![]() |
| ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ် မြန်မာနိုင်ငံအကြောင်း ပြောမယ်။ |
ဒါဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့အပြီး ရခိုင်ဒေသကို ကုလသမဂ္ဂ အေဂျင်စီ ကိုယ်စားလှယ်တွေ ပထမဆုံး အကြိမ် သွားရောက်တာ ဖြစ်ပါတယ်။
တခါ ဒီတနေ့တည်းမှာပဲ မြန်မာနိုင်ငံ ရခိုင်ဒေသ ပြဿနာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဆွေးနွေးဖို့ ရှိပါတယ်။
အဲဒီ အစည်းအဝေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ကိုယ်တိုင် လုံခြုံရေး ကောင်စီကို မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်ပြီး စကား ပြောဆိုမှာပါ။
ဒီလုံခြုံရေး ကောင်စီ အစည်းအဝေး ခေါ်ယူဖို့ကို ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်နဲ့ တခြား နိုင်ငံ ၄နိုင်ငံက ပန်ကြားခဲ့တာ ဖြစ်ပါတယ်။
လာမယ့်သီတင်းပတ်ထဲမှာတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူမယ့် ပြင်သစ်နိုင်ငံက မစ္စတာ ကိုဖီအာနန်ကို ဖိတ်ခေါ်ပြီး သူ့ရဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အစီရင်ခံစာအကြောင်း ရှင်းပြခိုင်းမှာ ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese

No comments:
Post a Comment