Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 12, 2017

ကလေး-ဟားခါး လမ်းတွင် ရွှေင်္ခြသေ့ခရီးသည်တင်ကား ချောက်ထဲကျ ခရီးသည် တစ်ဦးသေဆုံး ၅ဦး ဒဏ်ရာရ


ကလေး-ဟားခါးလမ်း လမ်းမကြီးမှတ်တိုင် ၈၃.၆ နှင့် ၈၃.၇ တွင် ဇူလိုင်လ ၁၂ ရက်နေ့ ယနေ့ ညနေ ၄ နာရီခန့်၌ ရွှေင်္ခြသေ့မှန်လုံကား ချောက်ထဲ ပေ ၅၀၀ ခန့်ထိကျကာ ခရီးသည်တဦးသေဆုံးကြောင်းသိရသည်။

အဆိုပါ မှန်လုံကားတွင် လိုက်ပါလာသော အမျိုးသမီးတစ်ဦး အပါအ၀င် ကားဒရိုင်ဘာနှင့် စုစုပေါင်း ၆ ယောက်ပါလာခဲ့ပြီး တစ်ဦး သေဆုံးခဲ့သည်။ ကျန်ငါးဦးမှာ ထိခိုက်ဒါဏ်ရာပြင်းထန်စွာဖြင့် ဖလမ်းပြည်သူ့ဆေးရိုတွင် ကုသခံခဲ့သည်။


၎င်းသေဆုံးသူ တစ်ဦးမှာ ကလေးမြို့နယ် လက်ပံချောင်းကျေးရွာနေ ဦး ဗျက်ဇာ ဖြစ်ပြီး၊ မလေးရှားနိုင်ငံမှ ပြန်လာခဲ့ခြင်းမှာမကြာသေးသူဖြစ်ကြောင်းသိရသည်။

ယခုဆေးရုံတွင်ကုသခံနေသော ၅ ဦးတို့သည် ဦး ဒါတ်လျန် (၃၁) Salai Kham Hre (22) Pi Far Hlei Sung (45) Pu Van Lian Zual (49), Salai Bawi Nawl Thang (30) တို့ဖြစ်သည်။

Photo: Salai Lungpi Memu
Chin World

No comments:

Post a Comment