Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 12, 2017

အမေစုအစိုးရလက်ထက်ရောက်နေပြီ ဆိုတာမမေ့ပါနဲ့


"လွန်နေပြီ
ရောက်နေတာကအမှန်ကို.Public သိအောင်ချပြစေချင်တဲ့
အမေစုအစိုးရလက်ထက်ရောက်နေပြီဆိုတာမမေ့ပါနဲ့"

ဒီမနက် DVB သတင်းထောက်ကဖုန်းဆက်လာတယ်
"ဆရာမရေစိတ်တော့မကောင်းဘူးတဲ့
ဆေးရုံအုပ်ကြီးကဆရာမရဲ့ Interview ကို မလွှင့်ရဘူးလို့
ကျွန်တော့ဆီဆက်လာပါတယ်တဲ့"
"အဲ့လိုပြောတာ
ကျွန်တော်တို့ Media လွတ်လပ်ခွင့်ကိုတော့တော်တော်ထိခိုက်ပါတယ်
ဆရာမအဲ့ဒိနေ့ကဖြစ်စဉ်အစမှအဆုံးလက်တွေ့ပါဝင်စီမံခန့်ခွဲခဲ့သူအနေနဲ့
ဆေးရုံအုပ်ချုပ်သူဆေးရုံအုပ်အနေနဲ့တာဝန်ရှိသူအနေနဲ့
ဆရာမခွင့်ပြု လို့ Intetview တာပါ "တဲ့
အဲ့တော့ကျွန်မကပြောလိုက်တယ်
"လုံးဝမဖြတ်ပါနဲ့။တကယ်လုပ်ပေးခဲ့တဲ့တကယ့်ဖြစ်စဉ် "က မှ အ"အထိသိတဲ့
ဆေးရုံအုပ်အနေနဲ့ ဖြေကြားထားတာကန့်ကွက်ပိုင်ခွင့်မရှိဘူး။
ကျွန်မ ကျန်းမားရေးဝန်ကြီးဌာန ရုံးချုပ်ကတာဝန်ရှိသူကို
မေးပြီးအကြောင်းပြန်မယ်လို့ပြောလိုက်တယ်"
ဆရာကြီး DG ဆီဖုန်းဆက်ပြီးအကျိုးအကြောင်း
"DVB သတင်းဌာန မှဆေးရုံအုပ်ကြီးထံမှခွင့်ပြုချက်ဖြင့်
YBS 37 ယာဉ်မောင်းအားလာရောက် Interview
လာသဖြင့် လိုက်လံကြည့်ရှုပေးပြီးဖြစ်စဉ်မှာ.ကြုံတွေ့ခဲ့ရပုံ
ဘယ်လိုစီမံကုသမှုပေးခဲ့ရပုံတွေအနည်းငယ်မေးမြန်းလိုသဖြင့်
မေးမြန်းရန်ခွင့်တေါင်းသဖြင့်ရုံးခန်းတွင် Interview ခဲ့ပါကြေါင်း.
"ယနေ့ တွင် DVB သတင်းဌာနသို့ဆေးရုံအုပ်ကြီးမှ ကျွန်မ Intetview အား
မလွှင့်ရန်တားစီးပါကြောင်း
ကျွန်မတို့အနေနှင့်Full Responsibilities without Authority နှင့်
လုပ်ဆောင်နေရသလိုဖြစ်နေပါကြောင်းဆရာကြီးတို့ဝန်ကြီးဌာနအနေနှင့်
မည်သို့ သဘောထားရှိကြောင်းမေးခဲ့ပါတယ်"
ဆရာကြီးမှ "ဌာနအနေနှင့်အမှန်တကယ်လက်တွေ့လုပ်ခဲ့သော
သူတစ်ဦးအနေနှင့်Interview ပြုလုပ်ခြင်းကိုကန့်ကွက်ရန်မရှိကြောင်း
Media ကလည်း သူ့လွတ်လပ်ပိုင်ခွင့်ရှိကြောင်း"ပြောသဖြင့်
DVB သတင်းထောက်ထံသို့ ဖုန်းဆက်ပြီး
"ဝန်ကြီးဌာန၏.ညွှန်ချုပ်ထံမှခွင့်ပြု ချက်ယူပြီးပြီဖြစ်ကြောင်း
ထုတ်လွှင့်နိုင်ကြောင်းဖုန်းဆက်အကြောင်းကြား
ဆေးရုံအုပ်ကြီးအားလှမ်းသတင်းပို့ရန်ပြောခဲ့ပါတယ်"
ခဏအကြာမှာ.DVB သတင်းထောက်မှ
"ဆရာမရေ ပြောပြီးပါပြီ။ဒါပေမယ့်ဆိုပြီးအသံမကောင်း
ဘာပြောလို့လဲဆိုတော့နောက်ဆေးရုံကိုဘယ်တော့မှ မလာနဲ့လို့ပြောလိုက်တယ်တဲ့"
ကြားထဲက အားနာတာကောစိတ်မကောင်းဖြစ်တာကောဖြစ်ရပါတယ်။
ကျွန်မကတော့"Intetview မှာပါချင်နေ၍မဟုတ်ပေမယ့်
တကယ့်လက်တွေ့အကြောင်းအရာတွေအမှန်တရားနှင့်ဖြစ်သင်တာတွေပြောထားတာမို့
ထည့်ဖြစ်အောင်ထည့်ဖို့ပြောလိုက်တယ်"
ဒီနေ့လည်းကျွန်မတို့ဆေးရုံကစီမံမှာ.BC ဝန်ထမ်း ၃ယောက်ရှိတာ
တစ်ယောက်ကကလေးနေမကောင်းလို့ခွင့် ၁ရက် တင်ခဲ့တာ
ဆေးရုံအုပ်ကြီးကမပေးလို့ပါ။
အခြားခြားသောစိတ်ပင်ပန်းမှုတွေရေရှည်ဖြစ်လာတော့
အရမ်းစိတ်မကောင်းဖြစ်သွားတယ်ထင်ပါတယ်။
ကျွန်မတို့ရုံးပေါ်မှာ BC ကအစ ခွင့်လိုချင်လျှင်ဆေးရုံအုပ်ကြီးထံဖုန်းဆက်တင်ရပါတယ်
တော်တော်လိုမှတင်ကြပါတယ်။ဖုန်းနဲ့ခွင့်မတိုင်ရဲကြလို့ပါ။
ညနေဆိုလည်း.မိုးချုပ်တဲ့အထိလုပ်ပေးကြတယ်။
ပြီးရင် စောက်သုံးမကျဘူးက ခွန်းခြင်းထပ်ပြောဆိုခံပြီး
အလုပ်လုပ်နေကြရတဲ့ဝန်ထမ်းတွေပါ။
နောက်ထပ်လည်း အလုပ်ထွက်ချင်သူတွေဒုနဲ့ဒေးပါ။
တစ်လျှောက်လုံးအလုပ်လုပ်ခဲ့ကြတဲ့သူတွေ
အလုပ်ထွက်သွားခြင်းကိုမဖြစ်စေချင်ပါ။ပြစ်မထားကြပါနဲ့။
ဖြစ်နေတာတွေလည်းသိကြမယ်မျှော်လင့်ပါတယ်.....
\Win Thandar Phyu
https://www.facebook.com/winthandar.phyu/posts/2201780383381778





No comments:

Post a Comment