Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 25, 2017

စိတ်ဖိစီးမှုကြောင့် အစုလိုက် အပြုံလိုက် စိတ်ချောက်ချားခြင်း (Mass hysteria)


စက်ရုံတွင်.. သရဲပူးသည်ဆိုသဖြင့်
ယခုNote ကို ရေးပါသည်

စိတ်ဖိစီးမှုကြောင့် အစုလိုက် အပြုံလိုက် စိတ်ချောက်ချားခြင်း (Mass hysteria)
===========
ွလူ့အသိုင်းအဝိုင်းနှင့် သဟဇာတမဖြစ်သောအခါ စိတ်ဖိစီးမှုများဖြစ်လာကြသည်..
..
ထိုစိတ်ဖိစီးမှုများကို နည်းမှန်လမ်းမှန် မဖောက်ထုတ်နိုင်သောအခါ စိတ်ရောဂါအဖြစ် ပြောင်းလဲကုန်တော့သည်။
..
ဘဝတွင် မည်သို့မှ လက်မခံနိုင်ဖွယ်မရှိသော စိတ်ညစ်ညူးဖွယ်ကိစ္စတခုခုနှင့်ကြုံလာလျှင်.. ပုံမှန်စိတ်အခြေအနေရှိသူပင်လျှင်.. စိတ်ဖိစီးမှုခံစားရကာ ဒုက္ခရောက်သွားလေ့ရှိသည်..
စိတ်ပျော့သောသူများ ပို၍လွယ်ကူစွာ ဒုက္ခရောက်ကြသည်။.

ထိုကဲ့သို့ စိတ်ညစ်စရာများကို
ဆင့်ကာထပ်ကာ ခံစားရပြီဆိုလျှင်တော့ မပဋာမြေလူး အရူးမီးဝိုင်းသကဲ့သို့ဖြစ်လာတော့သည်။
..
ထိုအခါ စိတ်ထွက်ပေါက်ကိုရှာကြရင်းမှ ထိုကဲ့သို့..ဖြစ်ရပ်များ ဖြစ်လာကြသည်..

*********************
အချို့ဖြစ်စဉ်များတွင် လူတို့သည် အုပ်စုလိုက် အင်္ကျီချွတ်၍ တန်းစီလမ်းလျှောက်ကြသည်။

အချို့အုပ်စုကတော့ တိရိစ္ဆာန်များလို ခုန်လိုက်ပေါက်လိုက်ဖြင့် ပြေးလွားကြတော့သည်။

အချို့ကျောင်းများတွင်လည်း
ကျောင်းသူများ တကိုယ်လုံးတုန်တက်၍ သရဲပူးသည်ဟူသောဖြစ်ရပ်များ ကမ္ဘာအရပ်ရပ်တွင်ရှိနေသည်။

မလေးရှားနိုင်ငံ၌တွင်မူ ‪၁၉၇၀-၁၉၈၀‬ ခုနှစ်များတွင် အများဆုံး ဖြစ်ပွားခဲ့ကြသည်။

မြန်မာနိုင်ငံတွင်..
ကျောင်းတချို့ စက်ရုံတချို့နှင့် အကျဉ်းထောင်တချို့တွင်..သရဲပူးသည်ဟု..
ပြောကြသော ဖြစ်ရပ်များ များစွာ ရှိခဲ့သည်။

******************************
.
ကောလဟလကြောင့်ဖြစ်သော အစုလိုက်အပြုံလိုက် စိတ်ချောက်ခြားခြင်း..
(Mass Hysteria)
=========
ကောလဟလသတင်းများနှင့် သတင်းမှားများကြောင့်လည်းအစုလိုက်အပြုံလိုက် စိတ်ချောက်ခြားမှုများဖြစ်ပေါ်လေ့ရှိပါသည်.
..
ထို စိတ်ခြောက်ခြားမှု၏ယ
အခြေခံမှာ ကြောက်စိတ် ပင်ဖြစ်သည်..
..
အကြောက်တရားများပြားလာပြီး..
မလျော်ကန်သော တုန့်ပြန်မှုဖြင့် တုန့်ပြန်လာကြသည်..
ကြမ်းတမ်းခက်ထန်ကုန်ကြသည်..
ပြင်းထန်ရက်စက်လာကြသည်..
.
၁၇ ရာစုတွင် ဥရောပမြို့ပြနိင်ငံများ၏စုန်းကဝေအယူအဆပယောဂများကြောင့် ပြည်သူအမျာ်းစိတ်ချောက်ခြားကာ..သံသယဖြစ်သူများအား အစုလိုက် အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ကိစ္စတုံးပစ်သည့် ဓလေ့ပေါ်ပေါက်ခဲ့သည်။
..
အင်္ဂလန်နိုင်ငံမြေပေါ်ရှိအိုင်ယာလန်စစ်သားများမှာအန္တရာယ်ပြုမည်ကို ဒေသခံများမှ ကြောက်ရွံ့သဖြင့်...ညအချိန်လူအုပ်စုဖြင့် စစ်တန်းလျားများအားသွားရောက်တိုက်ခိုက်ကာ စစ်သားများအားသတ်ဖြတ်ခဲ့ကြဖူးသည်။
..
..
*******************************
#ကြောက်စရာအကောင်းဆုံးနှင့်
#သတိထားရတော့မည့်..
🌟ပြည်သူလူထုအား နိုင်ငံရေးပယောဂဖြင့် ဖန်တီးသော "အစုလိုက် အပြုံလိုက် စိတ်ချောက်ချားခြင်း" (The Politics of Hysteria/ Manufacturing Hysteria ) 🌟
================
နိုင်ငံရေးလှည့်ကွက်များအတွက်
ရိုးသားသော ပြည်သူများအားအသုံးချခြင်းဖြစ်ပါသည်။ မိမိတို့ အာဏာဆုံးရှုံးမှာ စိုးရိမ်သည့်အခါ...သို့မဟုတ် ပြည် သူလူထုအား စိတ်ပြောင်းစေချင်သောအခါ ကောလဟာလတခု ဖန်တီး၍ ပြည်သူကို စိတ်ခြာက်ခြားစေသည်..။
..
..
၎င်းကောလဟာလများကို ပြည်သူလူထုအတွင်းလျှင်မြန်စွာပြန့်ပွားစေကာ ..နိုင်ငံရေးလှည့်ကွက်တခုအဖြစ် ကျွမ်းကျင်စွာအသုံးပြုပြီး ပြည်သူများအကြား
အကြောက်တရားကို ဖြန့်ဝေကာ.. ကြောက်မက်ဖွယ်ရာ စိတ်ချောက်ခြားခြင်း (mass hysteria) ရောဂါကို ကူးစက်ပြန့်ပွား အောင်ပြုလုပ်ကြသည်။
..
..
ထိုဖြစ်ရပ်များ ကမ္ဘာတဝှမ်းတွင်ဖြစ်လေ့ဖြစ်ထရှိပါသည်..

******************************
#တို့မြန်မာပြည်ဗုဒ္ဓဘာသာပျောက်ကွယ်တော့မယ်....။
ဟုသော ခေါင်းစဉ်ဖြင့် လူထူကြား..အကြာက်တရားကို ဖန်တီးကာ.. ကောလဟာလဖြင့်..
ယနေ့ခေတ် မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို
ပြောင်းပြန်ဖြစ်အောင် ဖန်တီးနေကြသည်က ဥပမာတစ်ခုဖြစ်သည်..
..
NLD အစိုးရ ပြုတ်ကျစေရန်.. နည်းလမ်းပေါင်းစုံဖြင့် ကောလဟလများ သတင်းမှားများဖြန်ချိကာ..ပြည်သူလူထု Mass Hysteria ဖြစ်အောင် စနစ်တကျ လုပ်ဆောင်နေကြသည်..
..
မနေ့က ဘာသာပေါင်းစုံ ဆုတောင်းပွဲ မှ အကြိုနေရာချထားပုံအား Online တွင် ပြန့်နှံ့မှုသည်..Mass Hysteria ဖြစ်ရန် အကောင်းဆုံး မီးစတစ်ခုဖြစ်သည်....


ရုန်းထဆဲ စီးပွားရေးနှင့် ဒရွတ်တိုက်ပါနေသော မဏ္ဏိုင်များ၏ လည်ပတ်မှုနှေးကွေးခြင်းတို့ကြောင့်..
စိတ်ညစ်ပြီး စိတ်ဖိစီးမှုများနေသော ပြည်သူများအကြားကို ကောလဟာလများ.. တရစပ် မှိုင်းတိုက်ကြလေသောအခါ စိတ်အာရုံ မခိုင်မာသော ပြည်သူများမှာ ကောလဟာလမှိုင်း ဆွဲအား၏ စုပ်ယူဖမ်းစားခြင်းကို ခံလိုက်ရတော့သည်။

ဤလှည့်ကွက်ကို အကြိမ်ကြိမ်ပြုလုပ်ခြင်းအားဖြင့်အကြောက်တားနှင့် အမုန်းတရားအား ကြီးမားလာကာ.. Mass Hysteria ကူးစက်ခံရသူပိုမိုများပြားလာပြီး ကောလဟာလမှာ.. အမှန်တရားသကဲ့သို့ ဖြစ်လာတော့သည်။
..
..
ထိုအခါ ထိုသို့ကြိုးဆွဲမှုတွင် အပြစ်မဲ့သော ပြည်သူအများစုတို့...ရုပ်သေးရုပ်များလို ကမိနေကြတော့သည်ကို လေ့လာမိပါသည်..
..
..
ထိုသူတို့အား အမှန်တရားကို ရှင်းပြသောအခါ စိတ်ဆိုးဒေါသဖြစ်၍ တုန့်ပြန်..ဆဲဆိုကြသည်။ လက်မခံကြတော့ပေ...
သူတို့၏စိတ်ထဲတွင်..အကြောက်တရားက ကြီးစိုးနေရာယူသွားပြီဖြစ်သည်..
..
..
ထိုကဲ့သို့ တအုံနွေးနွေးဖြစ်ကာ..
နောင်တွင် ဘာသာရေးအဆောက်အအုံများဖျက်ဆီးခြင်း..
ဆူပူအကြမ်းဖက်မှုများ အထိဖြစ်ပေါ်လာနိုင်သည်အထိ..အလုံးအစုံပျက်သုဉ်းရန်..Psy War များဖြင့်.
စနစ်တကျ..Master Plan ချမှတ်နိုင်စွမ်း လေသည်...။

ငရဲသား
မည်သူမဆိုShare နိုင်ပါသည်..
****************************
Reference From
မရွှေမိုး (ကိုရီးယား) ၏ Mass Hysteria.
..
..
Source - Internet
Photo -
(၁) ၁၉၇၂ တွင် မလေးရှားစက်ရုံတစ်ရုံမှ Mass Hysteria..
..
(၂) ၂၀၁၆ နိုဝင်ဘာလ မှော်ဘီ အထည်ချုပ်မှ သရဲပူးသည်ဆိုသောသတင်းဓာတ်ပုံ..

No comments:

Post a Comment