Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 4, 2017

ဒေါ်စု က အောင်လကို ဂုဏ်ပြုလွှာပေးပို့ 


နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အန်တီဒေါ်အောင်ဆန်းစုကြည်က ကျွန်တော့်ကို ဝမ်းမြောက်ကြောင်း ဂုဏ်ပြုလွှာပေးပို့လို့ အတိုင်းမသိ ဝမ်းသာဂုဏ်ယူရပါတယ်ဗျာ...

ကျွန်တော်အနိုင်ရရှိသွားတာကလည်း ပရိသတ်တွေရဲ့ အားပေးဆုတောင်းမှုတွေကြောင့်ပါပဲ...

ကျွန်တော်ဆက်လက်ပြီး ကြိုးစားသွားမယ်ဆိုတာကိုလည်း ပရိသတ်ကြီးအားလုံးကို ကတိပေးပါတယ်ဗျာ... လို့  အောင်လအင်ဆန် ရဲ့ ဖေ့ဘွတ်မှာ ဖော်ပြထားပါတယ်။

 ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံ အားကစားပြိုင်ပွဲ ဖြစ်သည့် One Championship(MMA) အားကစားပြိုင်ပွဲကြီးကို နိုဝင်ဘာလ ၃ ရက်နေ့  ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံ ၁ မိုးလုံလေလုံ ခန်းမကြီး၌ ကျင်းပခဲ့ရာ မြန်မာစပါးအုံးမြွေ အောင်လ အန်ဆန်က စိန်ခေါ်သူ ဟောင်ကောင်နာမည်ကြီး ကစားသမား အလိန်းနဂါလာနီအား ပထမအချီ တွင်ပင် အမိအရ ချုပ်နိုင်ခဲ့ပြီး အနိုင်ရခဲ့ပါသည်။

သစ်ထူးလွင်

No comments:

Post a Comment