Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 6, 2017

သပိတ်စခန်းအဖွဲ့ဝင်အမျိုးသမီးမှ ကိုက်သဖြင့် အကြမ်းပတမ်းဖမ်းဆီးရခြင်းဖြစ်



၅-၈- ၂၀၁၇ ရက်နေ့ နံနက် ၀၂း၁၅ အချိန် ချမ်းမြသာစည်မြို့နယ် မဟာမြတ်မုနိသာသနာ့ နယ်မြေ သာသနာ ၂၅၀၀ ဗိမ္မာန်တွင်ဖွင့်လှစ်ထားသော သပိတ်စခန်းအားဖယ်ရှားစဉ်နှင့် ချမ်းမြသာစည်မြို့နယ်တရားရုံးရာကြီးအမှတ် ၉၄၁ နှင့် ၉၄၂ အမှုမှ လူနှင့်သံဃာ ၁၃ ဦးဖမ်းဆီးရန် ပူးပေါင်းအဖွဲ့မှဖမ်းဝရမ်းအတည်ပြုစဉ် သပိတ်စခန်းအဖွဲ့ဝင်မိန်းမတစ်ဦးမှ သွားဖြင့်ကိုက်သဖြင့် လူကိုက်ခံဒဏ်ရာ၂ နေရာ ရရှိသူ အမှတ်(၁၀)ရဲစခန်းမှ ရဲတပ်သား (မထားထားဦး) အား ဆေးကုသရန်နှင့် ဂုဏ်ပြုထောက်ပံ့ငွေ မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ၅၀၀၀၀ိ ခရိုင်ရဲတပ်ဖွဲ့မှူးမှ ၅၀၀၀၀ိ မြို့နယ်ရဲတပ် ဖွဲ့မှူးမှ ၃၀၀၀၀ိ စုစုပေါင်း ၁၃၀၀၀၀ိ ကျပ်အား ဦးစီးအရာရှိ (ပထမတန်း) ဒုရဲမှူးကြီး တင်ဇော်ထွန်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးအောင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စံသူ တို့ မှ ယနေ့ မွန်းတည့် ၁၂း၀၀ အချိန်အမှတ် (၁၀)ရဲစခန်းသို့ သွားရောက် ပေးအပ်ခဲ့ပါသည်။

သပိတ်အဖွဲ့ဝင်မိန်းမအား အမျိုးသမီးတပ်ဖွဲ့ဝင် ၃ ဦး ရဲတပ်သား ထားထားဦး အပါ မှ ဖမ်းဆီးထိန်းသိမ်းစဉ်အသာတကြည်အဖမ်းမခံဘဲ မထားထားဦး ၏ ညာလက်ဖျံအား ကိုက်ထားသဖြင့် ဖယ်ရှားစေရန်ကြိုးစားခြင်းဖြစ်ပါသည်။

#credit-ဗိုလ်​စံဖဲ






No comments:

Post a Comment