Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 13, 2017

ဓားဖြင့် ထိုးပြီး အုပ်စုဖွဲ့ ဆိုင်ကယ်လုယူသူများအား ဖမ်းဆီးမိ

ဓားဖြင့် ထိုးပြီး အုပ်စုဖွဲ့ ဆိုင်ကယ်လုယူသူများအား ရဲတပ်ဖွဲ့ဝင်များက အချိန်တိုအတွင်း ဖမ်းဆီးအရေးယူထား
နေပြည်တော်၊ ဇူလိုင် ၁၃

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်အချိန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးရှိ စည်ပင်သာယာအမှိုက်ပုံတွင် အမှိုက် လာပစ်သည့် ယုဇနရပ်ကွက်နေ ဦးမရန်ဂွန်လာ အား အမည်မသိလူငယ်တစ်စုမှ ဓားဖြင့်ထိုးပြီး ၎င်းမောင်းနှင်လာသည့်ဆိုင်ကယ်ကို လုယူသွားကြောင်း သိရှိရသည်။

အဆိုပါ သတင်းအရ ပြည်နယ်ရဲတပ်ဖွဲ့ မှ အမှုနှင့်ပတ်သက်၍ မသင်္ကာ ဖွယ်ရာ သတင်းရရှိသည့် မြစ်ကြီးနားမြို့၊ အလယ်ကုန်းရပ်ကွက်နေသူများဖြစ်သော အောင်ကျော်ဝင်း (၁၈)နှစ်၊ မင်းဇော်ဦး(၁၈)နှစ်နှင့် အောင်ပြေ(၁၇)နှစ် တို့(၃)ဦးအား ဘီယာဆိုင်တွင် တွေ့ရှိသဖြင့် စစ်ဆေးရာ ၎င်းတို့(၃)ဦးအပါအဝင် တစ်ရပ်ကွက်တည်းနေ ပေါက်စ(၁၈)နှစ်၊ မိုးမင်းလတ်(၂၀)နှစ် တို့(၅)ဦးသည် ယုဇနရပ်ကွက်၊ ပန်းခြံ ထောင့် ပလက်ဖောင်းတွင် ဆိုင်ကယ်အားရပ်ပြီး စကားပြော နေစဉ် အမှိုက်လာပစ်သူတစ်ဦးအား မိုးမင်းလတ်မှ ခဲဖြင့် ပစ်ပေါက်ခဲ့ရာ အမှိုက်လာပစ်သူက ပြန်လည်ဆဲဆို၍ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသွားကြောင်း။

 ၎င်းတို့(၅)ဦးက နောက်မှ ဆိုင်ကယ်ဖြင့် လိုက်သွားပြီး အောင်ပြေမှ အသင့်ပါလာသည့်ဓားဖြင့် ထိုးကြောင်း၊ ထို့နောက် အဆိုပါလူစီးနင်းသည့် ဆိုင်ကယ်အား လုယူခဲ့ကြောင်း စစ်ဆေးပေါက်ပေါ်ခဲ့ပါသည်။

 ပေါက်စနှင့် မိုးမင်းလတ် တို့အား လိုက်လံဖမ်းဆီး ပြီး ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဓား၊ ဆိုင်ကယ် နှင့် လုယူသွားသည့် သက်သေခံဆိုင်ကယ်တို့အား သိမ်းဆည်း၍ အောင်ကျော်ဝင်း ပါ(၅)ဦးတို့အား မြစ်ကြီးနားနယ်မြေရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

No comments:

Post a Comment