Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 3, 2017

ဒေါ်အောင်ဆန်းစုကြည်ဟာ သူနိုင်ငံအတွက် သူလုပ်စရာ ရှိတဲ့အလုပ်တွေကို ဆက်တိုက်လုပ်နေတာကိုတွေ့ခဲ့ရတယ်


ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေး ပြောဆိုခဲ့မှုတွေအရ ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင်က မြန်မာနိုင်ငံမှာပြဿနာ ပေါင်းများစွာကို ဖြေရှင်းရမယ်ဆိုတာကို သိသလို သူ့အနေနဲ့ဒီပြဿနာတွေကိုမကြောက်ဘဲ ရင်ဆိုင်ဖြေရှင်းမယ်ဆိုတာကိုတွေ့ခဲ့ရတယ်။ အနောက်နိုင်ငံတွေအနေနဲ့ ဒေါ်အောင်ဆန်း စုကြည်အပေါ်ကို ဆုတွေအများကြီးပေးခဲ့ ကြတယ်။ ပံ့ပိုးမှုတွေအများကြီးပေးခဲ့ကြတယ်။ သူတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင်တဲ့အစိုးရ မြန်မာနိုင်ငံမှာ အာဏာရတဲ့အချိန်မှာ သူတို့အနေနဲ့ယူဆတာက သူတို့ ပြောတာကိုနားထောင်တဲ့ မြန်မာအစိုးရ ဖြစ်လာလိမ့်မယ်လို့ထင်ခဲ့တယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရ အနေနဲ့နိုင်ငံတကာနဲ့ပတ်သက်ပြီး သင့်မြတ် အောင်ဆက်ဆံခဲ့ပေမယ့် ဘယ်သူ့ကိုမှသွား ပြီးအောက်ကျို့မခံခဲ့ဘူး။

သူလုပ်စရာရှိတာ ကိုသူဆက်လုပ်ခဲ့တယ်။ မြန်မာနိုင်ငံသား တွေလိုအပ်တာတွေကိုပဲ သူ့အနေနဲ့ဆက်လုပ်ခဲ့တယ်။ ဒါကနိုင်ငံရေးပဲ။ ဒါနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတော်တော်များများအနေနဲ့ သူတို့လိုချင်တဲ့ပုံစံမျိုး မရလာတဲ့အတွက် ကြောင့် အပြစ်တွေမြင်လာကြတာလို့ထင် တယ်။ ကျွန်မလာတဲ့ခရီးစဉ်အတွင်းမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည် နယ်နဲ့ပတ်သက်တဲ့ ဖွံ့ဖြိုးရေးစီမံကိန်းကို အဆင်သင့်ထုတ်ထားတာကိုတွေ့ခဲ့ရတယ်။ အခုစပြီးတော့လည်း ဖွံ့ဖြိုးရေးစီမံကိန်းတွေကိုလည်း စလုပ်နေတာကိုမြင်ရတဲ့အတွက် အရမ်းလည်းဝမ်းသာမိသလို အားလည်းကျမိတယ်။ အခြားသော တိုင်းပြည်နိုင်ငံတွေ အနေနဲ့လည်း ဒီစီမံကိန်းတွေကို လက်ခံနိုင် လိမ့်မယ်လို့ယူဆပါတယ်။

 နောက်ပြီးကျွန်မ အနေနဲ့ အမေရိကန်ဦးဆောင်တဲ့အနောက် နိုင်ငံအချို့က ဒေါ်အောင်ဆန်းစုကြည်နဲ့မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုတွေနဲ့ပိတ်ဆို့အရေး ယူမှုပြုလုပ်ဖို့ ဟန်ပြင်နေတာတွေနဲ့ပတ်သက် ပြီး မြန်မာနိုင်ငံကိုမလာရောက်ခင်က စိုးရိမ်ပူပန်မှုတွေရှိခဲ့ပေမယ့် မြန်မာနိုင်ငံကိုရောက် ရှိပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပြီးတဲ့နောက်မှာတော့ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် စီမံထားတဲ့ဆောင်ရွက်ချက်တွေ၊ စီမံကိန်းတွေကြောင့် စိုးရိမ်ပူပန်မှုတွေလျော့ ပါးပျောက်ကွယ်သွားခဲ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်အနေနဲ့ကလည်း သူ့ အပေါ်ကျရောက်လာမယ့် ဖိအားတွေကို ဂရုမစိုက်ဘဲ သူနိုင်ငံအတွက် သူလုပ်စရာ ရှိတဲ့အလုပ်တွေကို ဆက်တိုက်လုပ်နေတာကိုတွေ့ခဲ့ရတယ်။
အယ်လ်ဘာတီနာ ဆိုလီယာနို
အီတလီ အထက်လွှတ်တော် အမတ်
အီတလီနိုင်ငံ အမျိုးသားရေး အဖွဲ့အစည်း Alcide Cervi ၏ ဥက္ကဋ္ဌ
The Ladies News
https://www.facebook.com/N

No comments:

Post a Comment