Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 26, 2017

အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမား သတင်း - ၇



အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်း ခံရပြီးနောက် အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများ အကြမ်းဖက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားတိုးမြှင့် ရှင်းလင်းလျက်ရှိ

သြဂုတ် ၂၆ ၊ ၂၀၁၇

ရသေ့တောင်မြို့နယ် အထက်နန်းရာကျေးရွာအုပ်စု ဆင်အိုးကျေးရွာအတွင်းသို့ သြဂုတ်လ ၂၅ ရက် ည ၁၀ နာရီ မိနစ် ၄၀ တွင် အစွန်းရောက်ဘင်္ဂလီ အကြမ်းဖက်သမား အင်အား ၅၀၀ ခန့် ဝင်ရောက်ရန် ပြုလုပ်သဖြင့် ကျေးရွာသားများ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံခဲ့ပြီး လက်ရှိအခြေအနေတွင် တပ်မတော်စစ်ကြောင်းတစ်ခုနှင့် ပူးပေါင်းမိပြီး လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


တပ်မတော်၏ ပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်သည်ဟု ဝါဒဖြန့်ခဲ့သည့် မောင်တောမြို့နယ် မြင်းလွတ်မြို့၊ ဘင်္ဂလီကျေးရွာအတွင်းရှိ ဘင်္ဂလီများသည် သြဂုတ်လ ၂၆ ရက် (ယနေ့) နံနက် ၅ နာရီ တွင် ၎င်းတို့ကိုယ်တိုင်မီးရှို့ခဲ့၍ နေအိမ်များ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် မောင်တောမြို့နယ် မြင်းလွတ်မြို့ရှိ အရှေ့ပိုင်းရပ်ကွက် အိမ် ၈ လုံး၊ ဈေးဆိုင် ၁၃ ဆိုင်၊ ကား ၄ စီး၊ အလယ်ပိုင်းရပ်ကွက်ရှိ အိမ် ၂၄ လုံး ၊ ဆိုင်ခန်း ၅၁ ခန်း၊ ဗလီ ၁ ခု ၊ အာရဗီ ကျောင်း ၆ ခု ၊ အနောက်ပိုင်းရပ်ကွက်ရှိ အိမ် ၄၅ လုံး၊ အာရဗီကျောင်း ၁ ခု၊ ရှီဒါရပ်ကွက်ရှိ အိမ် ၁၁ လုံး၊ ဈေးဆိုင် ၄၁ ဆိုင်၊ ကား ၅ စီး ၊ ဗလီ ၁ ခု၊ အာရဗီကျောင်း ၁ ခု၊ ဆိုင်ကယ် ၄ စီး ၊ စုစုပေါင်း အိမ် ၈၈ လုံး၊ ဈေးဆိုင် ၅၄ ဆိုင်၊ ဆိုင်ခန်း ၅၁ ခန်း၊ ဗလီ ၂ ခု၊ အာရဗီကျောင်း ၈ ကျောင်း ၊ ကား ၉ စီး နှင့် ဆိုင်ကယ် ၄ စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နံနက် ၉ နာရီခွဲတွင် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မော်တော်ယာဉ်များဖြင့် ထွက်ခွာလာစဉ် မောင်တောမြို့နယ် ၊ နွားရုံတောင်ကျေးရွာအနီး အရောက်တွင် အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမား ၁၅၀ ဦးခန့်က ဓားရှည်များ ကိုင်ဆောင်ပြီး ကား၏ ဘေးဘယ်ညာ ဝိုင်းဝန်းတားဆီး ပိတ်ဆို့အကြမ်းဖက်သဖြင့် ပစ်ခတ်ရှင်းလင်းဖယ်ရှားခဲ့ရသည်။


လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နံနက် ၁၁ နာရီတွင် မောင်တောမြို့နယ် မြို့သူကြီးကျေးရွာအတွင်း နယ်မြေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ထွက်ခွာခဲ့ရာ အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက် သမားများက ချောင်းမြောင်းပစ်ခတ်ခြင်း ၊ ဆွဲမိုင်းများဖြင့် အဝေးမှ မိုင်းထောင်ဖောက်ခွဲ အကြမ်းဖက် ခြင်းများ ပြုလုပ်ခဲ့၍ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမား အလောင်း ၁ လောင်း ရရှိခဲ့သည်။

မောင်တောမြို့နယ် ၊နယ်မြေ (၄) ရှိ ကျွန်းပေါက်ပြုစုချောင်းဝ ရဲကင်းစခန်းအား နံနက် ၁၁ နာရီခွဲ တွင် အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမား ၃၀၀ ဦးခန့်က လာရောက်ဝိုင်းဝန်းခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးရေးဆောင်ရွက်ခဲ့ရပြီး နယ်မြေ (၆) ရှိ မြို့သူကြီးကျေးရွာ၌ အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများက လက်လုပ်မိုင်းများဆွဲ၍ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ် ခဲ့သည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျီးကန်းပြင်နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်သို့ ဆက်လက် ထွက်ခွာခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၅ မိနစ်တွင် မောင်တောမြို့နယ် သီဟိုဠ်ခြံအလွန် နွားရုံတောင်ကျေးရွာ အဝင်ကားလမ်းသို့ ရောက်ရှိချိန်တွင် အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများက လက်လုပ် ဆွဲမိုင်းဖြင့် အကြမ်းဖက် မိုင်းထောင်ဖောက်ခွဲခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ယာဉ်နှင့် တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရှိရသည်။

အလားတူ အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများသည် မွန်းလွဲ ၁ နာရီ တွင် မောင်တောမြို့မ တောင်ရပ်ကွက်၊ ဆယ်အိမ်မှူး အဗူခေါ် ဘီဘီ (၆၂) နှစ်အား နေအိမ်အတွင်းသို့ ဝင်ရောက်သတ်ဖြတ် သွားကြောင်း သိရသည်။

အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ဆောင်ခဲ့မှုကြောင့် မောင်တော မြို့နယ် ၊ နယ်မြေ (၆) ဇင်ပိုင်ညာလမ်းဆုံ၌ မွန်းလွဲ ၂ နာရီတွင် မိုင်း ၂ လုံး ပေါက်ကွဲခဲ့ပြီး၊ မွန်းလွဲ ၂ နာရီခွဲတွင် နောက်ထပ် မိုင်း ၂ လုံး ထပ်မံပေါက်ကွဲခဲ့သဖြင့် ဒေသခံပြည်သူများ အထိတ်တလန့် ဖြစ်ခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း သိရှိရသည်။

ထို့ပြင် မွန်းလွဲ ၂ နာရီတွင် မောင်တောဆေးရုံရှေ့ ဇောတိကာရုံ ဘုန်းတော်ကြီးကျောင်းအနီးရှိ ဟိန္ဒူ လူမျိုးများနေထိုင်သည့် နေအိမ်အတွင်းသို့ အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများက လက်နက်ငယ်ဖြင့် ၄ ချက်ပစ်ခတ်ခဲ့ရာ အပြစ်မဲ့ အရပ်သား ဟိန္ဒူကလေးငယ် (ကျား) ၁ ဦး သေဆုံး ခဲ့ပြီး အမျိုးသား ၁ ဦး သေနတ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ် ၊ နယ်မြေ (၆) ဇင်ပိုင်ညာ လမ်းဆုံအနီး၌ မွန်းလွဲ ၁ နာရီခွဲတွင် မိုင်း ၂ လုံး၊ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် မိုင်း ၂ လုံး၊ မွန်းလွဲ ၂ နာရီ ၄၅ မိနစ် တွင် မိုင်း ၁ လုံး၊ ညနေ ၃ နာရီ ၁၀ မိနစ်တွင် မိုင်း ၁ လုံး ၊ ညနေ ၃ နာရီ မိနစ် ၅၀ တွင် မိုင်း ၁ လုံး၊ ညနေ ၄ နာရီ ၅ မိနစ်တွင် မိုင်း ၁ လုံး နှင့် ညနေ ၄ နာရီ ၁၀ မိနစ်တွင် မိုင်း ၂ လုံး ၊ ညနေ ၄ နာရီခွဲတွင် မိုင်း ၃ လုံး နှင့် ညနေ ၄ နာရီ ၃၂ မိနစ်တွင် နောက်ထပ် မိုင်း ၁ လုံး ၊ စုစုပေါင်း မိုင်း ၁၄ လုံး ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။

အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများသည် လက်လုပ်မိုင်းများ တွင်ကျယ်စွာ အသုံးပြုပြီ အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်လျက်ရှိရာတွင် တုတ်၊ ဓါး၊ သေနတ် လက်နက်များကိုင်ဆောင် ထားသော လူအုပ်စုဖြင့် ဒေသခံတိုင်းရင်းသားများ အနည်းစုနေထိုင်ရာနေရာများကို ဝိုင်းပတ် ပိတ်ဆို့ခြင်းများ ပြုလုပ်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လှုပ်ရှား ရှင်းလင်းခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း၊ ကျေးရွာများမှ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ယူထားသူ အစ္စလာမ်ဘာသာတူ များကိုလည်း သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ဘက်ထရီဖြင့် ရှော့တိုက်ပစ်ခတ်သည့် ဗုံးပစ်လောင်ချာကဲ့သို့သော လက်နက်များ အသုံးပြုကာ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်နေ ကြောင်း သိရှိရသည်။

အစွန်းရောက်ဘင်္ဂလီ အကြမ်းဖက်သမားများသည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ အပြီးသတ်အစီရင်ခံစာ ထွက်ရှိချိန်၊ ကုလသမဂ္ဂအစည်းအဝေးများ ကျင်းပတော့မည့်အချိန်တို့နှင့် အချိန်ကိုက်ဆောင်ရွက်ရာတွင် သောကြာနေ့ကို ရွေးချယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရ သည်။

ယခုအခါ အကြမ်းဖက်တိုက်ဖျက်မှုဗဟိုအဖွဲ့က အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားပြီးဖြစ်ရာ အကြမ်းဖက် အားပေးထောက်ခံမှုများ၊ ပံ့ပိုးကူညီသူများသည်လည်း အကြမ်းဖက်အားပေးအဖြစ် အကျုံးဝင်မည် ဖြစ်သည်။

လက်ရှိ အစွန်းရောက်ဘင်္ဂလီအကြမ်းဖက်သမားများ လှုပ်ရှားရာနေရာများသို့ တပ်မတော်နှင့် ရဲတပ်ဖွဲ့ အင်အား ဖြည့်တင်းထားကြောင်း သိရှိရသည်။

ထပ်မံရရှိသည့် သတင်းများအား ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ပါသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/

No comments:

Post a Comment