Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 1, 2017

ခရီးသည်တင်မှန်လုံကားပေါ်မှသစ်များဖမ်းဆီးရမိ ။


ခရီးသည်တင်မှန်လုံကားပေါ်မှသစ်များဖမ်းဆီးရမိ ။

ကျောက်မဲ ဇူလှိုင် ၃၁ ရက် ။
၂၀၁၇ ဇူလှိုင်လ ၃၁ ရက်နေ့ နံနက် ၂း ၅၀ အချိန်ခန့်က ကျောက်မဲမြို့ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ Orieitial Highway တိုးဂိတ်တွင် နယ်ထိန်းအဖွဲ့ခေါင်းဆောင် ဒုရဲအုပ်ကောင်းမြတ်ကျော်ဦးစီးသောနယ်ထိန်းတပ်ဖွဲ့ဝင်များ ကျောက်မဲမြို့ သစ်တောဦးစီးဌာနမှတောအုပ်ခင်မောင်ထွေးဦးစီးသောအဖွဲ့တို့မှ ပိတ်ဆို့စစ်ဆေးရေးဆောင်ရွက်နေစဉ် မန္တလေးမှမူဆယ်သို့မောင်းနှင်လာသော နန်းတော်ဝင်မှန်လုံခရီးသည်တင်ကားပေါ်တွင် သိုဝှက်သယ်ဆောင်လာသော တရားမဝင်သစ်များသယ်ဆောင်လာသည်ကိုတွေ့ရှိရသဖြင့် ဖမ်းဆီးအရေးယူခဲ့ကြောင်း ကျောက်မဲမြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးကပြောသည် ။

ကျောက်မဲမြို့မရဲစခန်းမှနယ်ထိန်းအဖွဲ့ခေါင်းဆောင် ဒုရဲအုပ်ကောင်းမြတ်ကျော်က
" ကျွန်တော်တို့အဖွဲ့တွေသတင်းရလို့ တိုးဂိတ်မှာသွားစောင့်ပြီးဖမ်းဆီးခဲ့တာပါ သစ်တောအဖွဲ့တွေရယ်အသိသက်သေတွေရယ်အားလုံးစစ်ဆေးရှာဖွေတော့ ကားထိုင်ခုံအောက်မှာဖွက်သယ်လာတာတဲ့ပိတောက်နဲ့တမလန်းသစ်တွေကိုတွေ့လို့ယာဉ်မောင်းနဲ့ယာ ကားပေါ်မှာခရီးသည်က ၈ ဦးလောက်ဘဲပါတယ် ခရီးသည်တွေကိုလည်းခရီးဆက်နိုင်ဖို့နောက်ကားတွေစီစဉ်ပေးခဲ့ပါတယ်
ဟုပြောသည် ။
ဖြစ်စဉ်မှာ ကျောက်မဲမြို့ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ oriential Highway တိုးဂိတ်တွင် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပိကောင်းမြတ်ကျော်ဦးစီးသောနယ်ထိန်းတပ်ဖွဲ့ဝင်များ သစ်တောဦးစီးဌနမှ တောအုပ်ခင်မောင်ထွေးဦးစီးသောအဖွဲ့တို့မှ တိုးဂိတ်တွင်ပိတ်ဆို့စစ်ဆေးရေးဆောင်ရွက်နေစဉ် မန္တလေးမှမူဆယ်မောင်းနှင်လာသည့် " နန်းတော်ဝင် " မှန်လုံယာဉ် 9B/ × × × × ယာဉ်မောင်း မောင် ×××× ( ၃၂ နှစ် ) ယာဉ်အားရပ်တန့်ရှာဖွေရာ ယာဉ်၏ကြမ်းခင်းအောက်တွင် သိုဝှက်သယ်ဆောင်လာသော တရားမဝင်ပိတောက်ဓါးရွှေ ၂၆ တုံး ( ၁ • ၀၀၆၆ တန် ) တမလန်းဓါးရွှေ ၁၉ တုံး ( ၀ • ၇၀၆၀ တန် ) စုစုပေါင်း ၄၅ တုံး၁ •၇၁၂၆ိံတန်
တို့
တင်ဆောင်လာသည်ကိုစစ်ဆေးတွေ့ရှိရသည် ။
သို့ဖြစ်ပါ၍ တရားမဝင်သစ်များကိုတင်ဆောင်လာသူ ယာဉ်မောင်း ဦး × × × × နှင့်ယာဉ်နောက်လိုက် မောင် × × × × တို့ကို ကျောက်မဲမြို့မရဲစခန်းမှ ( ပ )၁၅၀/၁၇ I ပြည်သူပိုင် ၆ ( ၁ ) ဖြင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည် ။
Credit.
မင်္ဂလာထွန်း ( ကျောက်မဲ )









No comments:

Post a Comment