Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 17, 2017

တောင်ကိုဖြိုပြီး လမ်းဖောက်ခဲ့တဲ့ အိန္ဒိယက အာဂဒုက္ခိတ အဖိုးအို


လူသားတစ်ယောက်ရဲ့ စိတ်ဆန္ဒနဲ့ ပိုင်းဖြတ်မှုဟာ ဘယ်လောက်အရေးကြီးသလဲဆိုတာကို
အိန္ဒိယက အာဂလူသားတစ်ဦးက သက်သေပြခဲ့ပါတယ်။ သူကတော ဆာဆီလို့ ခေါ်တဲ့ အသက် ၆၃ နှစ်
ရှိပြီဖြစ်တဲ့ ဒုက္ခိတအဖိုးအိုပါ။သူ့ရဲ့စိတ်ခွန်အားနဲ့ဇွဲသတ္တိက သာမာန်လူသားတစ်ဦးတောင် လုပ်ဖို့
ခဲယဉ်းတယ်လို့ထင်ရတဲ့ ကိစ္စတစ်ခုကိုအောင်မြင်အောင်စွမ်းဆောင်ခဲ့ပြီး လူသားစိတ်စွမ်းအားကြီး
ကျယ်မှုကိုသက်သေပြခဲ့ပါတယ်။

ကိုယ်တစ်ပိုင်းချဥ့်နဲ့နေတဲ့ အိန္ဒိယ၊ကီရာလာ က အသက် ၆၃ နှစ်အရွယ်အဖိုးအိုဆာဆီဟာ သူ့အိမ်ရှေ့က
တောင်ကုန်းကို သုံးနှစ်တိတိဇွဲသန်သန်နဲ့ဖြိုချခဲ့ပါတယ်။
ဒီတောင်ကိုဖြိုရာမှာ ဆာဆီဟာ အုန်းပင်တက်တဲ့လှေကားကိုသုံးစွဲခဲ့တယ်။ ၁၅ နှစ်သားလောက်ကတည်းက ဒီလှေကားနဲ့အုန်းပင်တက်ခဲ့ဖူးတယ်။ ကံမကောင်းအကြောင်းမလှစွာပဲ အမြင့်ကနေပြုတ်ကျပြီး သူ့ရဲ့ ညာဖက်တခြမ်းချိနဲ့သွားခဲ့ရတယ်။ အိပ်ယာထဲကမထနိုင်တော့တာကြောင့် သူ့ရဲ့သားတွေကို ကျောင်းကနုတ်ခဲ့ရပြီး မိသားစုဝမ်းရေးအတွက် အလုပ်လုပ်ခိုင်းခဲ့ရတယ်။

"ကျနော်က သစ်ပင်တက်ကောင်းတဲ့သူပါ။ ဒါပေမယ့် တနေ့တော့ ခြေချော်ပြီး အမြင့်ကနေပြုတ်ကျရာက
ကိုယ်တခြမ်းချိသွားခဲ့တယ်။လက်နဲ့ခြေကျိုးသွားတယ်။ လပေါင်းများစွာ အိပ်ယာထဲလဲခဲ့ရတယ်။
လှုပ်တောင်မလှုပ်နိုင်ခဲ့ဘူး။မတ်တပ်ပြန်ရပ်နိုင်ဖို့ နှစ်ပေါင်းများစွာကြာခဲ့တယ်။
ကျနော်လမ်းလျှောက်ချင်တယ်။ဒါကြောင့်ဖြည်းဖြည်းချင်းကိုယ့်ဘာသာလမ်းလျှောက်တတ်အောင်ပြန်
သင်ခဲ့ရတယ်။"

နှစ်ပေါင်းများစွာ ဆေးကုသပြီးတဲ့နောက် လမ်းပြန်လျှောက်နိုင်ခဲ့ပေမယ့် ဆာဆီဟာ ဒုက္ခိတတစ်ဦးဖြစ်နေ
ဆဲပါပဲ။ အုန်းပင်ပြန်မတက်နိုင်တော့ပါဘူး။ ဒါပေမယ့်သူ့မိသားစုအတွက် အလုပ်လုပ်ကိုင်ပြီး ရှာဖွေကျွေးမွေး ချင်သေးတယ်။ တနေ့တော့ အနားကမြို့လေးကို သွားပြီး စကူတာလေးနဲ့ ထီရောင်းမယ်လို့အကြံရပြီး
ဒေသက အာဏာပိုင်တွေကို သွားပြီးအကူအညီတောင်းခံပါတယ်။

ဒေသက အာဏာသူ့ကိုကြည့်ပြီးရယ်ကြပါတယ်။ သူအိမ်ရှေ့က တောင်ကုန်းကိုခုန်ပျံကျော်လွှားပြီး မြို့ကိုသွားပြီးထီရောင်းဖို့လားလို့ ပြောပြီး သူ့ကိုကြည့်ပြီးရယ်မောကြတယ်။
သူ့အိမ်ရှေ့က တောင်ကိုဖြိုပြီး လမ်းဖောက်လိုက်ရင် ဒီပြသနာကို ဖြေရှင်းလို့ရနိုင်မယ်လို့ ဆာဆီက တွေးပြီး လမ်းခင်းပေးဖို့ အာဏာပိုင်တွေကို တောင်းပန်ပြောခဲ့ပေမယ့်တစ်စုံတစ်ယောက် ကမှ
ကူညီမလာကြပါဘူး။

၂၀၁၃ မှာ သူ့ရဲ့တောင်းခံတဲ့စာပယ်ချခံရပြီးနောက်မှာတော့ ဆာဆီဟာ လမ်းကိုသူကိုယ်တိုင်ဖောက်မယ်လို့ သန္နိဌာန်ချလိုက်တော့တယ်။ သူ့မှာ လမ်းဖောက်ဖို့အတွက် ဂေါ်ပြားလေးရယ်၊ပေါက်ချွန်းရယ် နဲ့ ချိနဲ့နေတဲ့ သူခန္ဓာကိုယ် ကိုပဲအားကိုးစရာရှိခဲ့ပါတယ်။
ဒါပေမယ့် ဒါကို သူလုပ်နိုင်တယ်ဆိုတာကို လူတိုင်းနဲ့ သူ့ကိုယ်သူ သက်သေပြဖို့ ဆုံးဖြတ်ခဲ့တယ်။

"ကျနော် ဒီအလုပ်ဘယ်တော့ပြီးမလဲဆိုတာ ဘယ်တော့ မှ မတွေးဘူး။ လမ်းဖြစ်အောင်ဖောက်ဖို့ ပဲဆုံးဖြတ်ခဲ့ တယ်။နေ့တိုင်း မနက် ငါးနာရီထတယ်။ ၈နာရီခွဲလောက်မှာနေနည်းနည်းပူလာတော့ နားတယ်။ ညနေ ၃နာရီခွဲလောက်မှာ ပြန်စတယ်။ နေ၀င်သွားတဲ့အထိပဲ " လို့ သူက ပြန်ပြောင်းပြောပြတယ်။

သူ့စိတ်ဆန္ဒပြင်းပြင်းနဲ့ဆုံးဖြတ်ခဲ့ပေမယ့် စစချင်းမှာပဲ ပြသနာကတွေ့တော့တာပါပဲ။ သူ့ရဲ့ချိနဲ့နေတဲ့ခန္ဓာက
ဒီ အလုပ်ကြမ်းတွေအတွက် အဆင်မပြေပါဘူး။ မြေတူးတဲ့အချိန်မှာ ဟန်ချက်ထိန်းဖို့အတော်ခက်ခဲပါတယ်။
"အစမှာ ကျနော်ဒဏ်ရာတော်တော်ရပါတယ်။ ပေါက်ချွန်းကိုပေါက်တဲ့အချိန် မကြာခဏ လဲကျပါတယ်။
နောက် ဆုံးမှာ တော့ ကျနော် ခန္ဓာကိုယ်ကို ကောင်းကောင်းထိန်းသိန်းလာနိုင်ပါတယ်။ " လို့ သူက ဂုဏ်ယူစွာပြောပါတယ်။

ဒုက္ခိတတစ်ယောက်က တောင်ကိုဖြိုပြီး လမ်းဖောက်နေတဲ့သတင်း အနီးအနားကိုပျံနှံ့သွားတော့ ဒေသ
ခံတွေက လာ ကြည့်ကြပြီး သူ့ကိုရယ်ကြတယ်။ရူးနေလားလို့ ပြောကြတယ်။ သူကတော့ တူးမြဲတူးလျက်ပါပဲ။ အချိန်တွေ ကြာလာတာနဲ့အမျှ သိသာထင်ရှားတဲ့တိုးတက်မှုတွေတွေ့လာရတယ်။  သူ့အိမ်နီးနားချင်းတွေက ဒီတောင် ကြီးကို ဆာဆီဖြိုပစ်တော့မယ်ဆိုတာကို နားလည်လာကြတယ်။  နောက်ပိုင်းမှာ သူ့ကို ၀ိုင်းပြီး အားပေးလာကြတယ်။

"ကျနော် တနေ့ကို ခြောက်နာရီနဲ့ သုံးနှစ် လုံးလုံးလုပ်ခဲ့ရတယ်။"

ဒါပေမယ့် ဒီတောင်ကိုဖြိုချင်တာ သူ့ရဲ့ ကြိုး ပမ်းရုန်းကန်မှုရဲ့ အဆုံးသတ်မဟုတ်သေးဘူး။  ဒီတောင်ကိုဖြိုပြီးတဲ့နောက်သူရင်ဆိုင်ရတဲ့ နောက်အခက်အခဲ တစ်ခုက သူ့ရဲ့လမ်းတည့်တည့်မှာ ရှိနေတဲ့ ဓာတ်တိုင်ကို
ရွှေ့ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုဖို့ပဲ ဖြစ်ပါတယ်။ ဒါကိုရွှေ့လိုက်ရင်တော့ သူ့ရဲ့ အိမ်ကိုလမ်းဖောက်
ခြင်းလုပ်ငန်းကပြီးပါပြီ။

ဒုက္ခိတ တစ်ဦးအခုလိုခက်ခက်ခဲခဲရုန်းကန်နေတာကို အာဏာပိုင်တွေက မသိယောင်ဆောင်နေကြပါတယ်။ သူ့ခြေထောက်ပေါ်သူရပ်တည်ဖို့ ကြိုးစားနေတဲ့ ဆာဆီိကိုမကူညီချင်လို့ပဲလား၊ ဒါမှမဟုတ် ဂရုမစိုက်လို့ပေ ပဲလားမသိပါ။ ဆာဆီအခုလို ခက်ခက်ခဲခဲ ကြိုးပမ်းနေတဲ့အကြောင်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့ ပြီး လူထုက ဖိအားပေးတော့မှပဲ  ဓာတ်တိုင်ကို ရွှေ့ပေးခဲ့ပါတယ်။

နောက်ဆုံးမှာ ဆာဆီလိုချင်တဲ့ သုံးဘီးစကူတာဝယ်ဖို့ကိုတော့ အာဏာပိုင်တွေထံက အကူအညီမလိုအပ်
တော့ပါဘူး။ သူရဲ့ ဇွဲသတ္တိကို သဘောကျတဲ့သူတွေကို သူအတွက်ဝိုင်းဝန်းစုဆောင်းပြီး လက်ဆောင်အဖြစ်
ဝယ်ပေးလိုက်ကြပါတယ်။

စိတ်ဆန္ဒဇောကြီးမားသူတွေအတွက် မဖြစ်နိုင်ဘူးဆိုတာ လောကကြီးမှာ မရှိ ဆိုတာ
ဒုက္ခိတအဖိုးအို ဆာဆီက လက်တွေ့ပြသ သွားတာပါပဲ။
SZ(Time Ayeyar_တိုင်းဧရာ) 

တိုင်းဧရာ  မှ ကူးယူဖော်ပြပါသည်။




No comments:

Post a Comment