Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 11, 2017

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား လိုအပ်သလို စိစစ်အရေးယူပေးနိုင်ရန် နိုင်ငံတော်အစိုးရထံ တင်ပြ

ဒီမိုကရေစီခေတ်မှာ မရှိပါဘူး
.................................................................
အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဆိုတာ ဒီမိုကရေစီခေတ်မှာ မရှိပါဘူး။
အရပ်သား အုပ်ချုပ်ရေး စနစ်ရဲ့ အောက်မှာပဲ စစ်ဘက်ဆိုတာ
ရှိရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ကာကွယ်ရေးဦးစီးချုပ် ဆိုတာ Protocol အရဆိုရင်
ညွန်ကြားရေးမှုးချုပ် Level တစ်ခုပဲ ဖြစ်ပါတယ်။
ဒါပေမယ့် Relation ဆက်ဆံနေရတဲ့ ဥစ္စာက နိုင်ငံ့အကြီးအကဲ
Level တစ်ခု ခပ်ဆန်ဆန် ဆိုရင် ဒါဒီမိုကရေစီမဟုတ်ပါဘူး။



ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား လိုအပ်သလို စိစစ်အရေးယူပေးနိုင်ရန် နိုင်ငံတော်အစိုးရထံ တင်ပြ

နေပြည်တော် ၊ ဇူလိုင် ၁၁

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ ရန်ကုန်မြို့တွင် USAID နှင့် ပူးပေါင်းကျင်းပခဲ့သည့် နိုင်ငံရေးအကျဉ်းသားများအတွက် အလုပ်အကိုင်ဖန်တီးပေးရေး အရပ်ဘက် အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အရပ်ဘက် စစ်ဘက်ဆက်ဆံရေးဆိုတာ ဒီမိုကရေစီ ခေတ်မှာ မရှိကြောင်း၊ ကာကွယ်ရေးဦးစီးချုပ် ဆိုတာ Protocol အရ ညွှန်ကြားရေးမှူးချုပ် Level ပဲဖြစ်ကြောင်း ပြောကြားခဲ့ခြင်းနှင့် ပတ်သက်၍ လူမှုကွန်ရက်နှင့် ပုံနှိပ် မီဒီယာများတွင် ပျံ့နှံ့လျက်ရှိကြောင်း တွေ့ရှိရပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/photos/a.530200420434161.1073741832.526503167470553/1390255894428605/?type=3&theater

(Unicode Version)

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား လိုအပ်သလို အရေးယူပေးနိုင်ပါရန် နိုင်ငံတော်အစိုးရထံ တင်ပြ

နေပြည်တော် ၊ ဇူလိုင် ၁၁

၂၀၁၇ ခုနှစ်၊ ဇူလိိုင်လ ၉ ရက်နေ့ ရန်ကုန်မြို့တွင် USAID နှင့် ပူးပေါင်းကျင်းပခဲ့သည့် နိုင်ငံရေးအကျဉ်းသားများအတွက် အလုပ်အကိုင်ဖန်တီးပေးရေး အရပ်ဘက် အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အရပ်ဘက် စစ်ဘက်ဆက်ဆံရေးဆိုတာ ဒီမိုကရေစီ ခေတ်မှာ မရှိကြောင်း၊ ကာကွယ်ရေးဦးစီးချုပ် ဆိုတာ Protocol အရ ညွှန်ကြားရေး မှူးချုပ် Level ပဲဖြစ်ကြောင်း ပြောကြားခဲ့ခြင်းနှင့် ပတ်သက်၍ လူမှုကွန်ရက်နှင့် ပုံနှိပ် မီဒီယာများတွင် ပျံ့နှံ့လျက်ရှိကြောင်း တွေ့ရှိရပါသည်။

အဆိုပါအချက်နှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရထံ လိုအပ်သလို စိစစ်အရေးယူပေးနိုင်ရန် တင်ပြထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment