Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 11, 2017

ပခန်းကြီးနယ်သားလေး မောင်လူအေးကို လူလိမ်သူခိုးဆိုပြီး လှိုင်သာယာက မိကြည်ဝေဆိုတဲ့ မိန်းမဦးဆောင်တဲ့အဖွဲ့က ဝိုင်းရိုက်ပြီး ငွေလုသွားတဲ့ ကိစ


စိတ်မကောင်းစရာ အဖြစ်အပျက်ပါ မျက်ရည်လွယ်သူများမဖတ်ပါနဲ့ ကျော်သွားလိုက်ပါ

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမီးခွက်ဈေးမှာ 7. ညနေ 7:00 လောက်က ဖြစ်ခဲ့တာပါ ရန်ကုန်တက်ပြီး အညာစော င်လေးတွေရောင်း သမာအာဇီဝအလုပ်နဲ့ ကောင်းရောင်းကောင်းဝယ်လုပ်ပြီး အညာမှာ ကျန်ခဲ့တဲ့ မိဘတွေကို ထောက် ပံ့နေတဲ့ ပခန်းကြီးနယ်သားလေး မောင်လူအေးကို လူလိမ်သူခိုးဆိုပြီး လှိုင်သာယာက မိကြည်ဝေဆိုတဲ့ မိန်းမဦးဆောင်တဲ့ လူလိမ်တစ်ဖွဲ့က ဝိုင်းရိုက်ပြီး ငွေလုသွားတဲ့ ကိစ္စပါ။

ဖြစ်ကြောင်းကုန်စင်က ဒီလိုပါ။ မကွေးတိုင်းက ပခန်းနယ်သားလေးမောင်လူအေးတစ်ယောက် အညာစောင်လေးတွေ ရွ က်ပြီး အညာစောင်တွေဝယ်ကြအုံးမလားဆိုပြီး အော်ရောင်းနေတာ အဲ့ဒီမှာ နဂိုထဲက ငွေလုမဲ့ အကြံအစည်နဲ့ မိကြည်ေ ဝက မောင်လူအေးကို စောင်တွေဝယ်ချင်လို့ဆိုပြီး ခေါ်တယ် ။

မောင်လူအေးလည်း အနားသွားပြီး အညာစောင်လေးတွေ ထုတ်ပြတာပေါ့ နောက်တော့ မိသန်းဌေးက စောင်အထုပ်ကြီး တစ်ထုပ်ယူမယ်ဆိုတော့ မောင်လူအေးက စောင်ထုပ်ကို ပေးလိုက်တယ် အဲ့ဒီမှာ ဟိုကောင်မ မိကြည်ဝေက စောင်ဖိုး ပို က်ဆံမရှင်းဘဲနဲ့ စောင်ထုပ်ကို ယူပြီး လှည့်ထွက်သွားတယ် ။

အဲ့တော့ မောင်လူအေးက ”အစ်မရေ စောင်ဖိုးပိုက်ဆံမရှင်းရသေးဘူးလို့ပြောတာ မိကြည်ဝေက ပြန့်လှည့်လာပြီး မောင် လူအေးကို ”ဟဲ့ အကောင် အညာသား နင့်ကို စောင်ဖိုး ငါးသောင်းပေးပြီးပြီး ဘာမပေးရသေးဘူးလဲဆိုပြီး အော်ကြီးဟစ် ကျယ်နဲ့ ရန်တွေ့တာ နောက်တော့ သူ့နဲ့တစ်ဖွဲ့ထဲ လူလိမ်ရုပ်တွေနဲ့ လူလေးယောက်ကို ခေါ်တယ် ဟိုကောင်တွေရောက် လာတော့ ဟရောင်”မင်းငါ့အစ်မဆီက ပိုက်ဆံဘယ်နှခါယူချင်တာလဲ လိမ်တာလား ဘာညာဆိုပြီး လေးယောက်က မော င်လူအေးကို ဝိုင်ရိုက်ကြတယ် ပြီးတော့ မောင်လူအေးဆီက ပိုက်ဆံ ၄သိန်း ကျော် လုပြီး တစ်ဖွဲ့လုံး ထွက်ပြေးသွားကြတ ယ်။

မောင်လူအေးခမျာ ခေါင်းကွဲကြီးနဲ့ မူးမလို မေ့မလိုဖြစ်နေတော့ အနားက လူတစ်ယောက်က ဆေးခန်းပို့ပေးလိုက်ရတယ် ခေါင်းဒဏ်ရာက ကြီးတော့ အတွင်းအပြင် ၃၇ ချက် ချုပ်လိုက်ရတယ်။

စာနာတဲ့ လူတစ်ယောက်က မောင်လူအေးကို ခေါ်ပြီး ငွေငါးသောင်းပေးပြီး မန်းလေးသွားမဲ့ ရွှေမန်းသူ ကားပေါ်တင်ပေးလို က်တယ် နောက်ဆို ရန်ကုန်ကို တစ်ယောက်တည်းမလာဖို့ ရန်ကုန်မှာ ပြသာနာဖြစ်ရင်လည်း တိုင်ရတန်းရခက်ကြောင်း ပြောဆိုဆုံးမပေးလိုက်တယ်။

မောင်လူအေးရေ နောက်နောင် ရန်ကုန်ကို မလာပါနဲ့ကွာ ရန်ကုန်ဆိုတာ ရသမျှ အကုန် ကုန်ပြီး ကောက်တဲ့ နေရာမှာ ဧရာဝတီကတောင် လက်ဖျားခါထားရတဲ့မြို့ပါ။

မေတ္တာဖြင့်
#shwemyintmo
#လှိုင်သာယာမီးခွက်ဈေး
#Time#OfYangon

No comments:

Post a Comment