Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 9, 2017

မန္တလေးမြို့ ကျုံးဘေးပတ်လည် အရက်ဘီယာဝိုင်းဖွဲ့စားသောက်သူများ၊ မိန်းမလျာများ၊ ပြည့်တန်ဆာများနှင့်​ အမြင်မသင့်တော်သည့် စုံတွဲများအား ဖမ်းဆီးရှင်းလင်း


မန္တလေးမြို့ ကျုံးဘေးပတ်လည် ၂၆လမ်း(၆၆လမ်းမှလမ်း၈၀အထိ)၊ လမ်း၈၀(၂၆လမ်းမှ ၁၂လမ်းအထိ)၊ ၁၂လမ်း(လမ်း၈၀မှ ၆၆လမ်းအထိ)၊ ၆၆လမ်း(၁၂လမ်းမှ ၂၆လမ်းအထိ)​ အများပြည်သူစိတ်အပန်းဖြေသည့်နေရာများ၌ အရက်ဘီယာဝိုင်းဖွဲ့စားသောက်သူများ၊ မိန်းမလျာများ၊ ပြည့်တန်ဆာများနှင့်​ အမြင်မသင့်တော်သည့်စုံတွဲများအား ဖမ်းဆီးရှင်းလင်း အရေးယူဆောင်ရွက်မှုကို အောက်တိုဘာ ၇ ရက် ညပိုင်းမှစတင်၍ ရဲအက်-၄၇ ဖြင့် ဖမ်းဆီးထိန်းသိမ်းမှုများပြုလုပ်​နေကြောင်း မန္တလေးတိုင်း​ဒေသကြီး ရဲတပ်​ဖွဲ့မှူးရုံးမှ သိရသည်။


အောက်တိုဘာ ၇ ရက် ညပိုင်းမှ အောက်တိုဘာ ၈ ရက် ညပိုင်းအထိတွင်​ ရဲအက်-၄၇ ဖြင့် လူ ၁၀၀ ​ကျော်​ ဖမ်းဆီးထိန်းသိမ်းထား​သည်​။

Photo-MDY Police
Ah Lin Nge
TheMandalayNewsJournal
https://www.facebook.com/TheMandalayNewsJournal

No comments:

Post a Comment