Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 21, 2017

Appleဖခင်ကြီး ရဲ့ သံဝေဂ သတိစကား'' စတိဗ်ဂျော့စ်


ကမ္ဘာသိ အောင်မြင်ကျော်ကြားသူရဲ့
ဘ၀နေချိန်လေးမှာ နောက်လူတွေသိဖို့ ထားခဲ့တဲ့ သံဝေဂ သတိစကားတွေကို ပြန်လည်ဝေမျှဝေလိုက်ပါတယ်။

စတိဗ်ဂျော့စ်ရဲ့နောက်ဆုံး စကားလုံးများ (ဝါ)
စတိဗ်ဂျော့စ်ရဲ့သံဝေဂ။

I reached the pinnacle of success in the business world.
ကျနော်ဟာစီးပွားရေးလောကရဲ့အထွတ်
်အထိပ်အောင်မြင်မှုတွေကို ရရှိခဲ့တယ်။

In others’ eyes, my life is an epitome of success.
အခြားသူတွေရဲ့မျက်လုံးထဲမှာတော့ ကျနော့်ဘဝဟာအောင်မြင်ခြင်းရဲ့စံနမူနာပြပေါ့။

However, aside from work, I have little joy.
ဒါပေမဲ့ ကျနော့်မှာ အလုပ်ကလွဲရင် ပျော်ရွှင်မှုဆိုတာ မရှိသလောက်ပါပဲ။

In the end, wealth is only a fact of life that I am accustomed to.
နောက်ဆုံးတော့ ကျနော်နဲ့ တစ်သားတည်း ရှိနေခဲ့တဲ့ ဓနဥစ္စာဆိုတာလည်း
လောကတံဟာ ဓမ္မတာတရားပါပဲ။

At this moment, lying on the sick bed and recalling my whole life,
အခုလို လူနာကုတင်ပေါ်မှာ
လဲလျောင်းနေရတော့ကျနော
့်ဘဝတစ်လျှောက်လုံးကို ပြန်စဉ်းစားနေမိတယ်။

I realize that all the recognition and wealth that I took so much pride in, have paled and become meaningless in the face of impending death.
ကျနော်ဂုဏ်ယူခဲ့ရတဲ့ ဓနဥစ္စာတွေနဲ့ အသိအမှတ်ပြုမှုတွေ အားလုံးဟာ သေခြင်းတရားနဲ့ ရင်ဆိုင်ကြုံတွေ့ရခါနီး
အချိန်မှာတော့ တဖြည်းဖြည်းနဲ့ မှေးမှိန်ပြီး အဓိပ္ပာယ်မဲ့လာပါလားဆိုတာကို သဘောပေါက်လာမိတယ်။

In the darkness, I look at the green lights from the life supporting machines and hear the humming mechanical sounds,
အမှောင်ထဲမှာအသက်ကယ်စက်ပစ္စည်းတွေဆီကအစိမ်းရောင်မီးလေးတွေကို ကြည့်နေမိသလို၊ သူတို့ဆီကတတီတီမြည်သံလေးတွေကိုလည်း ကြားနေမိတယ်။

I can feel the breath of god of death drawing closer…
ကျနော်ခံစားနိုင်တာကတော့ ယမမင်းရဲ့အငွေ့အသက်
တွေဟာ တဖြည်းဖြည်းနဲ့ နီးကပ်လာပြီဆိုတာကိုပါ။

Now I know, when we have accumulated sufficient wealth to last our lifetime, we should pursue other matters that are unrelated to wealth…
ကျနော်အခု သိလာတာတစ်ခုက ကျနော့်ဘဝတစ်ခုလုံး
ခိုင်မာဖို့ ကုံလုံပြည့်စုံတဲ့ ဓနဥစ္စာတွေကို ရှာဖွေစုဆောင်းနေတုန်းမှာပဲ၊ ဓနဥစ္စာတွေနဲ့ လားလားမှ မသက်ဆိုင်တဲ့
တခြားအရာတွေ နောက်ကိုလည်း လိုက်ခဲ့သင့်တယ်ဆိုတာကိုပါ။

Should be something that is more important:
ပိုအရေးပါမယ့် တချို့အရာလေးတွေပေါ့။

Perhaps relationships, perhaps art, perhaps a dream from younger days ...
ချစ်သံယောဇဉ်နှောင်ကြိုးလေးတွေ ဖြစ်ချင်ဖြစ်မယ်၊
အနုပညာပိုင်းဆိုင်ရာတစ်ခုခု ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် ငယ်နုစဉ်အချိန်တွေတုန်းက မက်ခဲ့ရတဲ့ အိပ်မက်တွေ
ဖြစ်ချင်ဖြစ်မယ်ပေါ့လေ။

Non-stop pursuing of wealth will only turn a person into a twisted being, just like me.
ဓနဥစ္စာနောက်ကို ကောက်ကောက်ပါအောင်
မရပ်မနားလိုက်နေခြင်းဟာ ကျနော့်လိုမျိုး မူမမှန်တော့တဲ့ လူသားတစ်ဦးပုံစံမျိုးကို ပြောင်းလဲသွားစေပါလိမ့်မယ်။

God gave us the senses to let us feel the love in everyone’s heart, not the illusions brought about by wealth.
ဘုရားသခင်ဟာ လူသားတိုင်းရဲ့နှလုံးသားထဲက ချစ်ခြင်းမေတ္တာတရားတွေကို ခံစားတတ်စေဖို့ အာရုံကိုကျနော်တို့အတွက်ပေးသနားခဲ့ပြီးသားပါ၊ ဒါဟာ ဓနဥစ္စာတွေကနေ ယူဆောင်လာခဲ့တဲ့ အစွဲမှားမှုကို မဟုတ်ပါဘူး။

The wealth I have won in my life I cannot bring with me.
ကျနော့်ဘဝမှာ ရရှိပိုင်ဆိုင်ခဲ့တဲ့ ဓနဥစ္စာတွေဟာ
ကျနော်နဲ့အတူ သယ်ဆောင်သွားလို့ မရပါဘူး။

What I can bring is only the memories precipitated by love.
ကျနော်သယ်ဆောင်သွားနိုင်တဲ့ တစ်ခုတည်းသောအရာကတော့ ချစ်ခြင်းမေတ္တာတရားတွေဆီကနေ
မြစ်ဖျားခံလာတဲ့ အမှတ်ရစရာတွေပါပဲ။

That’s the true riches which will follow you, accompany you, giving you strength and light to go on.
ချစ်ခြင်းမေတ္တာတရားသည်သာလျှင် ခင်ဗျား
နောက်ကိုပါမယ့်၊ ခင်ဗျားနဲ့ အတူရှိနေမယ့်၊ ခင်ဗျားကို ရှေ့ဆက်ဖို့ ခွန်အားနဲ့ အလင်းပြပေးမယ့်တကယ့်ချမ်းသာအစစ်ပါပဲ။

Love can travel a thousand miles. Life has no limit.
မေတ္တာတရားဆိုတာ မိုင်ပေါင်းများစွာ ခရီးဆက်နိုင်ပါတယ်၊ ဘဝဆိုတာကတော့ အကန့်အသတ်မဲ့ပေါ့။

Go where you want to go. Reach the height you want to reach. It is all in your heart and in your hands.
ဆန္ဒရှိတဲ့နေရာကို သွားလိုက်ပါ၊ တက်လှမ်းချင်တဲ့ဆီကို တက်လှမ်းလိုက်ပါ၊ အဲ့ဒီအရာတွေအားလုံးဟာ
ခင်ဗျားရဲ့နှလုံးသားနဲ့ လက်တွင်းမှာပဲ ရှိနေတာပါ။

What is the most expensive bed in the world? - "Sick bed" …
ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးကုတင်က ဘာပါလဲ။"လူနာကုတင်'' ပါ။

You can employ someone to drive the car for you, make money for you but you cannot have someone to bear the sickness for you.
လူတစ်ယောက်ကို ကားမောင်းခိုင်းဖို့ ခင်ဗျား
အလုပ်ခန့်နိုင်တယ်၊ ပိုက်ဆံရှာဖို့အတွက်လည်း ခင်ဗျား အလုပ်ခန့်နိုင်တယ်၊ ဒါပေမဲ့ လူတစ်ယောက်ကို ခင်ဗျားအတွက် ဖျားနာပေးဖို့တော့ မတတ်နိုင်ပါဘူး။

Material things lost can be found. But there is one thing that can never be found when it is lost – "Life".
ရုပ်ဝတ္ထုပစ္စည်းတွေပျောက်ဆုံးသွားရင် ပြန်ရှာလို့ ရနိုင်ပါတယ်။ ဒါပေမဲ့ ပျောက်ဆုံးသွားရင် ဘယ်တော့မှ ပြန်ရှာလို့ မရနိုင်တော့တဲ့ အရာတစ်ခုလည်း ရှိပါတယ်။ "လူ့ဘဝပါ"။

When a person goes into the operating room, he will realize that there is one book that he has yet to finish reading – "Book of Healthy Life".
လူတစ်ယောက်ဟာ ခွဲစိတ်ခန်းထဲကို ဝင်ရပြီဆိုရင်၊သူ့ခေါင်းထဲပေါ်လာတာတစ်ခုက သူ့မှာ ဇာတ်သိမ်းအထိ
ဖတ်ဖို့ကျန်သေးတဲ့ စာအုပ်တစ်အုပ်တော့ ရှိနေသေးတယ်ဆိုတာကိုပါ။ "ကျန်းမာတဲ့ဘဝဆိုတဲ့ စာအုပ်ပေါ့"။

Whichever stage in life we are at right now, with time, we will face the day when the curtain comes down.
ကျနော်တို့ဟာ ဘဝစင်မြင့်ထက်က ဘယ်နေရာမှာပဲရှိနေသည်ဖြစ်စေ၊ ဘဝကန့်လန့်ကာချရမယ့် ''တစ်နေ့နေ့''တော့ ကျနော်တို့အားလုံးရင်ဆိုင်ကြရမှာပါပဲ။

Treasure Love for your family, love for your spouse, love for your friends...
ကိုယ့်မိသားစုအတွက်၊ ကိုယ့်ဇနီးနဲ့ ခင်ပွန်းအတွက်၊ ကိုယ့်မိတ်ဆွေတွေအတွက် ချစ်ခြင်းမေတ္တာတွေကို
ဖြည်းဆည်းပေးစွမ်းလိုက်ကြပါ။

Treat yourself well. Cherish others.
ကိုယ့်ကိုယ်ကိုယ်လည်း
ကောင်းကောင်းဂရုစိုက်ပါ၊
အခြားသူများကိုလည်းမြတ်နိုးတန်ဖိုးထားပေးပါ။

Words and photo by : Inspiring Stuff
Translated by : Wai Phyo Maung

No comments:

Post a Comment