Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 21, 2017

အမေရိကန်မှာ လက်ထပ်မယ်လို့ သတင်းပြန့်တဲ့ ကောင်းကောင်း


အမေရိကန်မှာ လက်ထပ်မယ်လို့ သတင်းပြန့်တဲ့ ကောင်းကောင်း

လာမည့် ဇူလိုင်လ(၂၃)ရက်နေ့မှာ ကောင်းကောင်းဟာ အမေရိကမှာရှိတဲ့ ဘုရားကျောင်းမှာ လက်ထပ်ပွဲကျင်းပမယ်ဆို ပြီးတော့ ဖိတ်စာမှာ ရေးသားထားတာကို လူမှုကွန်ယက်မှာ ပြန့်လို့နေပါတယ်။

ဖိတ်စာမှာ Omaha Karen Christian Revivel Chruch , 5038 Hartman Ave, Omaha NE 68104 မှာ လက်ထပ်ပွဲကျင်းပမယ်လို့ ရေးသားထားပြီး အဲ့ဒီဖိတ်စာမှာ ကောင်းကောင်းနဲ့ကောင်းမလေးဓာတ်ပုံကိုပါ ထည့်သွင်း ထားတာ တွေ့ရပါတယ်။

ကောင်းကောင်း လက်ထပ်မယ်ဆိုတဲ့ သတင်းက တကယ့်အမှန်လား ကောလာဟလဖြစ်အောင် လုပ်ထားတဲ့ ဖိတ်စာ လားဆိုတာ မသိရသေးပါဘူး။

ကောင်းကောင်းကတော့ (၈)နှစ်ကျော်ကြာ လက်တွဲခဲ့တဲ့ ချစ်သူ အိုင်ရင်းဇင်မာမြင့်နဲ့ ပြတ်ပြီးနောက်ပိုင်းကတည်းက ဝေဖန်မှုများစွာ ရင်ဆိုင်နေရသူပါ။
ဆန်းသစ်