Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 19, 2017

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်


ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ဟာ ကိုလိုနီခေတ်ကတည်ဆောက်ခဲ့တဲ့ ရှေးဟောင်းလက်ရာအဆောက်အဦးတစ်ခုဖြစ်ပါတယ်။ ဒီအဆောက်အဦးနေရာဟာ တစ်ချိန်က မွန်ဘုရင်မကြီးရှင်စောပုရဲ့ နောက်ဆုံးအချိန်များမှာ ရွှေတိဂုံဘုရားကို ဖူးမျှော်ရင်း နန်းစံခဲ့တဲ့နေရာလို့ ဆိုကြပါတယ်။
၁၉၃၄ ခုနှစ်​ကစတင်တည်ဆောက်ခဲ့တာဖြစ်ပြီး အဲဒီအချိန်က ရန်ကုန်​လှေ​လှော်​ ကလပ် (Rangoon Rowing Club) ​အဖြစ်​ စတင်ခဲ့တာဖြစ်ပါတယ်။ ကန်တော်ကြီးကန်ကို မေးတင်ဆောက်ထားတဲ့ နှစ်ထပ်အဆောက်အဦး လှေလှော်ကလပ်ကို ဒုတိယ ကမ္ဘာစစ်​ကာလအတွင်းမှာ ကျွန်းသစ်တွေနဲ့တည်ဆောက်ခဲ့တာပါ။
ဂျပန်​​တွေကသက်သာချောင်ချိ​ရေးဌာနအဖြစ်​အသုံးပြုခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်မှာတော့ အမျိုးသားဇီဝ​ဗေဒဆိုင်​ရာ ပြတိုက်(National Biological Museum) အဖြစ်ပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ်။ လူအရွယ်အစားရှိတဲ့ ဒိုင်နိုဆောရုပ်(tyrannosaurus) တစ်ရုပ်ကိုလည်း ထားရှိခဲ့ပါတယ်။
၁၉၇၉ ခုနှစ်မှာ ဟိုတယ်နဲ့ခရီးသွားလာရေးလုပ်ငန်းကလွှဲပြောင်းရယူပြီး ဟိုတယ်အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ်။ ကျွန်းသားနဲ့ ဆောက်လုပ်ထားတဲ့ ဘန်ဂလို ၁၀လုံးကို ထည့်သွင်းခဲ့ပါတယ်။ တပ်မတော်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်မှာတော့ ထိုင်း ကုမ္ပဏီ ဖြစ်​တဲ့ Baiyoke Group of Hotels နဲ့ ပူးပေါင်းပြီး အဆင့်မြှင့်တင်ခဲ့ပါတယ်။
ဟိုတယ်တခုလုံးကို ကျွန်းသစ်တွေ ရှေးဟောင်းမြန်မာယဉ်ကျေးမှု လက်ရာ နဲ့ ထိုင်းယဉ်ကျေးမှု လက်ရာ တို့ပေါင်းကာ ရှေးဟောင်းဆန်ဆန် ဆောက်လုပ်ထားတာဖြစ်ပါတယ်။ မြန်မာမှုဗိသုကာလက်ရာတွေ ရှေးဟောင်းကျွန်းတိုင်တွေနဲ့ ပြည့်နေတဲ့ အဲဒီဟိုတယ်ကို ၂၀၁၀ ပြည့်နှစ်မှာ ဦးတေဇပိုင်တဲ့ ထူးကုမ္ပဏီများအုပ်စုက နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့်ရရှိခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ်
နှစ်ပေါင်းများစွာ သက်တမ်းရှိတဲ့ ပြည်သူပိုင် အဆောက်အအုံ တစ်ခု
နိုင်ငံရဲ့ အကြီးဆုံး hotel
နိုင်ငံရဲ့ ဘယ်နေရာမှ မရှိတဲ့ လက်ရာအမြောက်ဆုံး အဆောက်အအုံ
နိုင်ငံရဲ့ အလှပဆုံးရှုခင်းနေရာတွေထဲက တစ်နေရာကို
ဆုံးရှုံးလိုက်ရတာ အရမ်း ရင်နာစရာကောင်းလှပါတယ်…..
Credit သုတဇုန်









No comments:

Post a Comment