Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 10, 2017

ပုဇွန်တောင်ဈေးအတွင်း လက်ကောက်ဖြုတ်ယူသူများကို ဖမ်းဆီးရမိ အရေးယူ



ရန်ကုန်၊ သြဂုတ် ၁၀

သြဂုတ်လ ၅ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် ပုဇွန်တောင်မြို့နယ်နေ
ဒေါ်----သည် ပုဇွန်တောင်ဈေးသို့ ဈေးဝယ်ရန်ထွက်ခွါလာခဲ့ရာ ဈေးအတွင်း၌
ဈေးဝယ်ယူရန်လိုက်လံကြည့်ရှုစဉ် ကုန်စိမ်းတန်းလမ်း လူရှုပ်သည့်နေရာမှ
ဖြတ်လျှောက်လာခဲ့ပြီး လူရှင်းသည့်နေရာအရောက်တွင် ၀ဲလက်တွင်
ဝတ်ဆင်ထားသော အလေးချိန် ၂ ကျပ်သားခန့်ရှိ ရွှေလက်ကောက်
တစ်ကွင်းမှာ မရှိတော့ဘဲ ပျောက်ဆုံးနေသည်ကိုတွေ့ရှိရကြောင်း
တိုင်တန်းချက်အရ ပုဇွန်တောင်မြို့မရဲစခန်း(ပ)၁၈၂/၂၀၁၇၊ ရာဇသတ်ကြီး
ပုဒ်မ ၃၇၉(နှိုက်)ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး
စုံစမ်းဆောင်ရွက်ခဲ့သည်။

အမှုပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းဖော်ထုတ်ရေး တပ်ဖွဲ့ဝင်များက အဖွဲ့ငယ်များခွဲ၍
ဆောင်ရွက်ခဲ့ရာ ယင်းနေ့ ညနေ ၃ နာရီအချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊
(၇)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းရှိ ရွှေဆိုင်တစ်ဆိုင်တွင် အမျိုးသမီးနှစ်
ဦးမှ လက်ကောက်တစ်ကွင်းအား လာရောက်ရောင်းချနေကြောင်း သတင်း
ရရှိသဖြင့် အဆိုပါနေရာသို့သွားရောက်၍ စစ်မေးနိုင်ရေးဆောင်ရွက်ခဲ့ရာ
၎င်းအမျိုးသမီးနှစ်ဦးအား ရွှေလက်ကောက်နှင့်အတူတွေ့ရှိရပြီး စစ်ဆေးရာ
လှိုင်သာယာမြို့နယ်နေ မချို(ခ)မခင်မာချိုနှင့် ပဲခူးတိုင်းဒေသကြီး၊
ကျောက်တံခါး မြို့နယ်နေ တာတီး(ခ)မစန်းစန်းဝင်းတို့ဖြစ်ပြီး အဆိုပါ
လက်ကောက်အား ပုဇွန်တောင်ဈေးအတွင်းမှ နှိုက်ယူလာသော
လက်ကောက်ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

ဖမ်းဆီးရမိသူ မချို(ခ)ခင်မာချိုနှင့် တာတီး(ခ)စန်းစန်းဝင်းတို့အား ဖြစ်စဉ်နှင့်
ပတ်သက်၍ စစ်ဆေးရာ ၎င်းတို့ နှစ်ဦးသည် သြဂုတ်လ ၅ ရက်နေ့တွင်
လက်ကောက်ဖြစ်ရန်အတွက် လှိုင်သာယာမြို့နယ်မှ သင်္ဃန်းကျွန်းမြို့နယ်
ရှိ စံပြဈေးသို့ အငှားယာဉ်ဖြင့် ထွက်ခွါလာခဲ့ကြောင်း၊ ၎င်းဈေးတွင်
လက်ကောက်ဖြုတ်ရန် အခြေအနေ မပေးသဖြင့် ပုဇွန်တောင်ဈေးသို့
အငှားယာဉ်တစ်စီးအားငှားရမ်းကာထွက်ခွါလာခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦး
သည် ပုဇွန်တောင်ဈေးသို့ ရောက်ရှိပြီးနောက် ပြင်ပဈေးတန်းတွင် ဈေးဝယ်
နေသူ အသက် ၅၀နှစ်ခန့်ရှိ အမျိုးသမီး နောက်သို့ကပ်လိုက်ကာ ၎င်းအမျိုး
သမီး၏၀ဲဘက်လက်တွင်ဝတ်ဆင်ထားသော လက်ကောက်အား ဖြတ်ယူခဲ့
ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ၎င်းတို့နှစ်ဦးအား အမှုဖြင့်ဆက်လက်
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Yangon Police
https://www.facebook.com/yangonpolice/

No comments:

Post a Comment