Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 16, 2017

ဖြိုးကိုကိုကိုတင့်ဆန်း၊ သေနတ် (၉ )လက်၊ စိတ်ကြွ ဆေးပြားနှင့် ပြည်ထဲရေး သတင်းထုတ်ပြန်မှု



 လယ်ဝေးမြို့နယ်၊နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လက်နက်/ခဲယမ်းနှင့် စိတ်ကြွ ဆေးပြားများ သိမ်းဆည်းရမိမှု



Credit: Thithtoolwin
#Unicode Version#
နေပြည်တော် လေဆိပ် နှင့် ဟိုတယ် အခန်းများ အတွင်းမှ ဖြိုးကိုကိုတင့်ဆန်း အပါအဝင် ၃ ဦးတို့ထံမှ ပစ္စတို(၉)လက် ၊ ကျည်(၈၉၂)တောင့်၊ ကျည်အိမ် (၁၆)ခု၊ M16 လက်ကိုင်ကွင်း (၁)ခု၊ ပစ္စတိုအိတ်အနက်ရောင်(၇)လုံး၊ ကျည်ကာအင်္ကျီ(၁)ထည်၊ စနိုက်ပါမှန်ပြောင်း(၁)လက် နှင့် အတူ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိခဲ့ပြီး ယင်းဖြစ်စဉ်အား အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း  ပြည်ထဲရေး ဝန်ကြီးဌာနမှ ယနေ့အောက်တိုဘာ ၁၆ ရက်တွင် သတင်း ထုတ်ပြန်သည်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ ၁၉၁၃ အချိန် လယ်ဝေးမြို့နယ်၊ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မူးယစ်တပ်ဖွဲ့စု(၁၀၅)မှ ရဲတပ်ဖွဲ့ဝင်များ၊လေကြောင်း ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ အေလာနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များနှင့် စရဖမှတပ်မတော်သားတို့ပါပူးပေါင်းအဖွဲ့မှ MNA လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ လိုက်ပါမည့် ခရီးသည် ဦးဖြိုးကိုကိုတင့်ဆန်း၊ (၄၁)နှစ်၊ (ဘ)ဦးတင့်ဆန်း၊ ACE ကုမ္ပဏီဥက္ကဌ၊ ACE ဟိုတယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ဇော်ဝင်းထိုက်၊ (၃၈)နှစ်၊ ACE ရုံးအဖွဲ့၊ (ဘ)ဦးအောင်ဝင်း၊ ACE ဟိုတယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် ရဲမင်းဆွေ၊ (၃၇)နှစ်၊ ACE ရုံးအဖွဲ့၊ (ဘ)ဦးသိန်းဆွေ (လိပ်စာတူ)တို့ (၃)ဦး၏ ခရီးဆောင်အိတ်များအားစစ်ဆေးရာ ဦးဖြိုးကိုကိုတင့်ဆန်း၏ ပြောက်ကျားကျောပိုးအိတ်အတွင်းမှ WY စိတ်ကြွဆေးပြား(၁၂)ပြား၊ ICE(၁.၅)ဂရမ်၊ သြစတြေးလျနိုင်ငံထုတ် ၉မမ ပစ္စတို (၂)လက် (သေနတ် နံပါတ် RPE-204၊ URS-352)၎င်းကျည်(၇၂)တောင့်၊ ကျည်အိမ်(၂)ခု၊ ဆက်သွယ်ရေးစက် (၃)လုံး(Wind Talker တရုတ်နိုင်ငံထုတ် ၁၊ KENWOOD တရုတ်နိုင်ငံ ထုတ် ၁၊ YAESU ဂျပန်နိုင်ငံထုတ် ၁)၊ Phyo Ko Ko Tin San(LS-609)အမည်ပါ လေဆာတုံး(၁)ခု၊ နိုင်ငံကူးလက်မှတ်စာအုပ်(၁)အုပ်၊ Drone အဝေးထိန်းယာဉ်(၁)ခု၊ မှန်ဘီလူး(၁)ခု(အိတ်ပါ)၊ ကင်မရာ(၆)လုံး၊ နာရီ(၁)လုံး၊ Wifi လွှင့်၍ အသုံးပြု သည့်စက်(၁)ခု၊ Memory Stick မျိုးစုံ(၁၅)ခု၊ ဖုန်း(၃)လုံးတို့နှင့် ၎င်းတို့(၃)ဦး စီးနင်းလာသော YGN-×××× HUMMER ယာဉ်(၁)စီး(ယာဉ်လိုင်စင် စိစစ်ဆဲ)အား လေဆိပ် ၌ သိမ်းဆည်းရမိခဲ့သဖြင့် ဖြိုးကိုကိုတင့်ဆန်းပါ(၃)ဦး(ဖမ်းမိ)အား ၂၃၄၀ အချိန် အေလာနယ်မြေ ရဲစခန်း မယ(ပ)၃/၂၀၁၇ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၂(ခ)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိပါသည်။

ထိုနောက် ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး လှရီ ဦးစီးအဖွဲ့မှ ၎င်းတို့တည်းခိုသည့် ဟိုတယ် ACEသို့ ဝင်ရောက်ရှာဖွေရာ H-1အခန်း (ဖြိုးကိုကိုတင့်ဆန်း၏အခန်း)ရှိ သံဘီဒိုအတွင်းမှ လက်ဆွဲအိတ်(၂)လုံး၊ နံပါတ် G045619၊ P.22 Walther ပစ္စတို(၁)လက်(ကျည်အိမ်တပ်)၊ နံပါတ် DAA 490066 Beretter.22 ပစ္စတို(၁)လက် (ကျည်အိမ်တပ်)၊ နံပါတ် A270651 Luger Cz 75D ပစ္စတို(၁)လက်(ကျည်အိမ်တပ်)၊ နံပါတ် PX 32726 Beretter 9MM ပစ္စတို (၁)လက်(ကျည်အိမ်တပ်)၊ နံပါတ် 333-54070 Ruger 9MM Prescott Az ပစ္စတို (၁)လက်(ကျည်အိမ်တပ်)၊ ပေါင်းပစ္စတို(၅)လက်၊ 9MM Luger ကျည်(၆၃၈)တောင့်၊ M16 ကျည်(၂၀)တောင့်၊ ၎င်းကျည်အိမ်(၂)ခု၊ 7.65 MM(32 Auto)ကျည် (၁၃၆)တောင့်၊ .22ကျည်(၁၀) တောင့်၊ ကျည်အိမ်အလွတ်(၇)ခု(ရောရာ)၊ M16 လက်ကိုင်ကွင်း(၁)ခု၊ ပစ္စတိုအိတ်အနက်ရောင် (၅)လုံး၊ ကျည်ကာအင်္ကျီ(၁)ထည်၊ စနိုက်ပါမှန်ပြောင်း(၁)လက်တို့တွေ့ရှိပြီး JS004 အခန်း (ရဲမင်းဆွေနှင့် ဇော်ဝင်းထိုက်တို့နေသောအခန်း)အား ဆက်လက်ရှာဖွေရာ လက်ဆွဲအိတ်(၃)လုံး၊ LLB-170 9MM Glock ပစ္စတို(၁)လက်(ကျည်အိမ်တပ်လျက်)၊ ၎င်းကျည်(၁၂)တောင့်၊ Glock Ges.M.b.H ပစ္စတို(၁) လက်(ကျည်အိမ်တပ်လျက်)၊ ၎င်းကျည်(၄)တောင့်တို့အား သိမ်းဆည်း ရမိခဲ့ပြီး စုစုပေါင်း ပစ္စတို(၉)လက်၊ ကျည်(၈၉၂)တောင့်၊ ကျည်အိမ် (၁၆)ခု၊ M16 လက်ကိုင်ကွင်း (၁)ခု၊ ပစ္စတိုအိတ်အနက်ရောင်(၇)လုံး၊ ကျည်ကာအင်္ကျီ(၁)ထည်၊ စနိုက်ပါမှန်ပြောင်း(၁)လက် သိမ်းဆည်းရမိခဲ့ပြီး ဒက္ခိဏမြို့မရဲစခန်း၌ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Credit: Thithtoolwin

No comments:

Post a Comment