Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 12, 2017

တောင်ကြီးတွင် ဓားထောက်လုယက်သူများ ဖမ်းမိ

လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များက လုယက်မှုကျူးလွန်သူများအား ချက်ချင်းဖမ်းဆီးအရေးယူထား
နေပြည်တော်၊ ဇူလိုင် ၁၂

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ ည ၁၁ နာရီအချိန် ရှမ်းပြည်နယ်၊ တောင်ကြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲမြင့် ၏ကြီးကြပ်မှုဖြင့် တောင်ကြီးမြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ရဲအုပ် အောင်ကိုယု ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် တောင်ကြီးမြို့ပေါ်၌ လှည့်ကင်း ဆောင်ရွက်နေစဉ် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ တောင်ကြီးဟိုတယ်ရှေ့ ပြည်သူများ အပန်းဖြေနေရာအရောက် ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် အမျိုးသမီး(၁)ဦး၊ အမျိုးသား(၃)ဦး တို့အား တွေ့ရှိသဖြင့် သွားရောက်ရာ အမျိုးသားတစ်ဦးမှာ ထွက်ပြေးသွားပြီး (၃)ဦးကျန်နေခဲ့သဖြင့် စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ စိုင်းနော်ခေး နှင့် မ×××× တို့မှာ ထိုင်ခုံပေါ်တွင်ထိုင်၍ စကားပြောနေစဉ် အမည်မသိအမျိုးသားနှစ်ဦး ရောက်ရှိလာပြီး တစ်ဦးက စိုင်းနော်ခေး၏ နောက်မှ ပါးစပ်အားပိတ်ကာ ဓားဖြင့်ထောက်၍ အသံမထွက်နဲ့ ရှိသမျှအကုန်ထုတ် အော်ရင်သေမယ်ဟု ပြောဆိုသဖြင့် စိုင်းနော်ခေးမှ ငွေကျပ်(၅၀၀ဝ)အား ထုတ်ပေးလိုက်ကြောင်း၊ ကျန်လူတစ်ဦးမှ မ××××× ဝတ်ဆင်ထားသည့် (၁)ပဲ(၆)ရွေး(၁)ခြမ်းရှိ အသည်းပုံ ရွှေလက်စွပ်(၁)ကွင်း၊ ငွေကျပ် (၄၀,၀၀၀) တို့အား လုယူနေစဉ် ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာသဖြင့် တစ်ဦးမှာ ထွက်ပြေးသွားကြောင်း သိရှိရသည်။

 ပြစ်မှုကျူးလွန်သူ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်နေ မိုးမင်းထွန်း(၃၀)နှစ်အား အခင်းဖြစ်နေရာ၌ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ၁၆ယ/×××× Wave-X 125 အနက်ရောင် ဆိုင်ကယ်(၁)စီး၊ (၈)လက်မခန့် ဓားတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းနှင့်အတူ ပြစ်မှုကျူးလွန် ထွက်ပြေးသွားသူမှာ တစ်ရပ်ကွက်တည်းနေ ရဲဇင်ထွန်း(၁၉)နှစ်ဖြစ်ကြောင်း သိရှိရ၍ တပ်ဖွဲ့ဝင်များ က လိုက်လံဖမ်းဆီးရာ ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၂ နာရီအချိန်တွင် လုယူသွားသည့် ရွှေလက်စွပ် (၁)ကွင်း၊ ငွေများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 မိုးမင်းထွန်း နှင့် ရဲဇင်ထွန်း တို့(၂)ဦးအား တောင်ကြီးမြို့မရဲစခန်း(ပ)၅၈ဝ/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန် ချက်အရ သိရပါသည်။

သစ်ထူးလွင်

No comments:

Post a Comment