Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 9, 2017

ယာဉ်တိုက်မှုကြီး ဖြစ်ခဲ့သော YBS (၅၅)ကို ဖျက်သိမ်းပြီး YBS(၉၀)ယာဉ်လိုင်းပြေးဆွဲမည်ဟုဆို



စည်းကမ်းမဲ့ ပြိုင်မောင်းတာကြောင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ YBS(၅၅) ယာဉ်လိုင်းကို ဖျက်သိမ်းလိုက်ပြီးနောက် ဥက္ကံ-ထောက်ကြံ့လမ်းပိုင်းမှာ တိုက်ကြီးသား အများပိုင်ကုမ္ပဏီက ယာဉ်တွေနဲ့ ဇူလိုင်လ(၉)ရက်ကစပြီး ပြေးဆွဲပေးနေပြီဖြစ်တယ်လို့ တိုက်ကြီးသားအများပိုင် ကုမ္ပဏီက ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးကြည်စိန်က ပြောပါတယ်။အဲဒီယာဉ်လိုင်းနံပါတ်ကို YBS(၉၀)လို့ YRTAကတာဝန်ရှိသူတွေက အကြမ်းဖျင်းပေးထားတယ်လို့ ဦးကြည်စိန်က ပြောပါတယ်။

အဲဒီလို ယာဉ်လိုင်းပြောင်းလဲပြေးဆွဲဖို့ကိစ္စကို ဇူလိုင်လ(၈)ရက် ညပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့တဲ့ YBS(၅၅)နဲ့ YBS(၃၇)တို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်တဲ့ အစည်းအဝေးမှာ YRTAက တာဝန်ရှိသူတွေက ပြောကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။အဲဒီယာဉ်လိုင်းမှာ စာရင်းရှိယာဉ်(၇၈)စီးရှိပြီး လိုင်စင်ဝင်တာတွေ၊ ယာဉ်ပြုပြင်နေတာတွေဆောင်ရွက်နေတဲ့အတွက် အမှန်တစ်ကယ်ပြေးဆွဲနေတဲ့ကားက အစီး(၄၀)ကျော်ရှိပါတယ်။ ယာဉ်အမျိုးအစားတွေကတော့ ကိုရီးယားနိုင်ငံထုတ် ဟွန်ဒိုင်းအမျိုးအစားဖြစ်ပြီး (၂၀၀၆)မော်ဒယ်နဲ့အထက် ကားတွေဖြစ်တယ်လို့လည်း သိရပါတယ်။YBS(၉၀)ယာဉ်လိုင်းကို ဥက္ကံ-ထောက်ကြန့်ကားနဲ့ တိုက်ကြီး-ထောက်ကြန့်ကား(၂)မျိုးနဲ့ ပြေးဆွဲသွားမှာဖြစ်ပြီး ယာဉ်စီးခနှုန်းထားအနေနဲ့ ထောက်ကြန့်ကနေ မှော်ဘီ(၂၀၀)ကျပ် ၊ တိုက်ကြီး(၄၀၀)ကျပ်၊ ဥက္ကံအထိ(၆၀၀)ကျပ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။အဲဒီယာဉ်လိုင်းကို အရင်YBS(၅၅) ယာဉ်လိုင်းထက် ဝန်ဆောင်မှုပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမယ်လို့ ဦးကြည်စိန်က ပြောပါတယ်။

ဇူလိုင်(၈)ရက်အစည်းအဝေးမှာ YBS ယာဉ်တွေအနေနဲ့ ကိုယ်ရကိုယ်ယူစနစ်ကိုလည်း မကြာမီ ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ပါဝါအလဲဗင်း အများပိုင်ကုမ္ပဏီက ဒါရိုက်တာအဖွဲ့ဝင် ကိုတရုတ်လေးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဇူလိုင်လ(၇)ရက်က ဖြစ်ပွားခဲ့တဲ့ YBS(၅၅)နဲ့ YBS(၃၇)တို့ ယာဉ်တိုက်မှုဟာ ကိုယ်ရကိုယ်ယူစနစ်ကြောင့် ကားပြိုင်မောင်းတာကနေဖြစ်ရတာလို့ ယူဆပြီး ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ ကိုတရုတ်လေးက ပြောပါတယ်။

ဇူလိုင်လ(၇)ရက် မွန်းလွဲပိုင်းက မင်္ဂလာဒုံမြို့နယ်၊ ရွှေညောင်ပင်မှတ်တိုင်အနီးမှာ ထောက်ကြန့်ဘက်ကနေ မြို့တွင်းကို မောင်းနှင်လာတဲ့ YBS(၅၅)ယာဉ်ဟာ ဆန့်ကျင်ဘက်ယာဉ်ကြောကမောင်းနှင်လာတဲ့ YBS၃၇ကို အရှိန်ပြင်းပြင်းနဲ့ တိုက်မိခဲ့တာဖြစ်ပြီးယာဉ်တိုက်မှုကြောင့် လက်ရှိအချိန်ထိ (၁၀)ဦးသေဆုံးပြီး မြောက်ဥက္ကလာပဆေးရုံကြီးမှာ(၉)ဦးနဲ့ တစ်ချို့အင်းစိန်ဆေးရုံမှာ ဆေးကုသမှုခံယူနေရ ဆဲဖြစ် တယ်လို့ သိရပါတယ်။ဒီသတင်းကိုCentral News Bureauက သီဟစိုးလွင်က ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb

No comments:

Post a Comment