Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 19, 2017

အလံတရာကိုယ်တော်လေး နဲ့ ကန်တော်ကြီးပဲလေ့စ်မီး


လတ်စသတ်တော့ ဒါကြောင့်ကိုး ...

သွားပြီ……!!!

အလံတရာကိုယ်တော်လေးကို စော်ကားနေတဲ့
ခင်ဗျားတို့ ဘဝတော့ သွားပြီ…
ဘယ်အချိန် မီးဟုန်းဟုန်းထတောက်မလဲ မသိနိုင်တော့ဘူး… 

သူတော်ကောင်းတွေကို စော်ကားမိတဲ့ အပြစ်ဟာ နောင်ဘဝကို မကူးဘူးဆိုတာ အမှန်ပဲ…

ကန်တော်ကြီးပဲလေ့စ့် ဟိုတယ်ကြီး မီးဟုန်းဟုန်းတောက်သွားတာကို နမူနာကြည့်ပါ…


ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ရဲ့ လောင်ကျွမ်းမှုဟာ စဖိုခန်းက စခဲ့တယ်… မိတ်ဆွေတို့ သိထားရမှာက ဒါဟာ မှားယွင်းမှု မဟုတ်ဘူး… လုပ်ကြံမှု မဟုတ်ဘူး… ဖုံးကွယ်မှု မဟုတ်ဘူး…… ဗုဒ္ဓဘာသာအယူအရဆို ဒါဟာ  ဖြစ်ခ်ျန်တန်လို့ ဖြစ်သွားခဲ့တာ… 

ဖြစ်ပုံက ဒီလို……

ကန်တော်ကြီးပဲလေ့စ့်ဟိုတယ် မီးမလောင်ကျွမ်းခင် ရက်သတ္တပတ်အလိုမှာ စဖိုမှူးဟာ ခွင့်၅ရက်ယူုပီး မိဘများရှိရာ သထုံအရပ်ကို ပြန်ခဲ့တယ်… သထုံအရပ်မှာ ငယ်ကျွမ်းဆွေလည်း ရှိလေတော့ တစ်ခါတည်း လက်ထပ်ခေါ်ယူလာမယ်လို့ စိတ်ကူးပြီး မိန်းခလေး မိဘများထံ ခွင့်ပန်တယ်…

မိန်းခလေးရဲ့ မိဘများကလည်း ခွင့်တော့ပြုပါရဲ့ … ဒါပေသိ…သူတို့သမီးရဲ့ အိမ်ထောင်ရေးအဆင်ပြေအောင် ရာသက်ပန်ချောမွေ့အောင်ဆို အလံတရာဆရာတော်ရဲ့ ဂါထာမဏ္ဍန်နဲ့ ယတြာတွေ ပြုလုပ်ရမယ်လို့ ဆိုလာတယ်… စဖိုမှူးလေးခများ သြော် ဟုတ်မှာပါပဲလေဆိုပြီး ခွင့်ပြုလိုက်တယ်…

အဲ့ဒီနေ့မှာ သူ့ချစ်သူဟာ မိဘအိမ်မှာ မရှိပဲ တစ်နေ့ကုန်ပျောက်နေတယ်… နောက်တစ်ရက်မနက်မှာတော့ မိဘတွေက မင်းဇနီးလောင်းကို အလံတရာကျောင်းမှာ သွားခေါ်ပါဆိုလွှတ်လိုက်လ်ု့ စဖိုမှူးလေး ဝမ်းသာအားသွားခေါ်တဲ့အခိုက်မှာ မျက်တွင်းဟောက်ပက် ဆံပင်စုတ်ဖွားနဲ့ အဝတ်အစားတွေ နွမ်းကြေနေတဲ့ ချစ်သူကို အလံတရာဘုန်းကြီးကျောင်းအတွင်းက ယိုင်နဲ့နဲ့ နဲ့ တွဲပြီး ခေါ်ယူလာခဲ့ရတယ်…

စဖိုမှူးလေးဟာ ရန်ကုန်သားလည်း ဖြစ်တာကြာပြီဆိုတော့ ဗဟုသုတကလည်း အတော်အသင့်ရှိနေပြီ ဖြစ်လို့ အခြေအနေကို ဒက်ခနဲ ရိပ်စားမိလိုက်တယ်ဆိုပါတော့… ဒါနဲ့ သူဟာ ချစ်သူကို လက်မထပ်တော့ပဲ မှီရာကားနဲ့ ရန်ကုန်မြို့ကို တိတ်တဆိတ်ပြန်ရောက်လာခဲ့တော့တယ်…

သူ့ရင်မှာ ကြေကွဲရတယ် နာကျည်းရတယ်
ခံပြင်းတယ် ယူကျုံးမရဖြစ်ရတယ်…

ဒီခံစားချက်တွေကို လုပ်ဖော်ကိုင်ဘက်တွေကို ရင်ဖွင့်တယ်… အိုးးးး… ဘယ်ရမလဲ ဒါ အင်တာနက်ခေတ်လေ…… ဒီသတင်းဟာ ဟုန်းခနဲဆို ဖွဘုတ်ပေါ် ဟိုးလေးတကျော်ကျော် ဖြစ်သွားတယ်… 

သတင်းထောက်တွေ အရေးယူမယ့်သူတွေဟာ အလံတရာဘုန်းကျောင်းဝင်းအတွင် စုပြုံရောက်ရှိသွားကြတယ်… စေတနာဆရာ ဂရုဏာဆရာ မေတ္တာဆရာတော်လေးဟာလည်း တင်းပြီပေါ့… မေတ္တာရှေ့ထားပြီး လူသားအကျိုးပြု လုပ်ငန်းတွေကို အားတက်သရော လုပ်ပေးနေတာကို တမင်စော်ကားသလို ဖြစ်နေတယ်…

သို့ပေသိ… ဆရာတော်လေးက အပြုံးမပျက်ခဲ့ပါဘူး
သူဟာ မေတ္တာဝါဒီတစ်ဦးပါ 
တစ်ပါးသူ စိတ်ချမ်းသာပျော်ရွှင်ဖို့ဆို သူ့ခန္ဓာကိုယ်ကိုတောင် ရင်းနှီးရဲသူတစ်ဦး မဟုတ်ပါလော…

သူက နေပေမယ့် သူ့ရဲ့ တန်ခိုးအိဣိပက်တွေက မနေဘူးလို့ ပြောရမယ်… အလိုအလျောက် အာရုံခံလိုက်တာ တရားခံဟာ ကန်တော်ကြီးပဲလေ့ဟိုတယ်က စဖိုမှုးလေးဖြစ်နေတယ်ဆိုတာကို သွားမြင်တယ်… ဆရာတော်လေးက ဗွေမယူပါဘူး… သူ့ရဲ့ကိုယ်စောင့်နတ်တွေကသာ ဒေါသအမျက် ချောင်းချောင်းထွက်ခဲ့တာလေ…

အဲ့ဒီမနက်မှာပဲ စဖိုမှူးလေးဟာ ကိုင်လိုက်သမျှ အရာအားလုံးက မီးထတောက်နေခဲ့တယ်… ဒါကိုသူက သတိမမူမိပဲ စိတ်ညစ်ညစ်နဲ့ မနက်စာ ဟင်းပွဲတစ်ခု ပြင်ဖို့ ပလက်ပေါက်ထိုးလိုက်တဲ့အချိန်မှာ ဝါယာရှော့ပုံစံမျိုးနဲ့ ဆရာတော်လေးကို စော်ကားသမျှ ဝန်ထမ်းတွေ စုဝေးအလုပ်လုပ်တဲ့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ကြီးဟာ မီးဟုန်းဟုန်းတောက်ခဲ့ပါတော့တယ်…

ခင်ဗျားတို့လည်း မီးလိုမပူချင်ရင် ခန္ဓာကိုယ်တောင် ရင်းပြီး လူသားကောင်းကျိုး ဆောင်ရွတ်နေတဲ့ အလံတရာကိုယ်တော်လေးကို နုတ်နဲ့ဖြစ်စေ စိတ်နဲ့ဖြစ်စေ status နဲ့ဖြစ်စေ commentနဲ့ဖြစ်စေ စော်ကားတာတွေ ရပ်သင့်ပြီလို့ စေတနာရှေ့ထားပြီး သတိပေးလိုက်ပါရစေ……

ခုခ်ျိန်မှ သတိပေးရလို့ စိတ်မကောင်းဖြစ်မိပါတယ် 
အချိန်မှီတယ်လို့ ပြောလို့ရသလို
အချိန် မမှီတော့ဘူးလို့လည်း ပြောလို့ရပါတယ်…

သတ္တဝါအပေါင်း ကျန်းမာချမ်းသာကြပါစေ…
"သဗ္ဗေသတ္တာ ကာမသကာ"

ပုံ/ မနောမယ ဇဇ
Sandar Aung

ZN.H

No comments:

Post a Comment