Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 2, 2017

ရန်ကုန်မြို့ ထဲမှာ Hotpot ကို 3500 ကျပ်တည်းနဲ့ စားလို့ ရမယ့်ဆိုင်


ရန်ကုန်မြို့ ထဲမှာ
Hotpot ကို 3500 ကျပ်တည်းနဲ့ စားလို့ ရမယ့်ဆိုင် ။။
..
Hotpot စားမယ်ဆိုရင်
အနည်းဆုံး ၁ သောင်းဝန်းကျင်( ဒါမှမဟုတ် )
ဒီထက်ပိုကုန်လိမ့်မယ်လို့ ထင်ထားခဲ့မိတာ ။
... ဒီဆိုင်လေးရောက်မှ ကိုယ်မှားသွားမှန်းသိခဲ့ရတယ်
..
ဒီဆိုင်နာမည်လေးကို ZnZ လို့  ခေါ်ပါတယ် ။
တစ်နည်းအားဖြင့် ဘာဂျက်ဆိုင်လို့ လည်းခေါ်တယ် ။
ဈေးသက်သက်သာသာနဲ့  အကောင်းဆုံးကို ရွေးစားနိုင်လို့ ပါ ။
..
ရောင်းချနေတဲ့ ဈေးနူန်းတွေအားလုံးက ၅ ထောင်ဝန်းကျင်ဘဲ
အများဆုံး ရှိတယ် ။။
..
ဆိုင်လေးထဲ ၀င်လိုက်တာနဲ့ ပထမဆုံး ခံစားမိတာက
အေးအေးဆေးဆေးနဲ့ စားသောက်လို့ ရမယ့်ဆိုင်လေးဆိုတာ
သိလိုက်တယ် ။
..
ဘာဖြစ်လို့ လဲဆိုတော့
ဘေးနားမှာ စာအုပ်စင်တွေမြင်လိုက်ရလို့ ပါ ။
ကိုယ်ကြိုက်တဲ့ စာအုပ်လေး ရွေးဖတ်ပြီး ငြိမ့်နေရူံဘဲ
ဆိုင်မှာက Air-con ရှိတော့ အပြင်မှာ ပူနေရင်တောင်
အေးအေးဆေးဆေးပါဘဲ လေ ..
..
..
နောက်တစ်ခု သတိထားမိတာက
Customer Service အရမ်းကောင်းတယ် ၊
မှာပြီး အကြာကြီး မစောင့်ရဘူး ...
ဒီဆိုင်မှာ က Hotpot အပြင် Coffee 17 မျိုး ၊ Drink အမျိုး ၃၀ နှင့်
အခြား အစားအသောက်တွေ အများကြီး စားလို့ ရတယ် ။။
..
ကျနော်တို့ စားခဲ့တဲ့ Hotpot ကို
Single Set လို့ ခေါ်ပါတယ် ။
၁ပွဲကို ၃၅၀၀ ကျပ်တည်းပါ ။

အရသာကို တုံယမ်း အရသာနဲ့ 
အချို ၊ အစပ် ၊ ပုံမှန်ဆိုပြီး ၃ မျိုးခွဲထားသေးတယ် ၊
..
Hotpot ကို Couple Set / Family Set / Family Set လို့
Name တွေ ခွဲထားသေးတယ် ။။
..
ကျနော်တို့ စားခဲ့တဲ့ ပုံတွေကတော့ မြင်တဲ့အတိုင်းပါဘဲ
အရသာကောင်းမကောင်းကတော့
ကိုယ်တိုင် သွားရောက်သုံးဆောင်ပြီး ပြန်ပြောပေးပါလို့ 
..
သူတို့ က သုဝဏ္ဏမြို့ နယ်အတွင်းဆိုရင် Free Delivery လည်း
ပို့ ပေးသေးတယ်တဲ့ ။။
ကိုယ်တို့ တခြားစားခဲ့တဲ့ ပုံတွေကိုလည်း
တစ်ပုံခြင်းစီပြထားပေးသေးတယ်နော်
..
အားနည်ချက်တစ်ခုတော့ရှိတယ်
အပြင်ကနေကြည့်ရင် ဆိုင်ခန်း ကျဉ်းတယိ ထင်ရတယ်
..အထဲမှာ ဆိုင်ခန်းအပြင်အဆင် သပ်ရပ်ပါတယ်
..
ဟုတ်ပါပြီ .. ဟုတ်ပါပြီ
လိပ်စာ သိချင်နေပြီပေါ့။
ပေါ်ဆန်းမွေးလမ်းနှင့် မင်းဒင်လမ်းကြား ၊
သံသုမာ လမ်းမပေါ် သင်္ကန်းကျွန်းမြို့ နယ် ထဲမှာပါ ။

ဆိုင်ဖုန်းနံပတ်က 09 772 747417 ပါ ။
..
Page Link က >>https://www.facebook.com/znzcafe/?hc_ref=ARQxpHuKjyQGjzJFmQDNIddQZPd3ixLawqhvBZjZCGJ7Pwlb885mdXCbDV5eoZBc1mg&fref=nf
ပါ ။။
..
သွားစားကြည့်နော်
















No comments:

Post a Comment