Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 18, 2017

အလှမက်သူမိန်းကလေးများအတွက် သတိပေးစကား


ကော်ပီယူပြီး ပြန်တင်ပေးတာပါ
သတိထားနိုင်အောင်ပါ ။

ဒါလေးကို ရေးသင့်မရေးသင့် အတော် စဉ်းစား အချိန်ယူခဲ့ပါတယ်... ရေးသင့်တယ်လို့ ထင်တာက ကိုယ့်မျက်နှာကို ကြည့်လေ စိတ်ဆင်းရဲလေ ဖြစ်ရလို့ပါ ... မရေးသင့်ဘူးထင်ခဲ့တာက ဒီဆရာဝန်ညီမလေး ကို ဟိုအရင်ထဲက လူချင်းရင်းနှီးခင်မင် တဲ့သူဖြစ်နေတာကြောင့်ပါ ...
ဒါပေမဲ့ ကိုယ်က တခါက အခုလို မဖြစ်ခင်မှာ review ကောင်းလေး တခု ရေးပေးထားပြီးဖြစ်တာရယ် , အဲဒီreview ကို တော်တော်များများကလဲ တွေ့ပြီး ကျွန်မကို လာမေးထားကြ သူတို့လဲ လိုလိုလားလား လုပ်ချင်ကြတာရယ် ကြောင့် အခုကျွန်မ လိုဖြစ်မှာ စိုးရိမ်လို့ ဒီအကြောင်းလေးကို အခုလို ပြန်ရေးရတာပါ...

ကျွန်မ အတွက်တော့ ဒါသည် မျက်နာ တခုလုံးနဲ့ ရင်းရတဲ့ bad experience ပါ... ကျွန်မ မျက်နာကို တွေ့တိုင်းရင်နာရပါတယ်.. မျက်ရည်ကျပါတယ်... ယူကြုံးမရဖြစ်ပါတယ် ... မိန်းကလေး တယောက်အတွက် မျက်နာ သည် အသက်ပါ.... ဒါကြောင့်ကျွန်မ မျက်နာကို အရမ်းဂရုစ်ုက်ပါတယ်... skin care ဆို ကောင်းပေ့ ဆိုတာတွေမှ သုံးတာပါ... ဘယ် skincare ဘယ်လို ကောင်းတယ် ပြောပြော ကျွန်မ ဘယ်တော့မှ လက်တည့်မစမ်းပါဘူး ... မျက်နာ တခုခု ဖြစ်သွားမှာ ကျွန်မ အရမ်းစိုးရိမ်တတ်သူပါ... နည်းနည်းမတည့်ဘူး ထင်လာရင် Dior တောင်မှ ဆက်မသုံးဘဲ သူများ ပေးပစ်တာပါ...
ဒါပေမဲ့ အသက်အရွယ်အရ မျက်နာ တခုခု လုပ်ဖို့ လိုလာပြီ ဆိုတာ ထင်တာကြောင့် ကျွန်မ နဲ့ သိတဲ့ aesthetic ဆရာဝန် များစွာထဲကမှ သူ့ဆီ သွားခဲ့ပါတယ် ... ဘာကြောင့်လဲ ဆိုတော့ ၂ ချက်ထဲပါ.. ယုံကြည်စိတ်ချလို့ရယ်, ခင်မင်ရင်းနှီးလို့ရယ် ပါ....
သွားထဲက ကျွန်မ အသားအရည်က sensitive ဖြစ်ကြောင်းပြောထားတာပါ... လုပ်ရမှာလဲ အင်မတန်ကြောက်တဲ့အကြောင်း ဒါပေမဲ့ ဘာ treatment ယူရမှန်းလဲ မသိတာကြာင့် အဆင်ပြေမဲ့ treatmet ကို သာပေးပါလို့ ယုံယုံကြည်ကြည် ပြောခဲ့ပါတယ် ... သူက ချွေးပေါက် တွေ နည်းနည်းရှိတာကြောင့် peeling လုပ်ပါလို့ ပြောတာကြောင့် သူ့စကားအတိုင်း လုပ်ခဲ့တာပါ ...
လုပ်တဲ့နေ့မှာ dermabrasion အရင်လုပ်ပြီးတော့ peeling ဆက်လုပ်ပါတယ်... ကျွန်မ ကိုယ်တိုင်လဲဆရာဝန်ပါ .. ဒါပေမဲ့ အလှအပရေးရာနဲ့ ပတ်သတ်တဲ့ အကြောင်း knowledge မရှိပါဘူး .. သူလုပ်ပေးသမျှ ခံခဲ့တာပါ... ကျွန်မမျက်နှာကို pumpkin acid လို့ပြောတဲ့ဟာနဲ့ လုပ်ပါတယ် .. အက်စစ် တင်ပြီးပြီးချင်း ကျွန်မ မျက်ရည်ကျပါတယ် .. ထွက်ပြေးချင်စိတ်ကို ပေါက်တာပါ... သူတို့လဲ လန့်သွားကြပါတယ် ... ကျွန်မ မျက်နာကြီးတခုလုံး ဖူးယောင်တက်လာပါတယ် တဲ့ ( လုပ်ပြီးတော့သူတို့ ပြန်ပြောတာပါ) ပြီးတော့ ကျွနိမ ပြန်လာပါတယ်...
ဓါတ်ပုံတွေ လဲ Day အလိုက် ပြထားပါတယ်
လုပ်ပြီး တရက် နစ်ရက် ထိ ကျွန်မ မျက်နာကို ကြည့်ရင်း ကြောက်မိတယ် စိတ်ပူမိတယ် သူ့ကို မေးမိတယ် ( ဒါကို သူက complaint တက်တယ် ထင်မလားမသိ ) လူနာတယောက်အနေနဲ့ အရေးကြီးဆုံး မျက်နာ မှာ ဒီလို ဖြစ်သွားတာကို ကျွန်မ အရမ်းစိုးရိမ်ပါတယ်..
နောက်ဆုံး အားလုံး ကွာကျပြီးချိန် မှာတော့ အသားကြည်ပြီး ဖြူလာတာပါ... ဒါပေမဲ့ အနီလေးတွေ တော့တွေ့ရမှာပါ .. အဲံဒါလေးတွေက baby skin ဖြစ်သွားလို့ ဖြစ်တာ moisturizer လိမ်းနေထိမခံနဲ့ ပျောက်သွားမှာပါ ဆိုတော့ ကျွန်မလဲ အေးဆေးပဲလို့ ထင်ခဲ့ပါတယ် ... ပျော်ခဲ့ပါတယ် အမှန်တိုင်းပြောရရင် သူ့ဆီမှာ လုပ်ပြီး ဆိုးရွားသွားတဲ့ ပုံကနေ ဒီလို ကြည်ကြည်လေးဖြစ်လာလို့ အော်... ငါ မသိလို့ သူ့ကိုမေးမိတယ် အားနာစရာလို့တောင် တွေးမိခဲ့တာပါ... အဲဒီအတွက် ကျွန်မ page ကနေ review လေးတောင် ရေးပေးခဲ့ပါသေးတယ် ...
ဖြစ်လာတာက အဲဒီ အနီတွေက စတာပါ ... တနေ့တခြား အနီတွေဆိုးလာပါတယ် ... စစလုပ်ခြင်းတုန်းက ခင်တဲ့ aesthetic ဆရာဝန်အမတယောက်ကို မေးကြည့်တော့ peeling လုပ်ရင် ဒီလိုမျိုး မဖြစ်တတ်ကြောင်း , acid တင်တဲ့ အချိန် နဲ့ သုံးတဲ့အက်စစ်ကြောင့် ဒီလိုဖြစ်တာ ဖြစ်နိုင်ကြောင်း , ဒါမျိုးဆို PIH ( post inflammatory hyperpigmentation ) ဖြစ်ကျန်တတ်တယ်လို့တောင် သတိပေးခဲ့တာပါ... အခုတော့ အဲဒီ အမပြောတာ အမှန်တွေ ဖြစ်လာပါပြီ .... ကျွန်မ မျက်နာ ရဲ့ အနီတွေဟာ အမဲကွက်တွေ ဖြစ်သွားပါတယ်... အဲဒီရက်ပိုင်း ကျွန်မ ဘယ်လို သွားလာတယ် ဘယ်လို mask တပ်တယ် ဆိုတာ ပတ်ဝန်းကျင်က လူတွေ သိမှာပါ ( ငါ့မျက်နာ အသားနုနုလေး ဂရုစ်ုက်ရမယ် ဆိုတဲ့စိတ်နဲ့ မလိုရင် အပြင်တောင် မထွက်တာပါ) ... အမဲကွက်တွေ မြင်ရတုန်းက ကျွန်မ အရမ်း တုန်လှုပ်ပါတယ်... သူ့က်ု ပြောတော့ ကျွန်မကို ဆေးတမျိုး ပေးပါတယ် ... အဲဒါလိမ်းရင် တပတ် ပဲ ပျောက်တယ် ပေါ့နော် ဆိုတော့ လိမ်းပါတယ် ...longiderm ပါ acetic acid ပါ,ပါတယ် .. ဒါကြောင့် စပ်ပါတယ် .. အမဲကွက်ကနေ အနီပြင်ကြီး ဖြစ်သွားပြန်ပါတယ် ... စိတ်ဆင်းရဲ မအိပ်နိုင်ပဲ အဲဒီညကို ကျော်ဖြတ်ပြီးမှာ ကျွန်မ နဲ့ ခင်တဲ့ နောက်ထပ် aesthetic ဆရာတယောက်က သတင်းမေးရင်းနဲ့ ချက်ချင်းလာပြခိုင်းပါတယ် ... အခြအနေတွေ ပြောအပြီးမှာ ကျွန်မဖြစ်တာသည် အက်စစ် ပြင်းလို့ လောင်သွားပြီး အရာကျန် ခဲ့ခြင်း PIH ဆိုတာ သိရပြီးနောက်မှာ .. ဟုတ်ကဲ့ ... အခုတော့ ဆေးတွေ သောက်နေပါတယ်...နေ့တိုင်း စိတ်ဆင်းရဲပါတယ် .. ကို့မျက်နာ ကိုယ် မကြည့်ချင်ပါဘူး.. ကျွန်မမျက်နာ ဖြူဖြူမှာ အခုလို အမဲကွက် တွေ မြင်ရတာ သတ်သေချင်ပါတယ်.. confidence ကျပါတယ်... သူ့ကို ကျွန်မ ကျသင့်သော တန်ဖိုးပေးပြီး လုပ်ခဲ့တာပါ... ( discount 10% ပေးပါတယ်) ...ကိုယ့်အရုပ်ဆိုးအောင် ကိုယ့်ဘာသာကို ပိုက်ဆံပေးလုပ်သလို ဖြစ်သွားတာမို့ ပိုရင်နာပါတယ် ...
ဓါတ်ပုံ တွေ နဲ့ Day တွေက်ု ရေးထားပါတယ် ... ကျွန်မရဲ့ရုပ်ဆိုးဆိုး မလှမပ စိတ်ဆင်းရဲစရာကောင်းသော ပုံတွေက်ု ကြည့်ပေးကြပါ ... ကျွန်မလို မဖြစ်ရအောင် ဆင်ခြင်ကြပါ... ဆရာဝန် ဆိုတိုင်းလဲ တချို့သောဆရာဝန်တွေဟာ အတွေ့အကြုံနည်းတာကြောင့် မျက်နာတခုလုံးကို ရက်ရက်ရောရော မပေးပါနဲ့ ... ဖြစ်နိုင်ရင် မလိုအပ်ပဲ ဘာမှ မလုပ်ပါနဲ့ ... လုပ်မယ် ဆိုလဲ စိတ်ချယုံကြည်ရတဲ့ ဆရာဝန် တွေ ဆီသာ သွားကြပါ လို့ စေတနာနဲ့ ပြောချင်ပါတယ် ...
ဆေးခန်းနာမည်ကိုတော့ ကျွန်မ မရေးတော့ပါဘူး .... ပါရမီက ပါ...
သိတဲ့သူတွေ သိကြမှာပါ ...

Credit Ei Cho






No comments:

Post a Comment