Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 24, 2017

မေယုတောင်ခြေ၌ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမားများ သိုဝှက်ထားသည့် လက်လုပ်မိုင်းများ တွေ့ရှိသိမ်းဆည်းရမိ


ရသေ့တောင်မြို့နယ်၊ မြစ်နားကျေးရွာအနီးရှိ မေယုတောင်ခြေ၌ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမားများ သိုဝှက်ထားသည့် လက်လုပ်မိုင်းများ တွေ့ရှိသိမ်းဆည်းရမိ
နေပြည်တော်၊ စက်တင်ဘာ - ၂၃

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆောင် ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ ၂၃ ရက်နေ့ ယနေ့မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် မြစ်နားကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာ၌ ကောက်ရိုး နှင့်ပလတ်စတစ်များဖြင့် ဖုံးအုပ်ထားသည့် မြေကျင်း အတွင်းမှ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ သိုဝှက်ထားသည့် အလျား ၉ လက်မ၊ အချင်း ၄ လက်မခွဲရှိ ကားပစ်စတင်ဖြင့်ပြုလုပ်ထားသော လက်လုပ် မိုင်း ၂ လုံးနှင့် အလျား ၉ လက်မ၊ အချင်း ၄ လက်မခန့်ရှိ သံပိုက်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၅ လုံး၊ စုစုပေါင်း လက်လုပ်မိုင်း ၇ လုံးတို့ကို တူးဖော်တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။


အဆိုပါ နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds

No comments:

Post a Comment