Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 8, 2017

ယနေ့ အကြိုက်ဆုံးပိုစ့် ( တောင်းပန်ပါတယ် YBS)


ယနေ့ အကြိုက်ဆုံးပိုစ့်
=================
တောင်းပန်ပါတယ် YBS
. . . . . . . . . . . . . . . . .
ငါတို့ ကTU ကျောင်းသားတွေပါ
မြို့ ထဲကနေ ကျောင်းကို လာဖို့ အတွက်
YBS နှစ်ဆင့် သုံးဆင့်စီးရ တယ် ။

ထိုင်ခုံမရ လို့ ငါတို့ စိတ်မညစ်ပါဘူး
ကားခပိုတောင်းလို့ လည်း ငါတို့ စိတ်မဆိုးပါဘူး
ငါတို့ ရဲ့ဆန္ဒက အန္တရာယ်ကင်းကင်းနဲ့ အချိန်မှီရောက်ချင်ရုံလေးပါ ။

တပတ်ကို ငါးရက်တက်ရတဲ့ ငါတို့ ကျောင်းအတွက်
လိုင်းကား ပေါ်မှာ အချိန်ကုန်ရတာများပါတယ်
YBS က ငါတို့ ရဲ့အဖော်ဆိုလည်း ဟုတ်တယ်
ငါတို့ ရဲ့သေမင်းဆိုလည်း ဟုတ်တယ်။

Tuto တွေရှိလို့ ငါတို့ ကျောင်းကို အချိန်မှီလာရတဲ့အခါတွေ့ရာကားကိုစီးရတယ်
ငါတို့ မှာရွေးချယ် ပိုင်ခွင့်မရှိ ဘူး
ယာဉ်စည်းကမ်း မလိုက်နာတာတွေ ငါတို့ မသိဘူး
ငါတို့ အသက်က YBS လက်ထဲမှာပဲရှိတယ် ။

Practical တွေ Lab တွေလုပ်ရလို့ 
ငါတို့  အိမ်ပြန်နောက်ကျတဲ့အခါတွေရှိ တယ်
ငါတို့ ပြန်အလာ ကို စောင့်နေကြတဲ့ မိသားစုတွေရှိတယ် ။

ကိုယ်ပိုင်ကားမစီးနိုင် Ferry မစီးနိုင်တဲ့ ငါတို့ ကျောင်းသားတွေ အတွက်
YBSက အဓိကအားကိုးစရာ ဖြစ်တယ် ။
ငါတို့ တတ်နိုင်တာက
YBS စီးရင်း ဘုရားစာရွတ်နိုင်တာလေးပဲရှိပါတယ်။

ဒီနေ့ လို အဖြစ်ဆိုး ကြောင့်
အားလုံး ဝမ်းနည်း ကြသလို မျိုး
အားလုံး မျက်ရည် ကျရ သလိုမျိုး
အားလုံးကြေ ကွဲရသလိုမျိုး
ငါတို့ နောက်ထပ် မကြုံချင်တော့ပါဘူး ။

နောက်တက်မယ့်ကျောင်းသားတွေအတွက်ရော
ယခု တက်နေဆဲ ကျောင်းသားတွေ အတွက်ရော
အားလုံး ရဲ့အသက်တွေ အတွက်ပါ ဂရုတစိုက် တန်ဖိုးထားပြီးမောင်းဖို့ 
YBS ကိုအနူးအညွတ်တောင်းပန်ပါရစေ။
. . . . . . . . . . . . . . . . . . . . . . . . . . . .
7.7.2017
YBS ယာဉ်ထိခိုက်မှုမှ သေဆုံးသူအားလုံးကောင်းရာဘုံသုဂတိရောက်ရှိပါစေ။

Posted Credit -Saung Thurain soe

No comments:

Post a Comment