင်တွေကို အခုလိုပြီးစလွယ် လာပစ်ထား မယ်လို့တော့ မထင်ဘူး။
လူကုန်ကူးမှု ဖြစ်နေမလား ဒါမမဟုတ် ရာဇ၀တ်မှု တခုခုများ ဖြစ်နေမလား ။
မှတ်ပုံတင်တွေ ရှိနေတာဘဲ့ ရဲစခန်းက မှတ်ပုံတင်ပါ လိပ်စာတွေရဲ့ လူတွေကိုလှမ်းပြီး
စစ်ဆေးသင့်ပါတယ်။
POSTED-ဧပရယ်မောင်မောင်
ကျော်​သက်​​ထွေး



No comments:

Post a Comment