Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 13, 2017

လင်မယားချင်း စကားများရန်ဖြစ်ရာမှ နေအိမ်ကို မီးရှို့သူအား အရေးယူထား


နေပြည်တော်၊ ဇူလိုင် ၁၃

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ နမ့်ပေါင်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများက သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၅ မိနစ်ခန့် အကြာ မီးငြိမ်းသွားခဲ့သည်။

 စစ်ဆေးချက်အရ အဆိုပါကျေးရွာနေ မင်းဇော်(ခ)သာကျော်(၃၇)နှစ် သည် ၎င်း၏ဇနီးဖြစ်သူနှင့် စကားများရန်ဖြစ်ပြီး နေအိမ်အကြော်ဖိုမှ ထင်းချောင်းအား ယူဆောင်ကာ နေအိမ်အတွင်းရှိ အဝတ်အစားများနှင့် မီးဖိုခန်းဆောက်ရန် စုပုံထားသော သစ်ချောင်းများအား မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသောကြောင့် မင်းဇော်(ခ)သာကျော် အား လားရှိုးမြို့မရဲစခန်း(ပ)၂၂၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

No comments:

Post a Comment